စားသောက်နေထိုင်နည်း
မတ်လရဲ့ ထူးထူးခြားခြားစားစရာလေးများ
ဆောင်းအကုန်နွေအကူး မတ်လကိုရောက်ရှိလို့လာပါပြီ။
ရာသီအကူးအပြောင်းကာလလည်းဖြစ်လို့ အစားအသောက်လေးတွေကလည်း ရာသီလိုက်ပေါ်လာကြပါပြီ။ ဆိုင်လေးတွေ တစ်ချိူ့ကလည်း ပွင့်လင်းရာသီမှာ ပြန်ပြီးဖွင့်လာတာကိုလည်းတွေ့ရမှာပါ။ ရေခဲခြစ်ဆိုင်လေးတွေ ၊ အသုပ်ဆိုင်လေးတွေ လည်းနေရာတကာမှာ တွေ့နိုင်နေပြီး ကျောင်းပိတ်ရက်ရှည်ရတဲ့ ကျောင်းသားအပေါင်း ဟာလည်း လမ်းတွေပေါ်မှာ ဆော့ကစားနေကြပါပြီ။
ကဲ အခုဒီဆောင်းပါးလေးမှာ မတ်လ အတွင်းမှာဘာတွေ ထူးထူးခြားခြား စားစရာတွေရှိလည်းဆိုိတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
မတ်လမှာဆိုရင် ရာသီအကူးအပြောင်းကာလမို့ အသီးအနှံလေးတွေပေါပါတယ်။
ဖရဲသီးပေါ်ချိန်မို့လို့ ဖရဲသီးလေးကို သူ့အတိုင်းလေးပဲစားစား ဒါမှမဟုတ် ရေခဲလေး၊ သကြားလေးထည့်ပြီး ခေါက်စားရင် ရာသီဥတုပူပူမှာ ရင်အေးစေမှာပါ။
ဆောင်းကုန်ခါနီးမို့ နောက်ဆုံးလက်ကျန် စတော်ဘယ်ရီသီး ကြီးကြီးလေးတွေ ရနိုင်တဲ့ အချိန်လည်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ ဒီအချိန် ကြံစပေါ်တဲ့အချိ်န်ဖြစ်ပါတယ်။ နေရာအနှံ့အပြားမှာ ကြံရည်ရောင်းတဲ့ ဆိုင်လေးတွေလည်း တွေ့နိုင်တဲ့အချိန်ပါပဲ။ သွားရင်းလာရင်း ရင်ပူလာရင် ကြံရည်လေး သောက်သင့်ပါတယ်။
နောက်တစ်ခုကတော့ လူတော်တော်များများကြိုက်ကြတဲ့ ပျားလိမ္မော်သီးလေးတွေ ပေါ်ချိန်ပါပဲ။ ရေဓာတ်ကိုပြည့်ဝစေပြီး ကျန်းမာရေးနဲဲ့ သင့်တော်လို့ စားသုံးပေးသင့်ပါတယ်။
ကန်စွန်းဥပေါ်ချိန်လည်း ရောက်ပြီဖြစ်လို့ ကန်စွန်းဥပြုတ်လေးဖြစ်ဖြစ် ကန်စွန်းဥလေးကို အတုံးလေးတွေတုံးပြီး ကြော်စားရင်လည်း တကယ်အရသာရှိပါတယ်။
နောက်ပြီး ဒီလဟာ မြန်မာလနဲ့ ကိုက်ရင် တပို့တွဲလမို့ အိမ်တိုင်းနီးပါး ထမနဲထိုးလေ့ရှိပါတယ််။ ထမနဲလေးနဲ့ ရေနွေးကြမ်းလေးကို့ ညနေခင်းလေးမှာ ဆောင်းလေအေးလက်ကျန်လေးတိုက်တဲ့ အချိန်မှာ စားလိုက်ရရင် ရင်ထဲမှာ နွေးထွေးသွားစေမှာ အမှန်ပါပဲ။
နောက်တစ်ခုက ဒီလိုရာသီရောက်ရင် ရပ်ကွက်တွေထဲမှာ မန်းမရွေးသည်တွေကို တွေ့နိုင်ပါပြီ။ ဒီအညာမုန့်ကလုပ်ရတာ လက်လည်းဝင်သလို စားလို့ကလည်း အရမ်းကောင်းပါတယ်။စာရေးသူတို့ အဘွားဆိုတစ်ခါဝယ်စားရင်ငါးဆယ်သား ကတော့ အသာလေးပါပဲ။
မိုးလွတ်လေလွတ်ကာလလည်းဖြစ်လို့ ဒေသတော်တော်များများမှာ ဘုရားပွဲတွေကျင််းပကြတဲ့ အတွက် ၁၂မျိူးစျေးသည်လို့ခေါ်တဲ့ မုန့်သည်မျိူးစုံ တွေ ဆီကနေလည်း မြန်မာမုန့်ကအစ တုတ်ထိုးအဆုံး စားလို့ရပါသေးတယ်ရှင်။
ခုလိုအရသာရှိတဲ့ မြန်မာမုန့်တွေ ရာသီစာအစားအသောက် လေးတွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကနေ ဆိုင်တွေရှာဖွေပြီးတော့ Order မှာစားလို့ရနေပြီဆိုတာလေးကိုလဲ သတင်းကောင်းလေးပါးလိိုက်ပါရစေ။
Doemal 2nd years anniversary အနေနဲ့လဲ March ၁လလုံး Delivery ခ 700 ကျပ်နဲ့ မှာစားတဲ့ ကျသင့်ငွေပေါ်မှာ 20% Dinga တွေပြန်ပေးသွားမယ့် Special Promotion ကြီး ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလဲ စာဖတ်ပရိသတ်ကြီးသိစေဖို့မျှဝေပေးလိုက်ပါတယ်နော်။
မတ်လရဲ့ပူလောင်ခါစရာသီဥတုမှာ စာရေးသူကကျန်းမာရေးအတွက်
နိဂုံးစကားလေးမှာလိုက်ပါရစေနော်။ ရေဓာတ််မကုန်ခမ်းအောင် ရေများများသောက်ကြပါလို့။
ချစ်ခင်ခြင်းများစွာဖြင့်။
[Unicode]
ကဲ အခုဒီဆောင်းပါးလေးမှာ မတ်လ အတွင်းမှာဘာတွေ ထူးထူးခြားခြား စားစရာတွေရှိလည်းဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
မိုးလွတ်လေလွတ်ကာလလည်းဖြစ်လို့ ဒေသတော်တော်များများမှာ ဘုရားပွဲတွေကျင်းပကြတဲ့ အတွက် ၁၂မျိုးဈေးသည်လို့ခေါ်တဲ့ မုန့်သည်မျိုးစုံ တွေ ဆီကနေလည်း မြန်မာမုန့်ကအစ တုတ်ထိုးအဆုံး စားလို့ရပါသေးတယ်ရှင်။
ခုလိုအရသာရှိတဲ့ မြန်မာမုန့်တွေ ရာသီစာအစားအသောက် လေးတွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကနေ ဆိုင်တွေရှာဖွေပြီးတော့ Order မှာစားလို့ရနေပြီဆိုတာလေးကိုလဲ သတင်းကောင်းလေးပါးလိုက်ပါရစေ။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top