Romantic Restaurant in Mandalay
သုံးသပ်ချက်များ

မန္တလာမြေမှ ရိုဆန်ဆန် စားသောက်ဆိုင်များ။

ချစ်သူရှိတဲ့သူတိုင်းရင်ခုန်ရတဲ့ ချစ်သူများနေ့ (Valentine Day) နေ့လေးကျရောက်ဖို့တော်တော့် ကိုနီးလာပြီနော်။ ကိုယ့်လူတို့ရော…ကိုယ့်ချစ်ချစ် အတွက် ဘာတွေများပြင်ဆင်ကြပြီးပြီလဲ…။

V- Day Restaurant from MDY

မန္တလာမြေက ချစ်တတ်တဲ့ ကိုကို၊ မမ တွေအတွက် V-Day လေးမှာ ကိုယ့်ချစ်ရတဲ့သူနဲ့ ရိုမန့်တစ်ဆန်ဆန် Dinner စားလို့ကောင်းမယ့် ဆိုင်လေးတွေကို တွေ့မိထားတယ်ကွယ်။ ဒီတော့လည်း လက်တို့လိုက်တာပေါ့နော်။ ပြောပြပေးထားတဲ့ ဆိုင်လေးတွေ တော်တော်များများက အလန်းလေးတွေချည်းပဲ။ အစားအသောက်လည်းစုံပြီး လှလည်းလှတယ်။ ချစ်ချစ်နဲ့ အဆင်ပြေသွားရင်တော့ ပြောပြတဲ့ Doemal ကို မမေ့နဲ့ပေါ့နော့။ ဘယ်ဆိုင်လေးတွေလဲ ဆိုတေ့ာကာ………

Station 36 Café & Restaurant

ဒီဆိုင်လေးကတော့ သီချင်းအေးအေးလေးတူနှစ်ကိုယ် နားထောင်ရင်း ရိုမန့်တစ် ဆန်ချင်သူတွေ အကြိုက်တွေ့စေမယ့် ဆိုင်လေးပါ။ အစားအသောက်တွေ အနေနဲ့ လည်းတော့်တော့်ကိုစုံတယ်။ စျေးလည်းအရမ်းမကြီးဘူးရယ်။

လိပ်စာက – ၃၆ လမ်း၊ ရ၈ လမ်းနှင့် ရ၉ လမ်းကြား၊ မန္တလေးမြို့။

Fresh Up


ချစ်ရသူမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ညနေဆည်းဆာလေးကိုခံစားချင်တယ်ဆိုတော့ Fresh Up က အမိုက်ဆုံးပဲ။ ကော်ဖီ၊ Thai Tea နဲ့ Snack မျိုးစုံရတယ်ဆိုတေ့ာ ကိုယ့်အသဲ တစ်ခြမ်းက Foodie ဆိုလည်းအဆင်ပြေတယ် ဟုတ်။

လိပ်စာက – မန္တလေး ရတနာပုံ၊ ရေကူးကန်ဝင်း၊ ရတနာပုံ Night Market၊ မန္တလေးမြို့။

Koffee Korner


ဆိုင်နာမည်လေးအတိုင်း ဆိုင်မှာတော့ ကော်ဖီကောင်းကောင်းလေးတွေ ရတယ်။ ဆိုင် အပြင်အဆင်လေးကလည်း သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေးဆိုတော့ ချစ်သူလေးနဲ့ ညစာအတူ စားမယ်ဆိုရင်တော့ ချစ်သူလေးဆီက အချစ်တွေပိုပြီး ရလာမှာပါ။

ဆိုင်လိပ်စာ – လမ်း (၇၀)၊ မန္တလေးမြို့။


The Garden Café


ပန်းဥယျာဉ်လေးတစ်ခုမှာ ရိုမန့်တစ်ဆန်ဆန်ညစာ စားရမယ်ဆို ဘယ်သူများ ငြင်းနိုင်ပါမလဲနော်။ ဒီဆိုင်လေးမှာ ဆိုရင်တော့ သစ်ပင်၊ ပန်းပင်လေးတွေရဲ့ အလှကိုခံစားလို့ရသလို မြစ်ရဲ့ အလှ ကိုလည်းခံ စားနိုင်ပါသေးတယ်။ဆိုင်နေရာလေးကတော့ မင်းကွန်းဘက်မှာပါ။

လိပ်စာ – မင်းကွန်းမြို့၊ မင်းကွန်းခေါင်းလောင်းကြီးရှေ့။


Sky Bar Café


မန္တလေးမြို့ကြီးရဲ့ အလှအပကို အပေါ်စီးကနေ ခံစားလို့ရတဲ့ အပြင် အစားအသောက်တွေကလည်း ရှယ်မှ ရှယ်။ ဒီလိုနေရာမှာ လက်ထပ်ခွင့်တောင်း မယ်ဆိုလိုကတော့ မိန်းကလေးတိုင်း ပျော်မိမှာအစေချာပါပဲ။

လိပ်စာ – ၂၂ လမ်းနှင့် ၂၃ လမ်းထောင့်၊ မန္တလေးမြို့။

မန္တလေးက ဆိုင်ကောင်းကောင်းလေးတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ Doemal မှာ ရှာကြည့်လို့ရပါတယ်နော်။

မန္တလာမြေမှ ရိုဆန်ဆန် စားသောက်ဆိုင်များ။
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top