သုံးသပ်ချက်များ

မန်းမြေက ရိုးရာ လက်ဖက်ဆူရှီ

Tea leaves Sushi

မန္တလေးက ဆူရှီချစ်သူတွေတော်တော်များများ ရိုးရာဆူရှီဆိုင်လေးကိုသိကြမှာပါ။ လမ်း ၆၈ ၂၇x၂၈ ကြား ကလေးဆေးရုံအရောက်ဖက်မှာ ရှိပါတယ်။ ကျွန်တော် ဆူရှီစစားဖူးတဲ့ဆိုင်ဆိုလဲမမှားပါဘူး။ ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ သူငယ်ချင်းတွေ အေးအေးဆေးဆေးချိန်းပြီး စကားပြောလို့ကောင်းတဲ့ဆိုင်မျိုးလေးပါပဲ။

လက်ဖက်ဆူရှီက ဒီဆိုင်မှာထပ်တိုးလိုက်တာ မကြာသေးဘူး။ နာမည်ကြားရုံနဲ့ ဘယ်ဆိုင်မှာမှမရှိဖူးသေးဘူးဆိုတာ သိကြမှာပါ။ ကျွန်တော်လဲ ကြားကြားချင်းတော့ ထူးထူးဆန်းဆန်းပဲဟဆိုပြီး သွားစားဖြစ်ခဲ့ပါတယ်။

ဗိုက်ကလဲဆာဆာနဲ့ အဲ့နေ့ကမှာလိုက်တာ လက်ဖက်ဆူရှီရယ်၊ Califonia Roll ရယ်၊ ကော်ပြန့်စိမ်းရယ်၊ ကြက်ဥပလိန်းလိပ်ရယ်၊ Meso soup ရယ်ပေါ့။ ငတ်တယ်လို့တော့မထင်စေချင် 🙄🙄🙄…

လက်ဖက်ဆူရှီ

Tea Leave Sushi
မြန်မာဆိုရင် လက်ဖက်ကြိုက်သတဲ့ (မြန်မာမဟုတ်လဲ ကြိုက်ရင်ကြိုက်မှာပေါ့ ဘနှာ့) 😁😁😁… ကျွန်တော်လဲ လက်ဖက်သုပ်အရမ်းကြိုက်တဲ့သူပေါ့။ သူတို့မေးတော့ လက်ဖက်အချဉ်နဲ့ လက်ဖက်အသားဆိုပြီးနှစ်မျိုးရတယ်တဲ့။ အဲ့တော့ အချဉ်ကြောက်သူမို့ လက်ဖက်အသားနဲ့ပဲမှာဖြစ်ခဲ့တယ်။

လက်ဖက်ဆူရှီက လုပ်ရတာမြန်လို့ပဲလားမသိဘူး။ မှာပြီးသိပ်မကြာဘူးအရင်လာချတယ်။ ပွဲပြင်ဆင်ထားပုံက စားချင်စရာလေး။ ပန်းကန်ထဲမှာ အစာစုံနှစ်ပြန်ကြော်လေးတွေပါပါတာမို့ နှစ်ပြန်ကြော်လေးတွေကို ဆူရှီလေးပေါ်တင်ပြီး ဝါးကြည့်တော့…
လက်ဖက်နဲ့ရေညှိ အဲ့လောက်လိုက်ဖက်မယ်လို့ထင်မထားခဲ့ဘူး။ ထည့်လိပ်ထားတဲ့အလိပ်ထဲမှာ လက်ဖက်ရယ် ဂေါ်ဖီနုနုလေးတွေရယ်နဲ့ ကြွပ်ကြွပ်လေးကြော်ထားတဲ့အမှုန်လေးတွေ (ဘာလဲမမေးခဲ့ရဘူး) ပါတယ်။ ဒါပေမယ့်စားရတာကတော့ တို့တွေငယ်ငယ်က နတ်တင်တဲ့လက်ဖက်ကို စွန့်ပြီးနောက် ထမင်းနဲ့စားထည့်လိုက်ရသလိုပဲ။ တအားကြီး ထူထူးခြားခြားတော့ မခံစားမိဘူး။ လက်ဖက်နဲ့ရေညှိဖက်နဲ့ရောဝါးရတာတော့ တစ်မျိုးလေးပေါ့နော်။ နောက်ကျရင် အိမ်မှာလက်ဖက်သုပ်တဲ့အခါ ရေညှိဖက်လေးတွေထည့်စားရမယ်လို့ကို စိတ်ကူးမိတာမျိုး။ ပြီးတော့ သူ့ထဲက ကြွပ်ရွရွအမှုန်လေးတွေက စားရတာကိုပိုကောင်းသွားစေတယ်လို့ပြောရမယ်။ ခြုံပြောရရင် အရသာသိပ်မထူးခြားပေမယ့် အိုင်ဒီယာလေးထူးခြားတာပေါ့။

Califonia Roll

Tea Leave Sushi
ဒီဟာကိုတော့ ရိုးရာကို ၁၀ ခေါက်သွား ၁၂ ခေါက်လောက် စားပစ်တာမျိုး။ ကိုယ်အကြိုက်ဆုံး ဆူရှီပါပဲ။ ဘယ်နှခါစားစားမရိုးပါဘူး။ အကြိုက်ဆုံးက ပန်းသီးထည့်ပြီး လိပ်ထားတာမို့ပဲ။ ပန်းသီးကိုဟင်းလျာအနေနဲ့မစားတတ်ပေမယ့် သူနဲ့ကျမှ စားတတ်နေတာမျိုးပေါ့။

ကော်ပြန့်စိမ်း

Tea Leave Sushi
မရေးခင် သွားရေကျလာလို့ ပြန်ဂလုလိုက်ရတယ်။ ရိုးရာမှာ ဒုတိယအကြိုက်ဆုံး menu ပါပဲ။ ကြက်သား၊ ပုဇွန် ဆိုပြီး မှာစားလို့ရပါတယ်။ ကျွန်တော်အစားများတာကတော့ ပုဇွန်ကော်ပြန့်စိမ်း။ ကော်ပြန့်ရွက်လေးထဲမှာ ကော်ဖီ၊ ခါကြက်ဥ စတဲ့အသီးအနှံတွေရယ် ပုဇွန်ရယ်ကိုထည့်လိပ်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ ချက်ထားပုံရပါတယ်။ နူးနူးညံ့ညံ့ကော်ပြန့်လိပ်ထဲက အငွေ့ထောင်းထောင်းထနေတဲ့ အဆာပလာလေးတွေကို မန်ကျီးချဉ်ရည်နဲ့တို့စားရတာက ပါးစပ်ထဲရောက်တာနဲ့ ပါးတွေကျဉ်တက်သွားတာမျိုး။ နောက်ရက် ထပ်ပြီးသွားစားပါဦးမယ်။

ကြက်ဥပလိန်းလိပ်

Tea Leave Sushi
ဒါလဲ သွားစားတိုင်းမပါမဖြစ်ပါပဲ။ ကြက်ဥသားကို ပါးနေအောင်လုပ်ထားပြီး လိပ်ထားတာမို့ အထပ်ထပ်လေးတွေနဲ့ စားလို့အတော်ကောင်းပါတယ်။ သူရဲ့အရသာက ချိုချိုလေးလို့ပြောရမယ်ဗျ။ ကြက်ဥသားကိုလည်း နူးညံ့နေအောင်လုပ်ထားတာမို့ ဆူရှီတွေနဲ့တွဲစားရတာ အတော်ကောင်းပါတယ်။

Meso Soup

Tea Leave Sushi
ထူးဆန်းတယ်ပြောရမလားပဲ။ ကျွန်တော် ပထမဆုံး Meso soup စသောက်မိတုန်းက မှာမိတာမှားပြီလို့ကို တွေးမိတယ်။ လုံးဝမကြိုက်ဘူး… အနံ့ရော အရသာရော… သူများတွေပြောတာတော့ မြန်မာပါးစပ်နဲ့မကိုက်ဘူးတဲ့။ ဆူရှီစစားဖူးတုန်းကလိုပဲ ရေညှိအနံ့ကြောင်း လုံးဝမစားနိုင်သလိုပေါ့။ အဲ့တာနဲ့ နောက်တစ်ခါဆို ငါကြိုက်ရင်ကြိုက်မှာ ထပ်စားကြည့်ဦးမယ်ဆိုပြီးမှာရာကနေ နောက်ပိုင်းကြိုက်သွားတယ်။ 😁😁😁 … ကျင့်သားရသွားများလား… သူက Meso အနှစ်ရယ် ပဲပြားရယ် ရေညှိဖက်တွေရယ်နဲ့လုပ်ထားတဲ့ စွပ်ပြုတ်လေးပါပဲ။ တခြားထက် ရေညှိဖက်လေးတွေကို ကျလိကျလိဝါးရတာကို ပိုသဘောကျမိတယ်။

ရိုးရာဆူရှီဆိုင်လေးက ကျတော်စားဖူးသလောက် အတော်ကောင်းပြီး စျေးသက်သာတဲ့ဆိုင်ပါ။ နောက်သူ့ရဲ့ထူးခြားချက်က လက်ဖက်ရည်ကို အပူ အအေး နှစ်မျိုး သောက်လို့ရတဲ့ ဝန်ဆောင်မှုရှိတာပဲ။ ကျွန်တော်ကတော့ အမြဲအအေးပဲသောက်တယ်။ လက်ဖက်ခြောက်နံ့မွှေးမွှေးလေးကို ခံစားရင်း ရင်ထဲအေးသွားတာကိုကြိုက်တာ။ စျေးသက်သာတယ်ဆိုတာက တစ်ပွဲတစ်ပွဲကို ၁၀၀၀ ဝန်းကျင်ပဲရှိတယ်။ ပြီးတော့ ဆာရှမီတို့ တန်ပူရာကြော်တို့ ရေညှိသုပ်တို့လဲ ရသေးတယ်။ သူတို့ကတော့စျေးကြီးလို့ ကျွန်တော်ခုထိမစားဖူးဘူး 😢😢😢… သနားရင်ဝယ်ကျွေးကြပါ။

ကဲ ရိုးရာမှာ Menu အသစ် လက်ဖက်ဆူရှီလေးကို မမြည်းရသေးရင် သွားမြည်းကြည့်ကြပါဦးလို့။

ဆိုင်ရဲ့ အချက် အလက်လေးတွေကို Doemal မှာ ထပ် ကြည့်လို့ရသေးတယ်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top