Lifestyle

ရန္ကင္းမွာ စားလုိ႕ေကာင္းတဲ့ လမ္းေဘးစာေလးမ်ား

ရန်ကင်းဆိုတာ အရင်ကတည်းက နာမည်ကြီးခဲ့တာပါ။ အစားအသောက်တွေ၊ သင်္ကြန်ပွဲနဲ့ ပတ်သက်လို့လည်း အရမ်း နာမည်ကြီးပါတယ် ။ပျော်ရွှင်စရာ ကောင်းပြီး အစားအသောက်လည်း ပေါတဲ့ နယ်မြေတစ်ခုပါ ။ ဒါတင်မကသေးပါဘူး သွားသွားလာလာ သွားမယ်ဆိုလည်း ထိုင်စရာဆိုင်လေးတွေရှိတဲ့ နေရာ တစ်ခုပါ။ နောက်ပြီးတော့ ရန်ကင်းရဲ့ ထူးခြားချက်က ရှာပြီးစားတတ်ရင် လမ်းဘေးစာ ကောင်းကောင်းလေးတွေ ရှိတတ်တာပါပဲ။ လမ်းဘေးစာဆိုပေမဲ့ ဒီနေရာမှာ တခြားစားကောင်းတဲ့ နေရာ လေးတွေကိုလည်း ဖော်ပြပေးသွားမှာပါ။

၁. မော်လမြိုင်

ရန်ကင်းမှာ နေသူတိုင်း မော်လမြိုင်ကို သိပါတယ်။ ကြားမှတ်တိုင်နားမှာ ရှိပြီးတော့ အဓိကရောင်းတာကတော့ ရခိုင်စာလေးတွေပါပဲ။ နောက်ပြီးဒီဆိုင်မှာ ထူးခြားတဲ့ အစားအသောက်ကတော့ ဝက်သားတို့ ကြက်သားတို့ကို မုန့်နှစ် ကပ်ကြော် ထားတာပါပဲ။ စားဖူးတဲ့ သူတွေကို မေးကြည့်လိုက်ပါ။ မစားဖူးရင် သွားစားလိုက်ပါ။

၂. ကျော်ကျား မုန့်ဟင်းခါး

ဟုတ်ပါတယ် စားလုံးပေါင်း မှားနေတာ မဟုတ်ပါဘူး။ တောင်ကို ကျော်လွှားနေတဲ့ ကျားတစ်ကောင် ပုံကို ငွေရှင်းကောင်တာနောက်မှာ ဆွဲထားတာတွေ့နိုင်ပါတယ်။ ရန်ကင်းရဲ့ အကြောင်းကိုပြောပြတော့မယ်ဆိုရင် အခြေကြီးတဲ့ ကျော်ကျား မုန့်ဟင်းခါးကိုမေ့ထားလို့ မရပါဘူး။ အိုးကြီး အကြီးကြီး ထဲမှာ ပွက်ပွက်ဆူနေတဲ့ မုန့်ဟင်းခါး အရည်ရယ်် အကြော် ကြွပ်ကြွပ်လေးတွေကတော့ တကယ််ကို ဆွဲဆောင်နိုင်လွန်းလှပါတယ် ။ စာရေးသူ မနက်တိုင်းစားတဲ့ အစားအစာထဲမှာ ဒီမုန့်ဟင်းခါးပါဝင်ပါတယ်။

၃. မိုးကောင်း အကြော်တဲ

မိုးကောင်းဘုရားရှေ့ကအကြော်တဲကိုလည်း မြည်းစမ်းကြည့်ဖို့ ပြောပြလိုက်ပါရစေ။ အချည်ရည်ရဲ့ အရသာကြောင့် နောက်ပြန်မလှည့်ချင်ဘူး ဖြစ်နေမှာပါ။

၄. ၁၂လုံးတန်းကဖာလူဒါ

၁၂ လုံးတန်းဘက်က ကားမှတ်တိုင် နောက်မှာ ညီအစ်ကို နှစ်ယောက်ရောင်းတဲ့ ဖာလူဒါဆိုင်လည်း သင့်ကိုရန်ကင်းမှာ နေချင််အောင်ဆွဲဆောင်မှာပါ။

၅. ဦးလေးကြီး တုတ်ထိုး

ဖာလူဒါဆိုင်ကနေ နည်းနည်းလေးထပ်လျောက်တာနဲ့ အရမ်းကောင်းတယ်လို့ လူတိုင်းပြောကြတဲ့ တုတ်ထိုးဆိုင်လေးရှိပါတယ်။

၆. မာလာငါးကင်

ရန်ကင်းစင်တာဘေးဘက်ခြမ်းက မာလာငါးကင်ကလည်း ဘာနဲ့ စားစား တော်တော်လေး စားကောင်းပါတယ်။ဘီယာနဲ့ မြည်းမလား။ ထမင်းနဲ့ စားမလား ရှယ်တန်ပြီး ရှယ်စားကောင်းပါတယ်။

၇.ဘောက်ထော်စျေးနားက အီကြာကွေးကြော်

ဘောက်ထော်စျေးရဲ့ မျက်စောင်းထိုးနားမှာ ဦးလေးကြီးတစ်ယောက် ဗိုက်ပူူပူနဲ့ အီကြာကွေးကြော်နေတာမြင်ရင် ပြေးသာဝယ်စားလိုက်ပါ။ စာရေးသူတို့ ငယ်ငယ်တည်းကစားလာတာပါ။ကဲ အခုလောက်ဆိုရင် ကားတစ်စီးနဲ့ပတ်စားရမဲ့ ကိန်းဆိုက်နေလောက်ပါပြီ။

ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။ ကျေးဇူးတင်ခြင်းများစွာဖြင့်။

[Unicode]

ရန္ကင္းဆိုတာ အရင္ကတည္းက နာမည္ၾကီးခဲ့တာပါ။ အစားအေသာက္ေတြ၊ သၾကၤန္ပြဲနဲ႕ ပတ္သက္လို႔လည္း အရမ္း နာမည္ၾကီးပါတယ္ ။ေပ်ာ္ရႊင္စရာ ေကာင္းျပီး အစားအေသာက္လည္း ေပါတဲ့ နယ္ေျမတစ္ခုပါ ။ ဒါတင္မကေသးပါဘူး သြားသြားလာလာ သြားမယ္ဆိုလည္း ထုိင္စရာဆုိင္ေလးေတြရွိတဲ့ ေနရာ တစ္ခုပါ။ ေနာက္ျပီးေတာ့ ရန္ကင္းရဲ႕ ထူးျခားခ်က္က ရွာျပီးစားတတ္ရင္ လမ္းေဘးစာ ေကာင္းေကာင္းေလးေတြ ရွိတတ္တာပါပဲ။ လမ္းေဘးစာဆုိေပမဲ့ ဒီေနရာမွာ တျခားစားေကာင္းတဲ့ ေနရာ ေလးေတြကုိလည္း ေဖာ္ျပေပးသြားမွာပါ။

၁. ေမာ္လျမိဳင္

ရန္ကင္းမွာ ေနသူတုိင္း ေမာ္လျမိဳင္ကုိ သိပါတယ္။ ၾကားမွတ္တုိင္နားမွာ ရွိျပီးေတာ့ အဓိကေရာင္းတာကေတာ့ ရခုိင္စာေလးေတြပါပဲ။ ေနာက္ျပီးဒီဆုိင္မွာ ထူးျခားတဲ့ အစားအေသာက္ကေတာ့ ဝက္သားတုိ႔ ၾကက္သားတုိ႔ကုိ မုန္႔ႏွစ္ ကပ္ေၾကာ္ ထားတာပါပဲ။ စားဖူးတဲ့ သူေတြကုိ ေမးၾကည့္လုိက္ပါ။ မစားဖူးရင္ သြားစားလိုက္ပါ။

၂. ေက်ာ္က်ား မုန္႔ဟင္းခါး

ဟုတ္ပါတယ္ စားလုံးေပါင္း မွားေနတာ မဟုတ္ပါဘူး။ ေတာင္ကုိ ေက်ာ္လႊားေနတဲ႔ က်ားတစ္ေကာင္ ပုံကုိ ေငြရွင္းေကာင္တာေနာက္မွာ ဆြဲထားတာေတြ႔ႏုိင္ပါတယ္။ ရန္ကင္းရဲ႕ အေၾကာင္းကုိေျပာျပေတာ့မယ္ဆုိရင္ အေျခၾကီးတဲ့ ေက်ာ္က်ား မုန္႔ဟင္းခါးကုိေမ့ထားလို႔ မရပါဘူး။ အုိးၾကီး အၾကီးၾကီး ထဲမွာ ပြက္ပြက္ဆူေနတဲ့ မုန္႔ဟင္းခါး အရည္ရယ္္ အေၾကာ္ ၾကြပ္ၾကြပ္ေလးေတြကေတာ့ တကယ္္ကုိ ဆြဲေဆာင္နုိင္လြန္းလွပါတယ္ ။ စာေရးသူ မနက္တုိင္းစားတဲ့ အစားအစာထဲမွာ ဒီမုန္႕ဟင္းခါးပါဝင္ပါတယ္။

၃. မုိးေကာင္း အေၾကာ္တဲ

မုိးေကာင္းဘုရားေရွ႕ကအေၾကာ္တဲကုိလည္း  ျမည္းစမ္းၾကည့္ဖုိ႔ ေျပာျပလုိက္ပါရေစ။ အခ်ည္ရည္ရဲ႔ အရသာေၾကာင့္ ေနာက္ျပန္မလွည့္ခ်င္ဘူး ျဖစ္ေနမွာပါ။

၄. ၁၂လုံးတန္းကဖာလူဒါ

၁၂ လုံးတန္းဘက္က ကားမွတ္တုိင္ ေနာက္မွာ ညီအစ္ကုိ ႏွစ္ေယာက္ေရာင္းတဲ့ ဖာလူဒါဆုိင္လည္း သင့္ကုိရန္ကင္းမွာ ေနခ်င္္ေအာင္ဆြဲေဆာင္မွာပါ။

၅. ဦးေလးၾကီး တုတ္ထုိး

ဖာလူဒါဆုိင္ကေန နည္းနည္းေလးထပ္ေလ်ာက္တာနဲ႔ အရမ္းေကာင္းတယ္လို႔ လူတုိင္းေျပာၾကတဲ႔ တုတ္ထုိးဆုိင္ေလးရွိပါတယ္။

၆. မာလာငါးကင္

ရန္ကင္းစင္တာေဘးဘက္ျခမ္းက မာလာငါးကင္ကလည္း ဘာနဲ႔ စားစား ေတာ္ေတာ္ေလး စားေကာင္းပါတယ္။ဘီယာနဲ႔ ျမည္းမလား။ ထမင္းနဲ႔ စားမလား ရွယ္တန္ျပီး ရွယ္စားေကာင္းပါတယ္။

၇.ေဘာက္ေထာ္ေစ်းနားက အီၾကာေကြးေၾကာ္

ေဘာက္ေထာ္ေစ်းရဲ႕ မ်က္ေစာင္းထုိးနားမွာ ဦးေလးၾကီးတစ္ေယာက္ ဗိုက္ပူူပူနဲ႔ အီၾကာေကြးေၾကာ္ေနတာျမင္ရင္ ေျပးသာဝယ္စားလုိက္ပါ။ စာေရးသူတို႔ ငယ္ငယ္တည္းကစားလာတာပါ။ကဲ အခုေလာက္ဆုိရင္ ကားတစ္စီးနဲ႔ပတ္စားရမဲ့ ကိန္းဆုိက္ေနေလာက္ပါျပီ။

ခုလို အရသာရွိတဲ့ ဆိုင္ေကာင္းေကာင္းေလးေတြက အစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့  Doemal Application ကေန မွာစားလို႕ရေနျပီဆိုတာေလးလဲ တစ္ခါထဲေျပာလိုက္ပါရေစေနာ္။ ဆိုင္သြားစားျပီးရင္လည္း ေကာင္းရင္ ျပန္လည္ေဝမွ်ေပးၾကပါဦး။ ေက်းဇူးတင္ျခင္းမ်ားစြာျဖင့္။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top