စားသောက်နေထိုင်နည်း
ဘူဖေးရဲ့ သမိုင်းကြောင်း
Writer_Pyae
[Unicode]
ဘူဖေးစားရင် သိပ်ပျော်စရာကောင်းတာပါ။ ကိုစားချင်တာကိုရွေးပြီး မဝမချင်းစားလို့ရတယ်လေ။ ဘူဖေးမှာ အစားတွေတင်မကဖူး သောက်စရာ တွေကိုလည်း အေးဆေးသောက်လို့ရတယ်လေ။ ပြီးတော့ တချိူ့ ဘူဖေးဆိုင်တွေမှာ ဆိုရင်တော့ ဘီယာတို့ ဝိုင်တို့ကိုပါ မဝမချင်း သောက်လို့ရပါတယ်။
ဘူဖေးတွေကို စတင်လာတာ ယခုနှစ်တွေမှ မဟုတ်ပါဖူး။ ၁၈ရာစုလောက် ကတည်း က အမေရိကန်နိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဘူဖေးဆိုတဲ့ အသုံးအနှုန်းကတော့ ပြင်သစ်စကား ဘူဖက်ကနေစတင်ခဲ့တာဖြစ်ပါတယ်။ ခုံရှည်လို့ အဓိပ္ပာယ်ရပါတယ်။ ခုံတန်းလျားအရှည်ကြီးပေါ်မှာ အစားအသောက်တွေကို တင်ပြီးစားရတဲ့ အတွက် ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
ဘူဖေးဆိုပြီး ထင်ထင်ရှားရှား စတင်ခဲ့တာကတော့ ၁၉၄၀ ခုနှစ် အမေရိကန်နိုင်ငံ လာ့စ်ဗေးဂတ်မြို့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ရဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ မက်ဒေါ်နယ်ကနေပြီးတော့ လောင်းကစားရုံတွေမှာ ဘူဖေးကောင်တာတွေဖွင့်လှစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ လောင်းကစားရုံတွေထဲမှာ လူတွေပြည့်နေစေဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ကနေပြီးတော့ စတင်လာပြီး ဘူဖေးဆိုတာနာမည်ကြီးလာပါတော့တယ်။ ဒါပေမဲ့ အရင်ခေတ်ကဘူဖေးတွေမှာ ဈေးနှုန်းအလိုက်တော့ အစားအသောက်ကွဲပြားမှုတွေ ရှိပါသေးတယ်။ ယခုခေတ်မှာတော့ ဘူဖေးဆိုင်တော်တော်များများမှာ ဈေးအသင့်အတင့်နဲ့ ဈေးကြီးတဲ့ ပင်လယ်စာတွေကိုပါ စားသုံးနေနိုင်ပါပြီ။
ပရိသတ်ကြီးတို့လည်း ဒီဆောင်းပါးလေးဖတ်ပြီး ဘူဖေးစားတိုင်း ဘူဖေးရဲ့ သမိုင်းကြောင်းလေးကို သတိရမယ်လို့မျှော်လင့်ပါတယ်။ ကို့သူငယ်ချင်းတွေနဲ့ ဘူဖေးစားတိုင်း သမိုင်းကြောင်းလေးကို သူငယ်ချင်းတွေကိုလည်း ဗဟုသုတဝေမျှလို့ရတာပေါ့နော်။
Writer_Pyae
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top