Lifestyle

ဘားအံညေစ်းတန္းမွာ ဘာေတြစားၾကမလဲ

ဆောင်းရာသီကို ခရီးထွက်လို့အကောင်းဆုံးရာသီလို့ ပြောရင်လည်းမမှားပါဘူးနော်။ စာရေးသူက အလုပ်ကိစ္စနဲ့ ဘားအံသွားရင်း စားလို့သောက်လို့ကောင်းမဲ့ နေရာတစ်ခုကို တွေ့ခဲ့တာကြောင့် ပြန်လည်မျှဝေပေးချင်လို့ပါ။ ကိုယ်တိုင်လည်း ဘားအံရောက်သွားတဲ့အခါ မြည်းစမ်းနိုင်မယ့် အစားအသောက်တွေ တစ်စုတစ်စည်းတဲ့ရှိနေတဲ့ နေရာကောင်းလေးတစ်ခုအကြောင်းလက်တို့ပေးလိုက်ပါတယ်။ အဲ့ဒီနေရာကတော့ ကန်သာယာ ညစျေးတန်းပါ။ ဘားအံမြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိပြီးတော့ ကားဂိတ်ကနေ ဆယ်မိနစ်ခန့်သာသွားရပါတယ်။ ညနေ ငါးနာရီလောက်ကနေ ညတော်တော်နက်တဲ့အထိ ဖွင့်တဲ့ ကန်သာယာ ညစျေးတန်းမှာ ဘာတွေရသလဲဆိုတာ လေ့လာကြည့်ရအောင်။

ကန်သာယာ ညစျေးတန်းဆိုတာ ဘားအံမြို့ရဲ့ နာမည်ကျော် ကန်သာယာဘေးမှာ ရှိတာပါ။ စားသောက်ဆိုင်ပေါင်း တစ်ရာနီးပါးရှိပြီး အစားသောက်မျိုးစုံရပါတယ်။

ကန်သာယာပေါက်ဆီ

စဝင်ဝင်ချင်း အဝနားမှာကိုပဲ မှန်ပုံးကလေးနဲ့ စတွေ့ရတာကတော့ ကန်သာယာပေါက်ဆီပါ။ တစ်လုံးကို ငါးရာကျပ်သာ ကျသင့်ပြီးတော့ ပေါက်ဆီထဲမှာ အသားပအပြင် ကြက်ဥနဲ့ ဝက်အူချောင်းတို့ပါ ထည့်ထားတာကြောင့် တစ်လုံးစားရုံနဲ့ အတော်လေး ဝနေပါပြီ။

ကရင်မုန့်တီ

ပေါက်ဆီဆိုင်ဘေးမှာက ကရင်မုန့်တီရှိပါတယ်။ ကရင်မုန့်တီဆိုတဲ့အတိုင်း ကရင်တွေစားတဲ့ ဟန်နဲ့ မုန့်ဟင်းခါးကို ချက်ထားတာပါ။ ပုံမှန်မုန့်ဟင်းခါးတွေထက် အရည်ခပ်ကျဲကျဲရှိပြီး ငါးနိုင်းချင်းနဲ့ ကြက်သွန်ဥများများသုံးပြီးချက်ထားပါတယ်။ ဒါ့အပြင် တွဲဖက်စားသုံးစရာ ပဲပင်ပေါက်နဲ့ ခရမ်းချဉ်သီးတို့ကိုလည်း ဇလုံနဲ့ထည့်ပြီးချထားပေးပါသေးတယ်။ စျေးကတော့ အလွတ်ကို ၃၀၀၊ ဘဲဥနဲ့ ငါဖယ်ပါထည့်မှ ၈ဝဝကျပ်ပါ။

တောထမင်းတောဟင်း

ကရင်ဘာသာစကားနဲ့ ခွဲါကွ့င်လာယှူး လို့ရေးထားတဲ့ ကရင်တောထမင်းတောဟင်းဆိုင်မှာတော့ ကရင်တောင်သူတွေ ချက်စားတဲ့ ဟန်နဲ့ ဟင်းတွေကို ရနိုင်ပါတယ်။ စျေးကတော့ ဘာဟင်းနဲ့စားစား ၁ဝဝဝကျပ်ပဲမို့ တန်တယ်လို့ပြောရမှာပါ။ စားပွဲပေါ်မှာလည်း တို့စရာ အရွက်စုံကိုလည်း ချထားပေးပါသေးတယ်။

ကွတ်တီယိုနဲ့ အအေးစုံ

ကွတ်တီယိုအပြင် မစ်ရှိတ်အအေးစုံကိုရနိုင်တဲ့ ဆိုင်လေးမှာလည်း လူတော်တော်များများ စားသောက်နေတာကိုတွေ့ရပါသေးတယ်။ ကွတ်တီယိုတစ်ပွဲ ၅ဝဝကျပ်သာကျပြီး အအေးတစ်ခွက်လည်း ၅၀၀ ကျပ်သာ ကျပါတယ်။

 

ခရမ်းချဉ်သီးစာသိပ်၊ ပဲပြားစာသိပ်၊ ထမင်းလိပ်နဲ့ ဖက်ထုပ် တို့ကိုလည်း စားပွဲတွေပေါ်မှာ တင်ပြီး တစ်ပွဲ တစ်ထောင်ကျပ်နဲ့ ရောင်းချပေးနေပါသေးတယ်။ နှစ်ယောက်စားလို့တောင်မကုန်တဲ့ ပမာဏဖြစ်ပါတယ်။


 

ရိုးရာမုန့်များ

မြန်မာရိုးရာမုန့်တွေဖြစ်တဲ့ မုန့်လင်မယား၊ လမ်းသရဲမုန့်၊ ကောက်ညှင်းကျည်တောက်၊ မုန့်လုံးရေပေါ်၊ ခွက်ပြင်၊ မရွေးနဲ့ မုန့်ဆပ်သဖူးဆိုင်တွေကိုလည်း သူ့နေရာနဲ့သူတွေ့ရတာမို့ မြန်မာမုန့်ချစ်သူတွေအတွက် လုံးဝကွက်တိပါနော်။

ယိုးဒယားစတိုင် အကင်များ

ယိုးဒယားဟန်နဲ့ ကင်ထားတဲ့ ကြက်ကင်၊ ဝက်ကင်နဲ့ ဝက်အူချောင်းတွေကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ရောင်းချပေးနေတာလည်းရှိပါသေးတယ်။ အကင်တစ်ချောင်းရဲ့ အရွယ်ကအတော်လေးကြီးပြီး တစ်ခုမှ ၅ဝဝသာ ကျပါတယ်။

အခြား မီနီဘာဂါလေးတွေ၊ ရာသီပေါ်သီးနှံတွေနဲ့ ရိုးရာမုန့်တွေ တစ်စုတစ်ဝေးထဲရနိုင်တာမို့ ဘားအံရောက်ခဲ့ရင် ကန်သာယာညစျေးကို သွားဖြစ်အောင်သွားပြီး မြည်းကြည့်ကြပါဦးလို့ ညွှန်ပေးလိုက်ပါတယ်နော်။

အခုလို အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို Doemal Blog ကနေ စောင့်မျှော်ဖတ်ရှုနိုင်သလို အရသာရှိတဲ့ အစားအသောက်တွေကို Doemal App ကနေ မှာယူစားသောက်လို့ရနေပြီဆိုတဲ့အကြောင်းကိုလဲ သတင်းကောင်းလေးပါးလိုက်ပါရစေနော်။

[Unicode]

ေဆာင္းရာသီကို ခရီးထြက္လို႔အေကာင္းဆံုးရာသီလို႔ ေျပာရင္လည္းမမွားပါဘူးေနာ္။ စာေရးသူက အလုပ္ကိစၥနဲ႕ ဘားအံသြားရင္း စားလို႔ေသာက္လို႔ေကာင္းမဲ့ ေနရာတစ္ခုကို ေတြ႕ခဲ့တာေၾကာင့္ ျပန္လည္မွ်ေ၀ေပးခ်င္လို႔ပါ။ ကိုယ္တုိင္လည္း ဘားအံေရာက္သြားတဲ့အခါ ျမည္းစမ္းႏုိင္မယ့္ အစားအေသာက္ေတြ တစ္စုတစ္စည္းတဲ့ရွိေနတဲ့ ေနရာေကာင္းေလးတစ္ခုအေၾကာင္းလက္တို႔ေပးလိုက္ပါတယ္။ အဲ့ဒီေနရာကေတာ့ ကန္သာယာ ညေစ်းတန္းပါ။ ဘားအံၿမိဳ႕ရဲ႕ အခ်က္အခ်ာက်တဲ့ ေနရာမွာရွိၿပီးေတာ့ ကားဂိတ္ကေန ဆယ္မိနစ္ခန္႕သာသြားရပါတယ္။ ညေန ငါးနာရီေလာက္ကေန ညေတာ္ေတာ္နက္တဲ့အထိ ဖြင့္တဲ့ ကန္သာယာ ညေစ်းတန္းမွာ ဘာေတြရသလဲဆိုတာ ေလ့လာၾကည့္ရေအာင္။

ကန္သာယာ ညေစ်းတန္းဆိုတာ ဘားအံၿမိဳ႕ရဲ႕ နာမည္ေက်ာ္ ကန္သာယာေဘးမွာ ရွိတာပါ။ စားေသာက္ဆိုင္ေပါင္း တစ္ရာနီးပါးရွိၿပီး အစားေသာက္မ်ိဳးစံုရပါတယ္။

ကန္သာယာေပါက္ဆီ

စဝင္ဝင္ခ်င္း အဝနားမွာကိုပဲ မွန္ပံုးကေလးနဲ႕ စေတြ႕ရတာကေတာ့ ကန္သာယာေပါက္ဆီပါ။ တစ္လံုးကို ငါးရာက်ပ္သာ က်သင့္ၿပီးေတာ့ ေပါက္ဆီထဲမွာ အသားပအျပင္ ၾကက္ဥနဲ႕ ဝက္အူေခ်ာင္းတို႔ပါ ထည့္ထားတာေၾကာင့္ တစ္လံုးစားရံုနဲ႕ အေတာ္ေလး ၀ေနပါၿပီ။

ကရင္မုန္႔တီ

ေပါက္ဆီဆိုင္ေဘးမွာက ကရင္မုန္႔တီရွိပါတယ္။ ကရင္မုန္႔တီဆိုတဲ့အတုိင္း ကရင္ေတြစားတဲ့ ဟန္နဲ႕ မုန္႔ဟင္းခါးကို ခ်က္ထားတာပါ။ ပံုမွန္မုန္႔ဟင္းခါးေတြထက္ အရည္ခပ္က်ဲက်ဲရွိၿပီး ငါးႏုိင္းခ်င္းနဲ႕ ၾကက္သြန္ဥမ်ားမ်ားသံုးၿပီးခ်က္ထားပါတယ္။ ဒါ့အျပင္ တြဲဖက္စားသံုးစရာ ပဲပင္ေပါက္နဲ႕ ခရမ္းခ်ဥ္သီးတို႔ကိုလည္း ဇလံုနဲ႕ထည့္ၿပီးခ်ထားေပးပါေသးတယ္။ ေစ်းကေတာ့ အလြတ္ကို ၃၀၀၊ ဘဲဥနဲ႕ ငါဖယ္ပါထည့္မွ ၈၀၀က်ပ္ပါ။

ေတာထမင္းေတာဟင္း

ကရင္ဘာသာစကားနဲ႕ ခြဲါကြ့င္လာယွဴး လို႔ေရးထားတဲ့ ကရင္ေတာထမင္းေတာဟင္းဆုိင္မွာေတာ့ ကရင္ေတာင္သူေတြ ခ်က္စားတဲ့ ဟန္နဲ႕ ဟင္းေတြကို ရႏုိင္ပါတယ္။ ေစ်းကေတာ့ ဘာဟင္းနဲ႕စားစား ၁၀၀၀က်ပ္ပဲမို႔ တန္တယ္လို႔ေျပာရမွာပါ။ စားပြဲေပၚမွာလည္း တို႔စရာ အရြက္စံုကိုလည္း ခ်ထားေပးပါေသးတယ္။

ကြတ္တီယိုနဲ႕ အေအးစံု

ကြတ္တီယိုအျပင္ မစ္ရွိတ္အေအးစံုကိုရႏုိင္တဲ့ ဆိုင္ေလးမွာလည္း လူေတာ္ေတာ္မ်ားမ်ား စားေသာက္ေနတာကိုေတြ႕ရပါေသးတယ္။ ကြတ္တီယိုတစ္ပြဲ ၅၀၀က်ပ္သာက်ၿပီး အေအးတစ္ခြက္လည္း ၅၀၀ က်ပ္သာ က်ပါတယ္။

ခရမ္းခ်ဥ္သီးစာသိပ္၊ ပဲျပားစာသိပ္၊ ထမင္းလိပ္နဲ႕ ဖက္ထုပ္ တို႔ကိုလည္း စားပြဲေတြေပၚမွာ တင္ၿပီး တစ္ပြဲ တစ္ေထာင္က်ပ္နဲ႕ ေရာင္းခ်ေပးေနပါေသးတယ္။ ႏွစ္ေယာက္စားလို႔ေတာင္မကုန္တဲ့ ပမာဏျဖစ္ပါတယ္။

ရိုးရာမုန္႔မ်ား

ျမန္မာရိုးရာမုန္႔ေတြျဖစ္တဲ့ မုန္႔လင္မယား၊ လမ္းသရဲမုန္႔၊ ေကာက္ညွင္းက်ည္ေတာက္၊ မုန္႔လံုးေရေပၚ၊ ခြက္ျပင္၊ မေရြးနဲ႕ မုန္႕ဆပ္သဖူးဆုိင္ေတြကိုလည္း သူ႔ေနရာနဲ႕သူေတြ႕ရတာမို႔ ျမန္မာမုန္႔ခ်စ္သူေတြအတြက္ လံုး၀ကြက္တိပါေနာ္။

ယိုးဒယားစတိုင္ အကင္မ်ား

ယိုးဒယားဟန္နဲ႕ ကင္ထားတဲ့ ၾကက္ကင္၊ ဝက္ကင္နဲ႕ ဝက္အူေခ်ာင္းေတြကိုလည္း သန္႔သန္႕ရွင္းရွင္းနဲ႕ေရာင္းခ်ေပးေနတာလည္းရွိပါေသးတယ္။ အကင္တစ္ေခ်ာင္းရဲ႕ အရြယ္ကအေတာ္ေလးႀကီးၿပီး တစ္ခုမွ ၅၀၀သာ က်ပါတယ္။

အျခား မီနီဘာဂါေလးေတြ၊ ရာသီေပၚသီးႏွံေတြနဲ႕ ရိုးရာမုန္႔ေတြ တစ္စုတစ္ေ၀းထဲရႏုိင္တာမို႔ ဘားအံေရာက္ခဲ့ရင္ ကန္သာယာညေစ်းကို သြားျဖစ္ေအာင္သြားၿပီး ျမည္းၾကည့္ၾကပါဦးလို႔ ညႊန္ေပးလိုက္ပါတယ္ေနာ္။

အခုလို အစားအေသာက္နဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာမ်ားကို Doemal Blog ကေန ေစာင့္ေမွ်ာ္ဖတ္ရႈႏိုင္သလို အရသာရွိတဲ့ အစားအေသာက္ေတြကို Doemal App ကေန မွာယူစားေသာက္လို႕ရေနျပီဆိုတဲ့အေၾကာင္းကိုလဲ သတင္းေကာင္းေလးပါးလိုက္ပါရေစေနာ္။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top