ဗမာ

မြန်မာနိုင်ငံတွင် မည်သည့်အစားအစာများကို ငါးနှင့် ပြုလုပ်နိုင်ပါသလဲ။

ငါးဖြင့်ပြုလုပ်သော အစားအစာများ

ရွှေနိုင်ငံဟုလူသိများလှသော မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ နှင့် ရေမြေသဘာဝ ကောင်းမွန်လှသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အစားအစာ အလွန်ကြွယ်ဝသော နိုင်ငံလည်း ဖြစ်ပါသည်။  များပြားလှသော မြစ်၊ချောင်း၊ အင်း၊ အိုင်များနှင့် ပင်လယ်ကမ်းရိုးတန်းများရှိ ခြင်းကြောင့် ငါးများနှင့် ပင်လယ်စာများ ပေါကြွယ်ဝလှပါသည်။ ထင်ရှားသော ပင်လယ်ကမ်းရိုးတန်းမြို့များဖြစ်သော မော်လမြိုင်၊ ငပလီ၊ ငွေဆောင်နှင့် မြိတ်တို့သည် ငါးများအဓိက ရရှိသော မြို့များ ဖြစ်ပါသည်။ မြန်မာ အစားအစာတွင် ငါးများသည် အလွန်အရေးပါလှသော အခန်းကဏ္ဍတွင်ပါဝင်လျက် ရှိပြီး နေ့စဉ်စားသုံးသော အစားအစာများတွင် ငါးနှင့်ဟင်းလျာ အမျိုးမျိုးကို ပြင်ဆင် ချက်ပြုတ်ကြလေ့ရှိသည်။

မြန်မာဟင်းလျာများတွင် အဓိကအားဖြင့် ငါးမှထုတ်လုပ်သော ငံပြာရည် နှင့် ငါးပိတို့ကို အဓိက အသုံးပြုလေ့ ရှိကြ ကြောင်းတွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံ၏ ရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးသည် မြန်မာ့ အစားအစာများထဲတွင် အရေးပါလှကာ ငါးနှင့် အဓိက ချက်ပြုတ်သော အစားအစာတစ်မျိုး ဖြစ်ပါသည်။ အဓိက ပါဝင်ချက်ပြုတ်သော အရာများမှာ ငါး၊ငံပြာရည်၊ ငါးပိနှင့် အခြားသော မြန်မာ့ ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ပါသည်။ မုန့်ဟင်းခါး၏ ချိုမြိန်လှသော ဟင်းရည် အရသာကို ငါးမှသာ ရရှိနိုင်သောကြောင့် မြန်မာ့ရိုးရာ ဟင်းလျာများတွင် ငါးများသည် အလွန်အရေးပါလှသည်။

ဟင်းလျာများတွင် အဓိက အသုံးပြုသော ငါးပိသည် ငါးကို ဆားဖြင့် အချဉ်ဖောက်ကာ ပြုလုပ်ထားသော အစားအစာဖြစ်ပြီး အသားဓါတ်နှင့် ဆားဓါတ် ကို အများဆုံး ရရှိနိုင််စေသည့် အစားအစာ ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး၏ ဟင်းလျာ ချက်ပြုတ်မှုများတွင် ငါးပိသည် မပါမဖြစ်သော အရာ ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများသာမက တစ်နိုင်ငံလုံး အသုံးပြုသော ဟင်းခတ်ပစ္စည်း တစ်မျိုးဖြစ်ပါသည်။ ငပိများကို ငပိကင်၊ ငပိရေကျို၊ ငပိသုပ ်နှင့် အခြားသော အသုပ်အမျိုးမျိုးနှင့် ဟင်းရည်များချက် ပြုတ်ရာတွင် ထည့်သွင်းကာ ပုံစံမျိုးစုံ ဖြင့် ပြင်ဆင်ချက်ပြုတ်ကြသည်။ ရခိုင်ရိုးရာ အစားအစာဖြစ်သော ရခိုင်မုန့်တီသည်လည်း ငါးနှင့် ငါးပိဖြင့် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာ တစ်ခု ဖြစ်ပါသည်။

ငါးနှင့် ခရမ်းချဉ်သီးဟင်းသည် အလွန်ကျော်ကြားသော မြန်မာဟင်းလျာတစ်ခု ဖြစ်ကာ ပြုလုပ်ရလွယ်ကူ ရိုးရှင်းပြီး အရသာအလွန်ရှိသောကြောင့် ထမင်းမြိန်စေသော ဟင်းလျာ ဖြစ်ပါသည်။ အဓိက ပါဝင် အသုံးပြုချက်ပြုတ်ထားသောအရာများမှာ နုတ်နုတ်စင်းထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့် နှင့် နံနံပင်တို့ပါဝင်ပါသည်။ ပါဝင်အသုံးပြုသော ဟင်းခတ်ပစ္စည်းများ နှင့် ချက်ပြုတ်မှုများပေါ် မူတည်ကာ ငါးနှင့် ချက်ပြုတ်ထားသော ဟင်းလျာ အမျိုးအစားပေါင်းများစွာ ရှိပါသည်။

ထင်ရှားသော ရှမ်းရိုးရာ အစားအစာ တစ်ခုဖြစ်သော ငါးထမင်းချဉ်သည် ထမင်း၊ ငါးပြုတ်၊ ခရမ်းချဉ်သီးအနှစ် နှင့် အာလူးတို့ဖြင့် ဖန်တီးထားပါသည်။ အခြား ထင်ရှားသော အစားအစာများမှာ မြစ်ကြီးနားဒေသ၏ နာမည်ကျော် ဆေးဘက်ဝင် သစ်သီးသစ်ဥများဖြင့် ပေါင်းထားသော ငါးပေါင်း၊ ပဲခူး မြို့၏ နာမည်ကျော် ထမင်းနှင့် ငါးကို အချဉ်တည်ပြီး ပြုလုပ်ထားသော ငါးချဉ် နှင့် ကမ်းရိုးတန်းဒေသများမှ ငါးမုန့် နှင့် ငါးခြောက် များ ဖြစ်ပါသည်။ ငါးခြောက်များကို မြန်မာ့ရိုးရာအစားအစာများတွင် ဟင်းလျာအဖြစ် ပြင်ဆင်ချက်ပြုတ်ပြီး ငရုတ်သီးခြောက် နှင့် ကြက်သွန်နီများ ဖြင့် ကြော်ထားသော ဘလချောင်ကြော်သည် အထူးထင် ရှား လူကြိုက်များလှသော ဟင်းအမယ်တစ်မျိုး ဖြစ်သည်။

ငါးများသည် အဟာရဓါတ်များ၊ အသားဓါတ်များ၊ ဗိုက်တာမင်များ နှင့် သတ္တုဓါတ်များကြွယ်ဝစေပြီး ကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာ ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် ငါးနှင့် ပြင်ဆင်ချက်ပြုတ်ထားသော ငါးဟင်းလျာများကို နှစ်သက်ခုံမင် ကြပြီး နေ့စဉ် စားသုံးမှု တွင် မပါမဖြစ်သော အရာဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ငါး ဖြင့် ပြုလုပ်ထားသော အစားအစာ အမျိုးမျိုးကို တွေ့မြင်နိုင်ပြီး ဟင်းလျာတိုင်းသည် အံ့သြမှင်သက်ဖွယ်ရာ အရသာကို ပေးစွမ်းနိုင်ပါသည်။

ခိုင်ခိုင်ကျော် ရိုးရာအစားအစာဆိုင်ခိုင်ခိုင်ကျော် မြန်မာအစားအစာ(Khaing Khaing Kyaw Traditional food center)

အမှတ် (၆၇၁) အေ၊ ပြည်လမ်း (၅)မိုင်ခွဲ၊ သုခကမ္ဘာဆေးခန်းအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်(DanuphyuDaw Saw Yee Myanmar restaurant)

အမှတ်(၂)၊ မြေနီကုန်း ကားပါကင်ဝင်းအနီး၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်တီးဟောက်စ်ရန်ကုန်တီးဟောက်စ်(Rangoon Tea House)

အမှတ်( ရ၇-၇၉) ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဧရာဝတီ မင်းသမီးဧရာဝတီ မင်းသမီး (Princess Irrawaddy)

ဆယ့်နှစ်လုံးလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

ငါတို့မြန်မာ ရိုးရာ အစားအစာငါတို့မြန်မာ ရိုးရာ အစားအစာ(My Myanmar Traditional food)

အမှတ်(၃)၊ ရတနာမွန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top