မြန်မာ

မိုးရာသီစာ မႈိဟင္းလ်ာမ်ား

မိုးရာသီရောက်ပြီဆိုတော့ သူ့ရာသီစာဖြစ်တဲ့ မျှစ်တွေ၊ မှိုတွေကို စျေးထဲမှာပေါပေါများများတွေ့ရမှာ မလွဲပါဘူးနော်။ ဒီတော့ ရာသီပေါ် မှိုတွေကို ဘယ်လိုဟင်းလျာတွေအဖြစ် ချက်ပြုတ်လို့ရတယ်၊ ချက်ပြုတ်လေ့ရှိတယ်ဆိုတာလေးကို ပြောပြချင်ပါတယ်။

မှိုချဉ်စပ်ဟင်း

ဗမာဟင်းပုံစံ မှိုကို ချဉ်စပ် ဆီပြန်လေး ချက်လို့ရပါတယ်။ ပုံမှန် အသားဟင်းတွေကို ချက်တဲ့အတိုင်း ကြက်သွန်နီငရုတ်သီးထောင်းကို ဆီသတ်ပြီး ငပိလေးနည်းနည်းထည့်ပြီး ဆီလေးပြန်လာရင် မန်ကျီးသီးအနှစ်လေး ထည့်ချက်ရုံပါပဲ။

မှိုဟင်းချို

မှိုဟင်းချိုဆိုရင်တော့ ဗမာဟန်နဲ့ မှိုဟင်းဝါအရည်သောက်လည်း ချက်လို့ရသလို ယိုးဒယား ခနောတုံးလေးထည့်ပြီး ချဉ်စပ်အရည်သောက်လေးလည်း ချက်လို့ရပါသေးတယ်။ အခြား မုန်လာဥနီတို့ ငုံးဥတို့ပါ ပေါင်းထည့်လိုက်ရင်တော့ ထမင်းမြိန်တဲ့ ဟင်းရည်တစ်ခွက်ဖြစ်ပြီပေါ့။

မှိုကြက်သားပေါင်း

မှိုကို တရုတ်ဟင်းလျာတွေမှာလည်း ဖောဖောသီသီ သုံးလေ့ရှိတာမို့ ကြက်သားနဲ့ ရောပြီး အချိုပေါင်းတာဖြစ်ဖြစ်၊ အစပ်ပေါင်းတာဖြစ်ဖြစ် ချက်လို့ရနိုင်ပါသေးတယ်။ မှိုရဲ့အချိုဓါတ်က အသားနဲ့ ပနံရတာမို့ ကွက်တိပါပဲနော်။

မှိုကြော်

မှိုကို ဘူးသီး၊ငပေါင်းကြော်လို ဆန်နှစ်နဲ့ရောပြီး တန်ပူရာကြော်လို့ရပါသေးတယ်။ မန်ကျီးသီးအနှစ်နဲ့လုပ်ထားတဲ့ အချဉ်ရည်လေးနဲ့ တွဲလိုက်ရင်တော့ ဟင်းလျာအနေနဲ့ရော၊ အဆာပြေအနေနဲ့ ရော အဆင်ပြေပါတယ်နော်။

မှိုသုပ်

မှိုကို ရေနွေးနဲ့ သုံးမိနစ်လောက်ပြုတ်ပြီး ဂေါ်ဖီ၊ ရှောက်ရွက်တို့နဲ့ ချဉ်စပ်လေး သုပ်စားလို့လည်း ရပါသေးတယ်နော်။ သံပုရာသီးနဲ့ ရှောက်ရွက်ရဲ့ လိုက်ဖက်မှုနဲ့ မှိုရဲ့အချိုဓါတ်က စားရတဲ့သူကို ရှူးရှူးရှဲရှဲနဲ့ ခံတွင်းတွေ့စေမှာပါ။

အခုလို ရာသီစာအစားအသောက် ကောင်းကောင်းလေးတွေကို စားချင်တယ်ဆိုရင် Doemal App ထဲက ဆို်င်တွေကနေ အော်ဒါမှာစားလို့ရပြီဆိုတာကိုလဲ သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်နော်

[Unicode]

မိုးရာသီေရာက္ၿပီဆိုေတာ့ သူ႔ရာသီစာျဖစ္တဲ့ မွ်စ္ေတြ၊ မႈိေတြကို ေစ်းထဲမွာေပါေပါမ်ားမ်ားေတြ႕ရမွာ မလြဲပါဘူးေနာ္။ ဒီေတာ့ ရာသီေပၚ မႈိေတြကို ဘယ္လိုဟင္းလ်ာေတြအျဖစ္ ခ်က္ျပဳတ္လို႔ရတယ္၊ ခ်က္ျပဳတ္ေလ့ရွိတယ္ဆိုတာေလးကို ေျပာျပခ်င္ပါတယ္။

မႈိခ်ဥ္စပ္ဟင္း

ဗမာဟင္းပံုစံ မႈိကို ခ်ဥ္စပ္ ဆီျပန္ေလး ခ်က္လို႔ရပါတယ္။ ပံုမွန္ အသားဟင္းေတြကို ခ်က္တဲ့အတိုင္း ၾကက္သြန္နီငရုတ္သီးေထာင္းကို ဆီသတ္ၿပီး ငပိေလးနည္းနည္းထည့္ၿပီး ဆီေလးျပန္လာရင္ မန္က်ီးသီးအႏွစ္ေလး ထည့္ခ်က္ရံုပါပဲ။

မႈိဟင္းခ်ိဳ

မႈိဟင္းခ်ိဳဆိုရင္ေတာ့ ဗမာဟန္နဲ႕ မႈိဟင္းဝါအရည္ေသာက္လည္း ခ်က္လို႔ရသလို ယိုးဒယား ခေနာတံုးေလးထည့္ၿပီး ခ်ဥ္စပ္အရည္ေသာက္ေလးလည္း ခ်က္လို႔ရပါေသးတယ္။ အျခား မုန္လာဥနီတို႔ ငံုးဥတို႔ပါ ေပါင္းထည့္လိုက္ရင္ေတာ့ ထမင္းျမိန္တဲ့ ဟင္းရည္တစ္ခြက္ျဖစ္ၿပီေပါ့။

မႈိၾကက္သားေပါင္း

မႈိကို တရုတ္ဟင္းလ်ာေတြမွာလည္း ေဖာေဖာသီသီ သံုးေလ့ရွိတာမို႔ ၾကက္သားနဲ႕ ေရာၿပီး အခ်ိဳေပါင္းတာျဖစ္ျဖစ္၊ အစပ္ေပါင္းတာျဖစ္ျဖစ္ ခ်က္လို႔ရႏုိင္ပါေသးတယ္။ မႈိရဲ႕အခ်ိဳဓါတ္က အသားနဲ႕ ပနံရတာမို႔ ကြက္တိပါပဲေနာ္။

မႈိေၾကာ္

မႈိကို ဘူးသီး၊ငေပါင္းေၾကာ္လို ဆန္ႏွစ္နဲ႕ေရာၿပီး တန္ပူရာေၾကာ္လို႔ရပါေသးတယ္။ မန္က်ီးသီးအႏွစ္နဲ႕လုပ္ထားတဲ့ အခ်ဥ္ရည္ေလးနဲ႕ တြဲလုိက္ရင္ေတာ့ ဟင္းလ်ာအေနနဲ႕ေရာ၊ အဆာေျပအေနနဲ႕ ေရာ အဆင္ေျပပါတယ္ေနာ္။

မႈိသုပ္

မႈိကို ေရေႏြးနဲ႕ သံုးမိနစ္ေလာက္ျပဳတ္ၿပီး ေဂၚဖီ၊ ေရွာက္ရြက္တို႔နဲ႕ ခ်ဥ္စပ္ေလး သုပ္စားလို႔လည္း ရပါေသးတယ္ေနာ္။ သံပုရာသီးနဲ႕ ေရွာက္ရြက္ရဲ႕ လုိက္ဖက္မႈနဲ႕ မႈိရဲ႕အခ်ိဳဓါတ္က စားရတဲ့သူကို ရွဴးရွဴးရွဲရွဲနဲ႕ ခံတြင္းေတြ႕ေစမွာပါ။

အခုလို ရာသီစာအစားအေသာက္ ေကာင္းေကာင္းေလးေတြကို စားခ်င္တယ္ဆိုရင္ Doemal App ထဲက ဆို္င္ေတြကေန ေအာ္ဒါမွာစားလို႕ရျပီဆိုတာကိုလဲ သတင္းေကာင္းေလးပါးလိုက္ခ်င္ပါတယ္ေနာ္။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top