ဗမာ

မြန်မာ့ရိုးရာ ဟင်းရည်များ

မြန်မာ့ဟင်းရည်များ

မြန်မာ့အစားအစာများသည် လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် ရာသီပေါ် ဟင်းသီး ဟင်းရွက်များဖြင့် ပြင်ဆင်ချက်ပြုတ် လေ့ရှိပါသည်။ ထမင်းသည် မြန်မာနိုင်ငံ၏ အဓိက အစားအစာဖြစ်ပြီး ထမင်းနှင့်အတူ အသား၊ငါး၊ ဟင်းသီးဟင်းရွက် ဟင်းလျာအမျိုးမျိုး နှင့် ဟင်းရည်တို့နှင့် တွဲဖက်စားသုံးလေ့ရှိကြပါသည်။ ဟင်းရည်များသည် မြန်မာရိုးရာ ဟင်းလျာများတွင် ထူးခြားပြီး အရေးပါလှကာ မနက်စာ၊ နေ့လည်စာနှင့် ညနေစာ များတွင် မပါမဖြစ် အရေးပါလှပါသည်။

အနောက်နိုင်ငံများတွင် ဟင်းရည်များကို အဓိက အစားအစာများမသုံးဆောင်ပြီ သုံးဆောင် တတ်ကြပြီး မြန်မာနိုင်ငံတွင် ထမင်းသုံးဆောင်သည့် ကာလတစ်လျှောက်လုံး ဟင်းရည်ကို သုံးဆောင်တတ်ပြီး နှုတ်မြိန်စေရန်အတွက် လည်းကောင်း၊ အစာစားသုံးရ လွယ်ကူစေရန် အတွက် လည်းကောင်း သုံးဆောင်လေ့ ရှိကြပါသည်။ မြန်မာ့ရိုးရာ အစားအစာများတွင် အဓိကအားဖြင့် ဟင်းချို၊ ဟင်းခါး၊ ပဲဟင်းနှင့် ချဉ်ရည်ဟင်း ဟူရျ် ဟင်းရည် အမျိုးအစား ၄ မျိုးခွဲခြားနိုင်ပါသည်။ ကြည်လင်ပြီး အရည်ကျဲကျဲနှင့် ဟင်းသီးဟင်းရွက်များနှင့် ချက်ြ့ပုတ်ထားသော ဟင်းရည်ကို ဟင်းချို ၊ ငရုတ်ကောင်းပါဝင်ပြီး ပူပူစပ်စပ် အရသာရှိကာ အသုပ်များနှင့် တွဲဖက် စားသုံးရသော ဟင်းရည်ကို ဟင်းခါး နှင့် ပဲအမျိုးမျိုးကို ဟင်းရွက်မျိုးစုံဖြင့် ရောနှောချက်ပြုတ်ထားသော ဟင်းရည်ကို ပဲဟင်းဟု ခေါ်ဆိုပါသည်။ မြန်မာ့ဟင်းလျာ အများစုသည် ဆီများသော ဟင်းလျာများ ဖြစ်ကြပြီး ၄င်းတို့နှင့် အတူတွဲဖက်စားသုံးရန်အသင့်တော်ဆုံး ဟင်းရည်မှာ ချဉ်ရည်ဟင်း ဖြစ်ပါသည်။ မြန်မာလူမျိုးအများစု တို့ ကြိုက်နှစ်သက်သော ချဉ်ရည်ဟင်းကို ဟင်းသီးဟင်းရွက် အမျိုးစုံဖြင့် ပြုလုပ်ပြင်ဆင်ပြီး ချဉ်ရည်ဟင်း အမည်များသည် ပါဝင် အသုံးပြုသော ဟင်းသီးဟင်းရွက် များအပေါ် မူတည်ပြီး အမည်များ ကွဲပြားခြားနားကြပါသည်။ ချဉ်ရည်ဟင်း အများစုကို ချက်ပြုတ်ရာတွင် မန်ကျည်းသီးမှည့်ကို အချဉ်အရသာ ရရှိအောင် ထည့်သွင်း ချက်ပြုတ်လေ့ရှိပြီး ပင်ကို အချဉ်အရသာ ရှိသော ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်သည့် အခါတွင်မူ မန်ကျည်းသီးမှည့်ကို ထည့်သွင်းချက်ပြုတ်ရန် မလိုအပ်ပါ။ ချဉ်ရည်ဟင်းကို ချက်ပြုတ်ရာတွင် ရာသီပေါ် ဟင်းသီးဟင်းရွက် များ ဖြစ်သော ချဉ်ပေါင်ရွက်၊ မုန်လာဥ၊ မုန်ညှင်းစိမ်း၊ မန်ကျည်းရွက် ၊ ဒန့်တလွန်သီး၊ ကန်စွန်းရွက် စသည့် ရာသီပေါ် ဟင်းသီးဟင်းရွက်များကို အသုံးပြုကာ ချက်ပြုတ်ကြပါသည်။

မြန်မာ့ရိုးရာ အထိမ်းအမှတ်အစားအစာ တစ်ခုဖြစ်ပြီး ငါးဖြင့်ပြုလုပ်ထားသော ဟင်းရည် အမျိုးအစားတွင် ပါဝင်သော မုန့်ဟင်းခါးသည် နံနက်စာ အတွက် လူကြိုက်များလှသော အစားအစာဖြစ်ပါသည်။ ပါဝင်ပစ္စည်းများနှင့် နေရာဒေသ၊ ရိုးရာပေါ်မူတည်ပြီး ဟင်းရည် အမျိုးအစားများစွာ ရှိပါသည်။ မြန်မာ့ နိုင်ငံတွင် လည်း နေရာဒေသနှင့် တိုင်းရင်းသား များကိုယ်စီ၏ မတူညီသော ရိုးရာ အစားအစာ မြောက်မြားစွာရှိပါသည်။
ဥပမာ အနေဖြင့် မုန်ညှင်းစိမ်း ဟင်းရည်သည် ရှမ်းပြည်နယ်၏ အမှတ်အသား ဟင်းရည် ဖြစ်ပါသည်။ မုန်ညှင်းစိမ်း ဟင်းရည်သည် ရိုးရှင်းပြီး ကျန်းမာရေး အတွက် အထူးကောင်းမွန်လှသော ဟင်းရည် တစ်မျိုးဖြစ်ပြီး ရှမ်းလူမျိုးတို့သည် မုန်ညှင်းစိမ်းကို ရှမ်းအစားအစာများတွင် အမြောက်အမြား သုံးစွဲထားသည် ကိုတွေ့မြင်နိုင်ပါသည်။ ဟင်းသီးဟင်းရွက်များဖြင့် စီမံချက်ပြုတ်ထားသော တာလဘော ဟင်းရည်သည် ကရင်လူမျိုးတို့၏ ရီုးရာအစားအစာတစ်ခု ဖြစ်ပါသည်။ တာလဘော ဟင်းရည်သည် အလွန်ကျော်ကြားလှပြီး ကရင်ပြည်နယ်တွင်သာ အများဆုံးတွေ့မြင် နိုင်ပါသည်။ အမဲသားနှင့် ပြောင်းဖူးကို ရောပြီးပြုလုပ်ထားသော ဆာဘူးသီး ဟင်းရည်သည်လည်း ချင်း လူမျိုးတို့ကို ကိုယ်စားပြုသော ရိုးရာ ဟင်းရည် ဖြစ်ပါသည်။ ရခိုင်လူမျိုးတို့၏ ရိုးရာအစားအစာတွင် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်မုန့်တီသည် ၄င်း၏ ပူပူစပ်စပ် အရသာဖြင့် အထူး ကျော်ကြား လှပါသည်။

အချို့သော အစားအစာများသည် ရိုးရာယဉ်ကျေးမှု ပွဲတော်မျာနှင့် ဆက်စပ်နေလျက် ရှိပါသည်။ တန်ဆောင်မုန်း လပြည့် နေ့နှင့် အထူးဆက်စပ်နေသော ဟင်းရည်မှာ ခါးသက်သက် အရသာ ရှိလှသော မဲဇလီဖူး ဟင်းခါး ဖြစ်ပါသည်။ တန်ဆောင်မုန်း လပြည့်ညသည် ကြယ်နှင့် နက္ခတ်အားလုံး အတူစုံလင်သော ညဖြစ်သောကြောင့် မြန်မာလူမျိုးများသည် ထိိုလပြည့်ညတွင် မဲဇလီဖူး ဟင်းခါးနှင့် မဲဇလီဖူးသုပ်ကို ချစ်ခင်ရသော မိသားစုဝင်များနှင့် သူငယ်ချင်းများနှင့် အတူ ဝိုင်းဖွဲ့ စားသောက်တတ်ကြပါသည်။ တန်ဆောင်မုန်းလပြည့်ညတွင် မဲဇလီဖူးသုပ်နှင့် မဲဇလီဖူးဟင်းခါး စားသောက်ခြင်းအားဖြင့် ရောဂါဆိုးများ ပပျောက် နိုင်သည်ဟု ယုံကြည်ကြပါသည်။ ထိုဓလေ့ ထုံးတမ်းသည် ချစ်စရာကောင်းသော မြန်မာဓလေ့ရိုးရာတစ်ခုပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ မည်သည့်နေရာကိုမဆို သွားရောက်ပြီး မြန်မာ့ရိုးရာ နေ့လည်စာ ( သို့မဟုတ် ) ညနေစာ ကို သုံးဆောင်ပါက မြန်မာ့ ရိုးရာ ဟင်းရည်များမှာ မြန်မာ့ အစားအစာ များတွင် မပါမဖြစ် အသေချာ တွေ့မြင် ရမည် ဖြစ်ပြီး မြန်မာ့အစားအစာ ရောင်းချသော ဆိုင် များတွင် စားသုံးလျှင်တောင် မြန်မာ့ရိုးရာ ဟင်းရည်တစ်ခွက်ကို အခမဲ့ ရရှိနိုင်ပါသည်။

၉၉၉၊ ရှမ်းခေါက်ဆွဲဆိုင်၉၉၉၊ ရှမ်းခေါက်ဆွဲဆိုင် (999 Shan Noodle Shop)
အမှတ် (၁၃၀)ဘီ၊ ၃၄ လမ်း၊ ရန်ကုန်
ပန်သူရိယပန်သူရိယ(Pansuria)
အမှတ် (၁၀၂)၊ ဗိုလ်ကလေးစျေးလမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။
ဂရင်းအဲလီးဖန့် ဂရင်းအဲလီးဖန့် (Green Elephant Restaurant)
အမှတ် ၃၇၊ တက္ကသိုလ်ရိပ်သာလမ်း၊ ၁ ရပ်ကွက်၊ ရန်ကုန်
ဖီးလ် မြန်မာဖီးလ် မြန်မာ (Feel Myanmar Food)
အမှတ်၆၈၊ တော်ဝင်လမ်း၊ ကိုးမိုင်၊ ရန်ကုန်မြို့။
ကေခိုင်စားသောက်ဆိုင်ကေခိုင်စားသောက်ဆိုင် (K Khine Restaurant)
အမှတ်၄၅၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top