Uncategorized

ကချင် ခေါင်ရည် စစ်စစ်နဲ့ ကချင်အစားအစာ ကြိုက်သူတိုင်းအတွက် ဘွမ်ရှီ

ကချင်ခေါင်ရည်မွှေးမွှေးလေးနဲ့ ကချင်စာချစ်သူ အတွက်စမ်းချောင်းနားလေးမှာ ကချင်ဆိုင်လေးတစ်ဆိုင် တွေ့ထားပြန်တယ်။
ဆိုင်နာမည်လေးက ဘွမ်ရှီ၊ စမ်းချောင်း ဗဟိုလမ်းပေါ်က ဇေယျဝတီလမ်းမှာ ရှိပါတယ်။ ဆိုင်လေးက ရိုးရိုးလေးနဲ့ မိသားစု ဆိုင်အနေအထားလိုပုံစံလေးပါ။ ဆိုင်ပိုင်ရှင် ကချင်လူမျိုး အစ်မတွေကလည်း ချောပြီး သဘောကောင်းတယ် ဟိဟိ။

အစားအသောက်တွေအကြောင်း မပြောခင် ဒီဆိုင်မှာ နာမည်အကြီးဆုံးနှင့် ကိုယ်ကြွေပြီး သောက်ပြီးရင်းသောက်ချင် ဖြစ်သွားတဲ့ ကချင်ခေါင်ရည်လေးအကြောင်း အရင်ပြောပြမယ်။ ကချင် ခေါင်ရည်လေးကို ကောက်ညှင်းငချိတ်နဲ့ ပြုလုပ်ထားတာကြောင့် ကောက်ညှင်းနံ့လေးမွှေးပြီး သောက်လို့ကောင်းတယ်။ အချိုနဲ့ အခါး ၂ မျိုး ရပါတယ်။ ဘွမ်ရှီက ခေါင်ရည် ရဲ့ ထူးခြားချက်က အနံ့ပြင်းတာ၊ ချဉ်စူးစူးကြီး ဖြစ်တာမရှိပဲ သောက်လိုက်ရင် Smooth ဖြစ်တယ်ပေါ့နော်..။
စျေးနှုန်းက ၁ လီတာ တစ်ပုလင်းကို ၄၀၀၀ ကျပ်ပါ။

အသောက်အကြောင်းပြီးပြီ ဆိုတေ့ာ အစားဘက်လှည့်ရအောင်လေ။ ကချင်စားသောက်ဆိုင်လေး ဖြစ်တဲ့ အတွက် ကချင်အစားအစာအစုံ ရရှိပါတယ်။ ပိုပြီး ထူးခြားတာက ကချင်ပြည်နယ်မှာပဲ ရနိုင်တဲ့ အစားအစာလေးတွေကိုပါ ဘွမ်ရှီမှာ ရနိုင်ပါတယ်။ ကိုယ်တွေစားခဲ့တာလေးတွေ ပြောရမယ်ဆိုရင်တော့ ကချင်ဒံပေါက်၊ ပန်းဥထောင်း၊ မှိုကပ်ထောင်း၊ တောင်ယာပိန်းဥ ဟင်းချိူ၊ ဟင်းနုနွယ်ရွက်သုတ်၊ ကြက်သားဆန်လှော်၊ ဆီပါ တို့ စားခဲ့တယ်။

ကချင်ဒံပေါက် – ၁၅၀၀ ကျပ်

ကချင်အစားအစာကြိုက်သူတိုင်း အကြိုက်တွေ့တဲ့ ကချင်ဒံပေါက်လေးကို ဘွမ်ရှီမှာလဲရပါတယ်။ အရသာက ဆိမ့်ဆိမ့်လေးရယ်။ ဆော့စ်လေးနဲ့ တွဲစားမယ်ဆိုရင်တော့ တော်တော် စားကောင်းတယ်။

ပန်းဥထောင်း – ၁၀၀၀ ကျပ်

ပန်းဥထောင်းဆိုတာကတော့ ကချင်ပြည်နယ်မှာပဲ ရနိုင်တဲ့ အစားအစာတစ်ခုပါ။ သူ့ရဲ့ အရသာက ပူပူရှိန်းရှိန်းလေးနဲ့ ခံတွင်း ရှင်းစေပါတယ်။

မှိုကပ်ထောင်း – ၂၀၀၀ ကျပ်

မိုးတွင်းဘက်ပဲပေါက်ပြီး ကချင်ပြည်နယ်မှာပဲ ရနိုင်တဲ့ မှိုကပ်ကို ကချင်ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောထောင်းထားတာဆိုတော့ မှိုသားအိအိလေးနဲ့ စားကောင်းတယ်။

တောင်ယာပဲပိန်းဥဟင်းချိူ – ၁၅၀၀ ကျပ်

သဘာဝ ဟင်းသီးဟင်းရွက်တွေရယ် ပဲရယ် ပိန်းဥလေးကိုရောချက်ထားတဲ့အတွက် လတ်ဆတ်ပြီးသောက်ကောင်းတယ်။

ဆီပါ – ၁၅၀၀ ကျပ်

ကျန်းမာရေး နဲ့ညီညွှတ်တဲ့ ဆီပါဟင်းလေးတော့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်လေးနဲ့ ချက်ထားတဲ့အတွက် တော်တော်စားကောင်းတယ်။

ကြက်သားဆန်လှော် – ၂၅၀၀ ကျပ်

ဆန်ကိုလှော်ပြီး ကြက်သားနဲ့ ပြန်ချက်ထားတဲ့ အတွက် မွှေးမွှေးလေးနဲ့ ရေလည် မိုက်တယ်။

ဟင်းနုနွယ်ရွက်သုတ် – ၁၅၀၀ ကျပ်

ဟင်းနုနွယ်ကို ကြော်စားရတာ ရိုးလာပြီဆို ဘွမ်ရှီက ဟင်းနုနွယ်ရွက်သုတ်လေး စားကြည့်လိုက်ပါနော်။ ချဉ်စပ်လေးနဲ့ စားကောင်းတယ်။

ဒီဆိုင်လေးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ https://bit.ly/2xcvpsM မှာကြည့်လို့ရပါတယ်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top