စားသောက်နေထိုင်နည်း

မျက်စိကျန်းမာရေးအတွက် အစားအသောက် ၇မျိုး


၁။ အိုမီဂါဓါတ်ပါသော ငါးများ

 


၂။ အစေ့အဆံများ

 


၃။ အရည်ရွှမ်းသည့်အသီးများ


၎။ အစိမ်းရင့်ရောင် အသီးအရွက်များ

 


၅။ မုနျလာဥနီ

 


၆။ ကန်စွန်းဥ

 

ကန်စွန်ဥမှာလည်း Beta carotene ဓါတ်ပါဝင်ပြ်ီး ဗီတာမင်အီးကို အများဆုံးထုတ်ပေးနိုင်တဲ့ အစားအစာဖြစ်ပါတယ်။

၇။ အမဲသား


Writer_Lynn

 

[Unicode]

 

အမြင်အာရုံနဲ့ပတ်သတ်ရင် လူတော်တော်များများက မျက်စိကျန်းမာရေးဆိုတာ အသက်အရွယ် ဒါမှမဟုတ် အာရုံစူးစိုက်မှုတို့ကြောင့် ပျက်စီးတတ်တယ်လို့ထင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက် အနေအထိုင်တွေကနေတစ်ဆင့်လည်း မျက်စိကျန်းမာရေးထိခိုက်နှုန်းကို လျှော့ချလို့ရပါသေးတယ်။ မျက်စိကျန်းမာရေးနဲ့အမြင်အာရုံကိုအထောက်အကူပြုတဲ့ အစားအစာ ခုနှစ်မျိုးအကြောင်းကို ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ အိုမီဂါဓါတ်ပါသော ငါးများ

လူကိုအထောက်အကူပြုပေးတဲ့ အိုမီဂါအဆီဓါတ်တွေပါတဲ့ငါးတွေဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို ကောင်းမွန် စေပါတယ်။ အိုမီဂါ ၃ အက်ဆစ်ဟာ မျက်စိကျန်းမာရေးကိုအမြင့်မားဆုံးအထောက် အကူပေးနိုင်တဲ့ အစားအစာ ပဲဖြစ်ပါတယ်။ တူနာ၊ ဆော်လမွန်နဲ့ဆာဒင်းငါးတို့ဟာ အိုမီဂါဓါတ် အမြင့်မားဆုံးပါဝင်တဲ့ ငါးတွေ ဖြစ်ပါတယ်။

၂။ အစေ့အဆံများ

အစေ့အဆံတွေမှာလည်း မျက်စိကိုအထောက်အကူပြုတဲ့ အိုမီဂါအက်ဆစ်ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အီးမြင့်မားစွာပါဝင်လို့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းကိုပါ ဟန့်တားပေးနိုင်ပါသေးတယ်။

၃။ အရည်ရွှမ်းသည့်အသီးများ

အရည်ရွှမ်းတဲ့ အသီးတွေမှာ ဗီတာမင်စီအပြင် ဗီတာမင်အီးတို့ပါ ကြွယ်ဝစွာပါဝင်ပါတယ်။ ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AOA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဗီတာမင်အီးနဲ့ ဗီတာမင်စီတို့မှာပါတဲ့ အင်တီ အောက်ဆီဒင့်ဓါတ်တွေဟာ အသက်အရွယ်ကြောင့်ရလာတဲ့ မျက်လုံးထိခိုက်တာကို ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိမ္မော်သီး၊ သံပုရာသီးနဲ့ ဂရိတ်ဖရုအသီးတွေမှာ အများဆုံးပါတတ်ပါတယ်။

၄။ အစိမ်းရင့်ရောင် အသီးအရွက်များ

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေမှာတော့ လူတင်းနဲ့ zeaxanthin ဓါတ်တို့ပါဝင်တာကြောင့် မျက်စိကို ဗီတာမင်စီအထောက်အကူပြုသလိုမျိုး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက် တွေကတော့ ဟင်းနုနွယ်၊ ကိုက်လန်နဲ့ ဂေါ်ဖီစိမ်းတို့ဖြစ်ပါတယ်။

၅။ မုန်လာဥနီ

မုန်လာဥနီမှာတော့ ဗီတာမင်အေ အများအပြားပါဝင်ပြီး အမြင်အာရုံကို အဓိက အထောက်အပံ့ပေးနိုင်ပါတယ်။ မုန်လာဥနီမှာပါတဲ့ လိမ္မော်ရောင် ဓါတ်ပေါင်းဟာ Rhodopsin လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကိုလည်းရစေပြီး အလင်းရောင်ကြောင့် မျက်စိပျက်ခြင်းကို သက်သာစေပါတယ်။

၆။ ကန်စွန်းဥ

ကန်စွန်ဥမှာလည်း Beta carotene ဓါတ်ပါဝင်ြပ်ီး ဗီတာမင်အီးကို အများဆုံးထုတ်ပေးနိုင်တဲ့ အစားအစာဖြစ်ပါတယ်။

၇။ အမဲသား

အမဲသားမှာတော့ သံဓါတ်ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ရေရှည် အထောက်ကူပြုပေးပါတယ်။ သံဓါတ်လာဆိုရင် မျက်စိအာရုံကြောနဲ့ပတ်သတ်တဲ့ ရောဂါတွေကို တားဆီးပေးနိုင်ပါသေးတယ်။ အခြားအသားတွေဖြစ်တဲ့ ကြက်ရင်အုံသားနဲ့ ဝက်လိုင်းသားတို့မှာလည်း သံဓါတ်ပါဝင်ပေမဲ့ အမဲသားထက ် ပါဝင်နှုန်းများစွာ လျှော့နည်းပါတယ်။

Writer_Lynn

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top