Lifestyle

မြန္ရိုးရာ သၾကၤန္ထမင္း

မွန်ရိုးရာ သင်္ကြန်ထမင်း
သင်္ကြန်ထမင်းလို့ပြောလိုက်တာနဲ့ မွန်ဓလေ့အတိုင်းချက်ပြုတ်ထားတဲ့ ထမင်းကို ရေဆမ်းပြီး ငါးခြောက်ကြော်၊ သရက်သီးသုတ်တို့နဲ့ တွဲစားရတဲ့ မွန်ရိုးရာအစားအစာတစ်ခုကိုပြေးမြင်ကြမှာပါ။ သင်္ကြန်ကာလထဲလည်း ရောက်လာပြီ နွေကလည်း ပူလာပြီဆိုတော့ ရင်အေးစေတဲ့သင်္ကြန်ထမင်းလေးက အသင့်တော်ဆုံးပဲပေ့ါ။ ဒီတော့ အိမ်မှာဘယ်လို လွယ်လွယ်ကူကူချက်ပြုတ်နိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်။


ထမင်းချက်ရန်
ဆန် – ပလတ်စတစ်ဆန်ချိန်ခွက် ၇ ခွက်
၁။ ထမင်းချက်မည့်အိုးထဲ ရေကို ထမင်းရည် ငှဲ့ချက်ရင် ထည့်တဲ့ရေထက် ထက်ဝက်ပိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ ဆန်ကို ရေဆေးပြီး ရေစစ်ထားပါ။
၂။ ဆန်များ စင်းလာပြီး စားဖို့အသင့်အနေရရင် ထမင်းရည်များကို သွန်လိုက်ပါ။ ထမင်းအိုးထဲကို ရေအေးများထည့်ပြီး ထမင်းနဲ့နှံ့အောင် မွှေပြီးနောက် ရေများကို သွန်လိုက်ပါ။ ထိုနည်းအတိုင်း ရေကြည်သွားတဲ့အထိ လုပ်ပါ။ ရရင်
ဇကာတစ်ခုထဲ ထမင်းများကို ထည့်လိုက်ပြီး ရေစစ်ထားလိုက်ပါ။ သင်္ကြန်ထမင်းအတွက် ထမင်းရပါပြီ။
ငါးခြောက်ထောင်းကြော်ရန်
ငါးကွန်းရှပ်ခြောက် – ၃၀ သား (အရိုးလွတ်၊ အသားများတဲ့ အခြားငါးခြောက်များလည်း ကြော်နိုင်ပါတယ်။)
ကြက်သွန်နီ – ၂၅ ကျပ်သား
ကြက်သွန်ဖြူ – ၅ ကျပ်သား
နနွင်းမှုန့် – အနည်းငယ်
ဆီ
အသားမှုန့်

၁။ ငါးခြောက်များကို နူးအိသွားအောင် ပြုတ်ပြီး အရည်များကို သွန်လိုက်ပါ။ အရိုးအသေးလေးများကို ဖယ်ပြီးနောက် မွလာအောင် ထောင်းပါ။

၂။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ကြော်မည့်အိုးက ဆီပူရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို နနွင်းမှုန့်နဲ့ ဆီချက်ကြော်ပါ။ ကြွပ်အောင် မကြော်ဘဲ နွမ်းရင် ငါးခြောက်များပါ ထည့်ကာကြော်လိုက်ပါ။ ထွေးထွေးလေးနဲ့ မခြောက်တခြောက် အနေရရင် ငါးခြောက်ထောင်းကြော် ရပါပြီ။ အရသာအတွက် လိုအပ်ပါက အသားမှုန့်အနည်းငယ် ထည့်ပြီးကြော်ပေးပါ။

သရက်သီးသုပ်ရန်
သရက်သီးအစိမ်း ၃၅ ကျပ်သား ( ခြစ်ပြီး )
ကြက်သွန်နီ ၂၅ ကျပ်သား
ပုစွန်ခြောက်မှုန့် ၂ ကျပ်ခွဲသား
ပဲမှုန့်အကျက် စားပွဲဇွန်း ၅ ဇွန်း
ငံပြာရည် စားပွဲဇွန်း ၂ ဇွန်းခွဲ
နနွင်းမှုန့် အနည်းငယ်
ဆီ
အသားမှုန့်

၁။ ကြက်သွန်နီ ၅ ကျပ်သားကို ပါးပါးလှီးပြီးနောက် ဆီ၊ နနွင်းမှုန့်တို့နဲ့ ကြက်သွန်ကြွပ်အောင် ဆီချက်ချက်ပါ။

၂။ ကျန်ကြက်သွန်နီများကိုလည်း ပါးပါးလှီးပြီး သုပ်ကာနီးမှာ ရေဆေးပါ။ သရက်သီးသုပ်ဖို့အတွက် ဆီကို လိုသလောက်သာထည့်ပြီး ကျန်အားလုံးနဲ့ နှံ့အောင်ရောနယ်ပါ။ အပေါ့အငံ အနေတော်ရင် သရက်သီးသုပ်ရပါပြီ။
ပန်းကန်လုံးတစ်ခုထဲကို မိမိစားလိုသလောက် ထမင်းနဲ့အတူ ရေထည့်ပါ။ ငါးခြောက်ထောင်းကြော်နဲ့ သရက်သီးသုပ်ကိုတော့ ပန်းကန်တစ်ခုဆီမှာ ထည့်ပါ။ ထမင်းအေးအေးလေးကို ပါးစပ်ထဲ တစ်လုပ်စာထည့်၊ ငါးခြောက်ထောင်းကြော်နဲ့ သရက်သီးသုပ်ကိုလည်း နည်းနည်းစီ ထည့်စားပါ။

ခုလို အရသာရှိတဲ့ အစားအသောက်တွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲမှာ ရှာဖွေမွှေနှောက်ပြီး Order မှာစားလို့ရနေပါပြီ ပရိသတ်ကြီးရေ။

[Unicode]

 

သၾကၤန္ထမင္းလို႔ေျပာလုိက္တာနဲ႕ မြန္ဓေလ့အတိုင္းခ်က္ျပဳတ္ထားတဲ့ ထမင္းကို ေရဆမ္းၿပီး ငါးေျခာက္ေၾကာ္၊ သရက္သီးသုတ္တို႔နဲ႕ တြဲစားရတဲ့ မြန္ရိုးရာအစားအစာတစ္ခုကိုေျပးျမင္ၾကမွာပါ။ သၾကၤန္ကာလထဲလည္း ေရာက္လာၿပီ ေႏြကလည္း ပူလာၿပီဆိုေတာ့ ရင္ေအးေစတဲ့သၾကၤန္ထမင္းေလးက အသင့္ေတာ္ဆံုးပဲေပ့ါ။ ဒီေတာ့ အိမ္မွာဘယ္လို လြယ္လြယ္ကူကူခ်က္ျပဳတ္ႏုိင္မလဲဆိုတာ ေလ့လာၾကည့္ၾကရေအာင္။

ထမင္းခ်က္ရန္

ဆန္ – ပလတ္စတစ္ဆန္ခ်ိန္ခြက္ ၇ ခြက္

၁။ ထမင္းခ်က္မည့္အိုးထဲ ေရကို ထမင္းရည္ ငွဲ႔ခ်က္ရင္ ထည့္တဲ့ေရထက္ ထက္ဝက္ပိုထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ထားပါ။ ဆန္ကို ေရေဆးၿပီး ေရစစ္ထားပါ။

၂။ ဆန္မ်ား စင္းလာၿပီး စားဖို႔အသင့္အေနရရင္ ထမင္းရည္မ်ားကို သြန္လိုက္ပါ။ ထမင္းအိုးထဲကို ေရေအးမ်ားထည့္ၿပီး ထမင္းနဲ႔ႏွံ႔ေအာင္ ေမႊၿပီးေနာက္ ေရမ်ားကို သြန္လိုက္ပါ။ ထိုနည္းအတိုင္း ေရၾကည္သြားတဲ့အထိ လုပ္ပါ။ ရရင္
ဇကာတစ္ခုထဲ ထမင္းမ်ားကို ထည့္လိုက္ၿပီး ေရစစ္ထားလိုက္ပါ။ သႀကၤန္ထမင္းအတြက္ ထမင္းရပါၿပီ။

ငါးေျခာက္ေထာင္းေၾကာ္ရန္

ငါးကြန္းရွပ္ေျခာက္ – ၃၀ သား (အရိုးလြတ္၊ အသားမ်ားတဲ့ အျခားငါးေျခာက္မ်ားလည္း ေၾကာ္ႏိုင္ပါတယ္။)
ၾကက္သြန္နီ – ၂၅ က်ပ္သား
ၾကက္သြန္ျဖဴ – ၅ က်ပ္သား
နႏြင္းမႈန္႔ –  အနည္းငယ္
ဆီ
အသားမႈန္႔

၁။ ငါးေျခာက္မ်ားကို ႏူးအိသြားေအာင္ ျပဳတ္ၿပီး အရည္မ်ားကို သြန္လိုက္ပါ။ အရိုးအေသးေလးမ်ားကို ဖယ္ၿပီးေနာက္ မြလာေအာင္ ေထာင္းပါ။
၂။ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴကို ပါးပါးလွီးထားပါ။ ေၾကာ္မည့္အိုးက ဆီပူရင္ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴကို နႏြင္းမႈန္႔နဲ႔ ဆီခ်က္ေၾကာ္ပါ။ ႂကြပ္ေအာင္ မေၾကာ္ဘဲ ႏြမ္းရင္ ငါးေျခာက္မ်ားပါ ထည့္ကာေၾကာ္လိုက္ပါ။ ေထြးေထြးေလးနဲ႔ မေျခာက္တေျခာက္ အေနရရင္ ငါးေျခာက္ေထာင္းေၾကာ္ ရပါၿပီ။ အရသာအတြက္ လိုအပ္ပါက အသားမႈန္႔အနည္းငယ္ ထည့္ၿပီးေၾကာ္ေပးပါ။

 

သရက္သီးသုပ္ရန္

သရက္သီးအစိမ္း  ၃၅ က်ပ္သား ( ျခစ္ၿပီး )
ၾကက္သြန္နီ  ၂၅ က်ပ္သား
ပုစြန္ေျခာက္မႈန္႔ ၂ က်ပ္ခြဲသား
ပဲမႈန္႔အက်က္  စားပြဲဇြန္း ၅ ဇြန္း
ငံျပာရည္  စားပြဲဇြန္း ၂ ဇြန္းခြဲ
နႏြင္းမႈန္႔  အနည္းငယ္
ဆီ

အသားမႈန္႔

၁။ ၾကက္သြန္နီ ၅ က်ပ္သားကို ပါးပါးလွီးၿပီးေနာက္ ဆီ၊ နႏြင္းမႈန္႔တို႔နဲ႔ ၾကက္သြန္ႂကြပ္ေအာင္ ဆီခ်က္ခ်က္ပါ။

၂။ က်န္ၾကက္သြန္နီမ်ားကိုလည္း ပါးပါးလွီးၿပီး သုပ္ကာနီးမွာ ေရေဆးပါ။ သရက္သီးသုပ္ဖို႔အတြက္ ဆီကို လိုသေလာက္သာထည့္ၿပီး က်န္အားလံုးနဲ႔ ႏွံ႔ေအာင္ေရာနယ္ပါ။ အေပါ့အငံ အေနေတာ္ရင္ သရက္သီးသုပ္ရပါၿပီ။
ပန္းကန္လံုးတစ္ခုထဲကို မိမိစားလိုသေလာက္ ထမင္းနဲ႔အတူ ေရထည့္ပါ။ ငါးေျခာက္ေထာင္းေၾကာ္နဲ႔ သရက္သီးသုပ္ကိုေတာ့ ပန္းကန္တစ္ခုဆီမွာ ထည့္ပါ။  ထမင္းေအးေအးေလးကို ပါးစပ္ထဲ တစ္လုပ္စာထည့္၊ ငါးေျခာက္ေထာင္းေၾကာ္နဲ႔ သရက္သီးသုပ္ကိုလည္း နည္းနည္းစီ ထည့္စားပါ။

ခုလို အရသာရွိတဲ့ အစားအေသာက္ေတြ စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application ထဲမွာ ရွာေဖြေမႊေနွာက္ျပီး Order မွာစားလို႕ရေနပါျပီ ပရိသတ္ၾကီးေရ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top