ချက်ပြုတ်နည်းများ

မိုးရာသီအထူး ထိုင္းစတုိင္ ဖားသားဟင္း

ပါဝင်ပစ္စည်းများ

ဖား 10 ကောင်ခန့်
ဟင်းသီးဟင်းရွက်ဆီ ၅ဇွန်းခန့်
ကြက်သွန်ဖြူ ၃မွှာ
ဗုံလုံသီး ၂လုံး
ပဲလိပ်ပြာအနည်းငယ်
ရှောက်ရွက် အနည်းငယ်
ငရုတ်သီးငါးတောင့်ခန့် ချေထားပါ
ငါးငံပြာရည် ၁ ဇွန်း
လှီးထားတဲ့ ကြက်သွန်နီတစ်လုံး
နံနံရွက် အနည်းငယ်
ငရုတ်သီးအနှစ် အနည်းငယ်
ချက်ပြုတ်နည်း

ဖားကို ၁ဝမိနစ်ခန့် အပူပေးပြီးနောက် ခြေထောက်နဲ့ လက်ကို ခွါပါ။ အညစ်အကြေးတွေကို သန့်ရှင်းပါ။ အပိုင်း ၈ပိုင်းခန့် သေးသေးလေးတွေ ပိုင်းပါ။


ငရုတ်သီးအနှစ်ကို ကျိတ်စက်ထဲမှာထည့်ပြီး ပုစွန်သေးသေးလေးတွေနဲ့ ငံပြာရည်ကို ရောကျိတ်ပါ။ ပြီးရင် ဘေးမှာ ပန်းကန်လုံးလေးနဲ့ ထည့်ထားပါ။


ကျိတ်စက်ကို ရေအနည်းငယ်ထည့်ပြီး ပြန်ကျင်းထားပါ။ ဟင်းသီးဟင်းရွက်ဆီကို ဒယ်အိုးပူပူထဲမှာထည့်ပြီး ကြက်သွန်ဖြူနဲ့ ခုနက ကျိတ်ထားတဲ့ ငရုတ်သီးအနှစ်တို့နဲ့ ရောဆီသတ်ပါ။ ရေနည်းနည်းထည့်ပြီး ၃မိနစ်ခန့်ထားပါ။ ထို့နောက် ဖားတွေကိုထည့်ပြီး ၂မိနစ်ခန့် အဖုံးအုပ်ပြီးချက်ပါ။


အနည်းငယ်ကြာပါက ပဲလိပ်ပြာနှင့် ဘုံလုံသီးကိုထည့်ပြီး ရေအနည်းငယ်ထည့်ကာ ၂မိနစ်ခန့် ထပ်ချက်ပါ။
ပြီးပါက ခုနက ကျင်းထားတဲ့ ငရုတ်သီးအနှစ်ရည်ကိုထည့်ပြီး ၂မိနစ်ခန့်ထည့်ချက်ပါ။ ထို့နောက် ရှောက်ရွက်၊ ငရုတ်သီးစိမ်းကျိတ်နှင့် ငါးငံပြာရေနည်းနည်းကိုထည့်ပြီး ဟင်းအိုးချလို့ရပါပြီ။ ကြက်သွန်နီအဝိုင်းပြားလေးတွေနဲ့ ဘေးဘက်မှာ အလှဆင်ပြီး တွဲဖက်စားသုံးနိုင်ပါတယ်။


ခုလို အရသာရှိတဲ့ ရာသီစာ အစားအသောက်ကောင်းကောင်းလေးတွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကနေ Order မှာစားလို့ရနေပြီဆိုတာကိုလဲ တစ်ခါတည်းပြောလိုက်ပါရစေ။

[Unicode]

ပါဝင္ပစၥည္းမ်ား

ဖား 10 ေကာင္ခန္႔
ဟင္းသီးဟင္းရြက္ဆီ ၅ဇြန္းခန္႕
ၾကက္သြန္ျဖဴ ၃မႊာ
ဗံုလံုသီး ၂လံုး
ပဲလိပ္ျပာအနည္းငယ္
ေရွာက္ရြက္ အနည္းငယ္
ငရုတ္သီးငါးေတာင့္ခန္႔ ေခ်ထားပါ
ငါးငံျပာရည္ ၁ ဇြန္း
လွီးထားတဲ့ ၾကက္သြန္နီတစ္လံုး
နံနံရြက္ အနည္းငယ္
ငရုတ္သီးအႏွစ္ အနည္းငယ္

ခ်က္ျပဳတ္နည္း

ဖားကို ၁၀မိနစ္ခန္႔ အပူေပးၿပီးေနာက္ ေျခေထာက္နဲ႕ လက္ကို ခြါပါ။ အညစ္အေၾကးေတြကို သန္႔ရွင္းပါ။ အပိုင္း ၈ပိုင္းခန္႔ ေသးေသးေလးေတြ ပိုင္းပါ။

ငရုတ္သီးအႏွစ္ကို က်ိတ္စက္ထဲမွာထည့္ၿပီး ပုစြန္ေသးေသးေလးေတြနဲ႕ ငံျပာရည္ကို ေရာက်ိတ္ပါ။ ၿပီးရင္ ေဘးမွာ ပန္းကန္လံုးေလးနဲ႕ ထည့္ထားပါ။

က်ိတ္စက္ကို ေရအနည္းငယ္ထည့္ၿပီး ျပန္က်င္းထားပါ။ ဟင္းသီးဟင္းရြက္ဆီကို ဒယ္အိုးပူပူထဲမွာထည့္ၿပီး ၾကက္သြန္ျဖဴနဲ႕ ခုနက က်ိတ္ထားတဲ့ ငရုတ္သီးအႏွစ္တို႔နဲ႕ ေရာဆီသတ္ပါ။ ေရနည္းနည္းထည့္ၿပီး ၃မိနစ္ခန္႔ထားပါ။ ထို႔ေနာက္ ဖားေတြကိုထည့္ၿပီး ၂မိနစ္ခန္႔ အဖံုးအုပ္ၿပီးခ်က္ပါ။

အနည္းငယ္ၾကာပါက ပဲလိပ္ျပာႏွင့္ ဘံုလံုသီးကိုထည့္ၿပီး ေရအနည္းငယ္ထည့္ကာ ၂မိနစ္ခန္႔ ထပ္ခ်က္ပါ။
ၿပီးပါက ခုနက က်င္းထားတဲ့ ငရုတ္သီးအႏွစ္ရည္ကိုထည့္ၿပီး ၂မိနစ္ခန္႔ထည့္ခ်က္ပါ။ ထို႔ေနာက္ ေရွာက္ရြက္၊ ငရုတ္သီးစိမ္းက်ိတ္ႏွင့္ ငါးငံျပာေရနည္းနည္းကိုထည့္ၿပီး ဟင္းအိုးခ်လို႔ရပါၿပီ။ ၾကက္သြန္နီအဝိုင္းျပားေလးေတြနဲ႕ ေဘးဘက္မွာ အလွဆင္ၿပီး တြဲဖက္စားသံုးႏုိင္ပါတယ္။

ခုလို အရသာရွိတဲ့ ရာသီစာ အစားအေသာက္ေကာင္းေကာင္းေလးေတြကို စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application ထဲကေန Order မွာစားလို႕ရေနျပီဆိုတာကိုလဲ တစ္ခါတည္းေျပာလိုက္ပါရေစ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top