Lifestyle

မိုးရာသီႏွင့္ ေသြးလြန္တုပ္ေကြးေရာဂါ အႏၲရာယ္

သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးပါတဲ့ အေ့ဒိ့စ်ခြင်ကြား ကိုက်ခံရတာကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေသာမက လူကြီးတွေမှာပါ ကူးစက်ဖြစ်ပွားနိုင်ပေမဲ့ ကလေးတွေမှာတော့ ကူးစက်နိုင်ခြေနှုန်းပိုများပါတယ်။


ရောဂါဖြစ်နေတုန်းမှာ အလျင်အမြန်ကုသရင်တောင်မှ ရောဂါသက်သာစေတဲ့နှုန်းက ၁ရာခိုင်နှုန်းပဲရှိတယ်လို့ WHO က ထုတ်ပြန်ထား ပါသေးတယ်။ ဒါကြောင့် မဖြစ်ပွားခင်မှာ မကူးစက်အောင်သတိပြုနေထိုင်ဖို့က ပိုအရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်တာနဲ့ ပထမဆုံးလက္ခဏာက အဖျားစတက်တာပါပဲ။ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်တာ၊ အသားအရည်တွေ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ သွေးနီဥတွေသွေးထဲမှာ လျော့နည်းလာတာ မျိုးတွေဖြစ်ပွားစေနိုင်ပါတယ်။


ဒီလက္ခဏာတွေပြပြီး ၃ရက်ကနေ ရရက်အကြာမှာတော့ အရေးကြီးတဲ့ လက္ခဏာတွေပြသနိုင်ပါတယ်။

အဲ့ဒီလက္ခဏာတွေကတော့-

ဝမ်းဗိုက်ကြွက်သားနာကျင်တာ
အသက်ရှုနှုန်းမြန်လာတာ
ကော်ဖီရောင်တွေအန်တာ
အန်ဖတ်ထဲမှာ သွေးစတွေပါလာတာ
ချွေးစီးတွေပြန်လာတာ
သွားဖုံးတွေ၊ နှာခေါင်းတွေကနေ သွေးထွက်တာ
သွေးနီဥတွေသွေးထဲမှာလျော့ကျလာတာနဲ့
နုံးချိပြီးအားနည်းနေတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြလာရင်တော့ မဖြစ်မနေ ဆေးရုံသွားသင့်နေပါပြီ။


သွေးလွန်တုပ်ကွေးရောဂါကို မကူးစက်ခံရအောင် ခြင်ကိုက်မခံမိဖို့အရေးကြီးပါတယ်။ မိုးရာသီဖြစ်တာကြောင့် မြောင်းတွေ ဗွက်အိုင်တွေကနေတစ်ဆင့် ခြင်တွေပေါက်ဖွားနိုင်ပြီးရောဂါပိုးကို သယ်ယူလာတတ်တာမို့ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးကိုလည်းအထူးသတိပြုရမှာပါ။ အိမ်မှာ တစ်ယောက်ယောက်ကို သွေးလွန်တုပ်ကွေးနဲ့ဆင်တဲ့ ရောဂါလက္ခဏာတစ်ခု တွေ့လာပြီဆိုရင်တော့ ဆေးရုံကိုအမြန်ဆုံးပို့တာက အကောင်းဆုံးနည်းလမ်းပါပဲ။

[Unicode]

ေသြးလြန္တုပ္ေကြးေရာဂါဟာ ေရာဂါပိုးပါတဲ့ ေအ့ဒိ့စ္ျခင္ၾကား ကိုက္ခံရတာကေနတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါဟာ ကေလးေတြသာမက လူႀကီးေတြမွာပါ ကူးစက္ျဖစ္ပြားႏုိင္ေပမဲ့ ကေလးေတြမွာေတာ့ ကူးစက္ႏုိင္ေျခႏႈန္းပိုမ်ားပါတယ္။

ေရာဂါျဖစ္ေနတုန္းမွာ အလ်င္အျမန္ကုသရင္ေတာင္မွ ေရာဂါသက္သာေစတဲ့ႏႈန္းက ၁ရာခုိင္ႏႈန္းပဲရွိတယ္လို႔ WHO က ထုတ္ျပန္ထား ပါေသးတယ္။ ဒါေၾကာင့္ မျဖစ္ပြားခင္မွာ မကူးစက္ေအာင္သတိျပဳေနထုိင္ဖို႔က ပိုအေရးႀကီးပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါပိုးကူးစက္တာနဲ႕ ပထမဆံုးလကၡဏာက အဖ်ားစတက္တာပါပဲ။ ေခါင္းကိုက္တာ၊ ကိုယ္လက္နာက်င္တာ၊ အသားအရည္ေတြ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာနဲ႕ ေသြးနီဥေတြေသြးထဲမွာ ေလ်ာ့နည္းလာတာ မ်ိဳးေတြျဖစ္ပြားေစႏုိင္ပါတယ္။

ဒီလကၡဏာေတြျပၿပီး ၃ရက္ကေန ၇ရက္အၾကာမွာေတာ့ အေရးႀကီးတဲ့ လကၡဏာေတြျပသႏုိင္ပါတယ္။

အဲ့ဒီလကၡဏာေတြကေတာ့-

ဝမ္းဗိုက္ၾကြက္သားနာက်င္တာ

အသက္ရႈႏႈန္းျမန္လာတာ

ေကာ္ဖီေရာင္ေတြအန္တာ

အန္ဖတ္ထဲမွာ ေသြးစေတြပါလာတာ

ေခၽြးစီးေတြျပန္လာတာ

သြားဖံုးေတြ၊ ႏွာေခါင္းေတြကေန ေသြးထြက္တာ

ေသြးနီဥေတြေသြးထဲမွာေလ်ာ့က်လာတာနဲ႕

ႏုံးခ်ိၿပီးအားနည္းေနတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ ဒီလိုလကၡဏာေတြျပလာရင္ေတာ့ မျဖစ္မေန ေဆးရံုသြားသင့္ေနပါၿပီ။

ေသြးလြန္တုပ္ေကြးေရာဂါကို မကူးစက္ခံရေအာင္ ျခင္ကိုက္မခံမိဖို႔အေရးႀကီးပါတယ္။ မိုးရာသီျဖစ္တာေၾကာင့္ ေျမာင္းေတြ ဗြက္အုိင္ေတြကေနတစ္ဆင့္ ျခင္ေတြေပါက္ဖြားႏုိင္ၿပီးေရာဂါပိုးကို သယ္ယူလာတတ္တာမို႔ အိမ္ပတ္ဝန္းက်င္ သန္႕ရွင္းေရးကိုလည္းအထူးသတိျပဳရမွာပါ။ အိမ္မွာ တစ္ေယာက္ေယာက္ကို ေသြးလြန္တုပ္ေကြးနဲ႕ဆင္တဲ့ ေရာဂါလကၡဏာတစ္ခု ေတြ႕လာၿပီဆိုရင္ေတာ့ ေဆးရံုကိုအျမန္ဆံုးပို႔တာက အေကာင္းဆံုးနည္းလမ္းပါပဲ။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top