Lifestyle

ဘီယာသောက် ပြိုင်ပွဲတွေမှာ အနိုင်ရအောင် ဘယ်လိုသောက်ကြမလဲ။

DOEMAL BEERFEST

ဘီယာကို ကြိုက်လည်းကြိုက်တယ်၊ ဘီယာသောက်တဲ့ နေရာမှာလည်း ဆရာ ကျတဲ့ သူတွေအတွက်တော့ ဘီယာသောက်ပြိုင်ပွဲတွေက ပျော်စရာကောင်းတဲ့ ပြိုင်ပွဲတွေပါ။

Doemal Beerfest

လာမယ့် အောက်တိုဘာလ ၁၄ရက်နေ့မှာ Doemal ကနေ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အမိုက်စား Doemal Beerfest ဘီယာသောက်ပြိုင်ပွဲကြီးကို ကျင်းပမှာတဲ့။ ဒီပွဲမှာ အနိုင်ရတဲ့ ချန်ပီယံအတွက် ဆုငွေ (၁၀)သိန်းတောင် ပေးမှာ ဆိုတော့ နိုင်ရင်တော့ ပျော်ပြီပေါ့။

ဘီယာသောက်ပြိုင်ပွဲတွေရဲ့ ထုံးစံတိုင်း လာပြိုင်တဲ့ သူတွေအားလုံးက ဆရာကြီးတွေချည်းပဲဆိုတော့ ချန်ပီယံ ဖြစ်ဖို့အတွက် ကတော့ အကြိတ်အနှယ် ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဘီယာသောက် ပြိုင်ပွဲမှာ ဘီယာတွေ အများကြီး သောက်နိုင်ပြီး ချန်ပီယံ ဖြစ်နိုင်မယ့် နည်းလမ်းကောင်းတွေက ပြောပြပေးမယ်လေ။ စိတ်ဝင်စားသွားပြီဟုတ်။

အိပ်ရေးဝဝ အိပ်ပြီး အစားပုံမှန်စားပါ။

How to win in Beer drinking competition?
ပြိုင်ပွဲမဝင်ခင် (၃)ရက်အတွင်း အားအင် ပြည့်ဖို့အတွက် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ အိပ်ချိန်အနေနဲ့ အနည်းဆုံး (၇) နာရီ ရှိဖို့နဲ့ အစားကိုလည်း မျှတအောင် စားဖို့လိုပါတယ်။ ဒီရက်ပိုင်းမှာတော့ အပူအစပ်တွေ စားတာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ဦးခေါင်းကို အနောက်ဘက် အနည်းငယ်စောင်းပြီးသောက်ပါ။


Photo credit : https://www.wikihow.com

ခေါင်းကို အနောက်ဘက် အနည်းငယ်စောင်းထားတဲ့ အနေအထားက ဘီယာပြိုင်သောက်တဲ့သူတွေအတွက် အကောင်းဆုံး အနေအထားပါ။ ကမ္ဘာ့ ဘီယာသောက် ချန်ပီယံ တော်တော်များများက ဒီနည်းအတိုင်း သောက်ကြတာ တွေ့မြင်ရမှာပါ။

မသောက်ခင် အသက်ဝဝ ရှုပါ။

ဘီယာခွက်ကြီးတွေထဲက ဘီယာတွေကို မသောက်ခင် အသက်ကို ဝအောင်ရှုလိုက်ပါ။ ဒီလို အသက်ဝဝ ရှု လိုက်တာက အဆုတ်ကို အားကောင်းစေပြီး ဘီယာသောက်နေတဲ့ အချိန်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ များများ သောက်နိုင်ပါတယ်။

ငုံမသောက်ပဲ တစ်ခါတည်း မြိုချပါ။

ဘီယာတွေကို အများဆုံးနဲ့ အမြန်ဆုံးသောက် နိုင်တဲ့နည်းလမ်းတစ်ခုကတော့ ပါးစပ်ကို ကျယ်ကျယ်ဟပြီး ဘီယာတွေကို တစ်ခါတည်း မြို ကျလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ကမ္ဘာကျော် ဘီယာသောက် ချန်ပီယံ Lweis Mile ကျင့်သုံးခဲ့တဲ့ နည်းလမ်းပါ။

ကိုယ့်ရဲ့ ဘီယာသောက်နိုင်တဲ့ ပမာဏ ကို ချင့်ချိန်ပါ။

ဘီယာသောက်ပြိုင်ပွဲ ဆိုတဲ့အတိုင်း ဘီယာတွေကို များများနဲ့ မြန်မြန်သောက်နိုင်တဲ့ သူက အနိုင်ရရှိမှာပါ။ တချို့ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ သဘာဝ ခန္ဓာကိုယ်ဖွဲဲ့စည်းပုံအရ တော်ရုံဘီယာ သောက်ရုံနဲ့မမူးကြပဲ အေးအေးဆေးဆေးကြီး ကောင်းကောင်းသောက်နိုင်ကြလေ့ ရှိတယ်။ တချို့ တွေကလည်း သောက်ရင်းသောက်ရင်း လေ့ကျင့် သလို ဖြစ်ပြီး အများကြီးသောက်နိုင်တဲ့ သူတွေ လည်း ရှိကြတယ်။ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်မယ်ဆိုရင်တော့ ပြိုင်ပွဲမှာ သောက်ရမယ့် ဘီယာ ပမာဏ နဲ့ ကိုယ်သောက်နိုင်တဲ့ ပမာဏ ချင့်ချိန်ပြီးမှ ပြိုင်ဖို့ အကြံပြု ပါရစေ။

အစားစားပါ။

How to win in beer drinking competition?
ဘီယာသောက်ပြိုင်ပွဲမပြိုင်ခင်မှာ အစာတစ်ခုခု ကြိုစားထားတာ က ကိုယ့်ရဲ့ ဘီယာသောက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ စားတယ်ဆိုတဲ့နေရာမှာလည်း သင့်ရုံ လောက်ပဲ စားသင့်ပါတယ်။ ဗိုက်ကားနေအောင် တစ်ဝတစ်ဗြဲ စားထားရင်တော့ ဘီယာ၃ ခွက်လောက်သောက်ပြီးတာ နဲ့ အန်ထွက်စေမှာပါ။ အစားမရှိပဲ ဘီယာသောက်ရင် သွေးကြောတွေထဲကို အရက်စိမ့်ဝင်မှု မြန်ဆန်ပြီး အမူးမြန်စေပါတယ်။

ရေဓါတ် ဖြည့်ပါ။
How to win in Beer drinking competition?
ယမကာ ပါဝင်တဲ့ အဖျော် ယမကာတွေက ခန္ဓာကိုယ်ထဲက ရေဓါတ်ကို လျော့နည်းစေပါတယ်။ ရေဓါတ် လျော့လေလေ ယမကာဓါတ် ခန္ဓာကိုယ်ထဲ ပိုပြီး ပါဝင်လေ ဖြစ်တာ ကြောင့် ရေ သောက်ဖို့ မမေ့ပါနဲ့နော်။ တကယ်လို့ ပြိုင်ပွဲအချိန်တွင်းမှာ ဘီယာပဲသောက်ရမယ်ဆိုရင်တော့ မပြိုင်ခင် ရေသောက်ထားသင့်ပါတယ်။

အခု ပြောပြပေးထားတဲ့ နည်းလမ်းလေးတွေအတိုင်း ဘီယာပြိုင်ပွဲ တွေမှာ သောက်မယ်ဆိုရင်တော့ ချန်ပီယံ မဖြစ်တောင် ဘီယာချစ်သူအချင်းချင်း ဆရာကျ တယ်လို့အသိမှတ် ပြု သွားစေမှာပါ။

How to win in Beer drinking competition?

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးဘီယာသောက်ပြိုင်ပွဲဖြစ်တဲ့ DOEMAL BEERFEST ပွဲကို ကျင်းပ ဖို့ကလည်း (၂) ရက်ပဲ ကျန်တော့တာ ဆိုတော့ ဝင်ပြိုင်ချင်တဲ့ သူတွေအနေနဲ့ လက်မှတ်တွေကို မြန်မြန်ရယူထားဖို့လိုတယ်နော်။ ဒီပြိုင်ပွဲက ဘီယာသောက်ချန်ပီယံ ဖြစ်ချင်သူတွေအတွက် သာမက ဘီယာအဝသောက်ရတာ ကြိုက်တဲ့ သူတွေ၊ အရသာရှိတဲ့ အစားအစာတွေကို ဘူဖေးစားရတာ ကြိုက်တဲ့ သူတွေပါ လာလို့ရတယ်။ Live Band တွေ၊ Game တွေလည်း အများကြီး ရှိမှာဆိုတော့ ပျော်စရာ ကြီး။

လက်မှတ်တွေဝယ်ချင်တယ်ဆိုရင်တော့ အောက်မှာ ပြောပြထားတဲ့ ဖုန်းနံပါတ်လေးကို Hello လုပ်ပြီး မှာလို့ရပါတယ်ရှင့်။

09 44566 5211
09 42302 2181
09 42302 2182

DOEMAL BEERFEST ကို လာခဲ့ ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပွဲမှာ ပြန်ဆုံကြမယ်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top