ချက်ပြုတ်နည်းများ

အရသာရှိလှတဲ့ ဘာဂါတစ်လုံးဆိုတာ ဘာလဲ။

ဘာဂါ

ဘာဂါများသည် နိုင်ငံတကာအသင့်စားအစားအစာ တစ်ခုဖြစ်ပြီး အလုပ်လုပ်ကိုင်ရင်းဖြင့် အလွယ်တကူ စားသုံးနိုင်သော အစားအစာ ဖြစ်ပါသည်။ ဘာဂါများကိုအများအားဖြင့် အလွယ်တကူ စားသုံးနိုင်သော အစားအစာအဖြစ်လည်းကောင်း၊ အဆာပြေအစားအစာအဖြစ်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ဘာဂါဆိုသည်မှာ ကြော်ချက်ထားသော အမဲသား၊ ကြက်သား၊ ဆိတ်သားး နှင့် ပင်လယ်စာများကို ပေါင်မုန့်တွင် အသားပြားပုံစံ ပြုလုပ်ပြီး အစာမျိုးစုံကို ပေါင်မုန့်တွင် ညှပ်ကာ စားသုံးရသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဘာဂါများကိုပြုလုပ်ရာတွင် ပေါင်မုန့်တစ်ဖက်တွင် မရိုနီးစ်ဆော့စ်၊ ခရမ်းသီး၊ မှိုတို့ဖြင့်ပြုလုပ်ထားသော Ketchup အချဉ်ရည်၊ ဟင်းသီးဟင်းရွက်များကို ဆားရည်စိမ်ပြီး ပြုလုပ်ထားသော Relish နှင့် အထူးပြုလုပ်ထားသော ဆော့စ်များဖြင့် အရသာသွင်းကာ ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ဝက်သားဆားနယ်ခြောက်၊ ထောပတ်သီး၊ ကြက်ဥကြော်၊ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ နှင့် အခြားပါဝင်ပစ္စည်းများဖြစ်သော မုန်ညှင်းရွက်၊ ချိစ်ပြား တို့ကို ထည့်သွင်းကာ ပြင်သစ်အာလူးချောင်းကြော်ဖြင့် တွဲဖက်စားသုံးလေ့ရှိကြသည်။ အရသာရှိလှသော ဘာဂါတစ်ကိုက်ကို စားသုံးလိုက်သည့်အခါတွင် ပေါင်မုန့်၊ အသားပြား၊ အခြားပါဝင်ပစ္စည်းများ နှင့် ဆော့စ်တို့၏ အရည်ရွှမ်းပြီး ကောင်းမွန်သောအရသာများပေါင်းစပ်သွားပြီး အနံ့အရသာ ပြည့်စုံမှုကို ခံစားစေနိုင်ပါသည်။

ဘာဂါများသည် နေရာဒေသတစ်ခုဆီ၏ အသုံးပြုသော ပါဝင်ပစ္စည်းများ၊ ချက်ပြုတ်နည်းများ ပေါ်မူတည်ပြီး ဘာဂါအမျိုးအစား အများအပြားကွဲပြားလျက် ရှိသည်။ ဘာဂါသည် အမေရိကန်၏ ကျော်ကြားလှသော အစားတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် အခြားသောကမ္ဘာအရပ်ရပ်မှ နိုင်ငံများတွင်လည်း ကျော်ကြားလာကာ ကမ္ဘာအရပ်ရပ်တွင် အမျိုးအစားများစွာသော ဘာဂါများကို အလွယ်တကူ ရရှိနိုင်ပါသည်။ ဘာဂါကြိုက်နှစ်သက်သူအများစုသည် ဘာဂါတွင် ပါရှိသော အသား၊ပေါင်မုန့်နှင့် ပါဝင်ပစ္စည်းများရောနှောသွားသော အရည်ရွှမ်းပြီး အရသာရှိလှသော ခံစားမှုကို ကြိုက်နှစ်သက်ကြခြင်း ဖြစ်သည်။ကမ္ဘာပေါ်တွင် အထူးကျော်ကြားလှသော ဘာဂါအမျိုးအစားများမှာ ကြက်သားဘာဂါ၊ အမဲသားဘာဂါ၊ ငါးနှင့် ပင်လယ်စာ ဘာဂါ၊ Steak ဘာဂါ၊ မျှော်စင်ဘာဂါ (အသားပြား၂ခု၊ ၃ခုပါဝင်ပြီး ပါဝင်ပစ္စည်းအများအပြား ပါဝင်သောဘာဂါ) ၊ ချိစ်ဘာဂါ၊ သားသတ်လွတ်ဘာဂါ၊ အမေရိကန်ဝက်သားဆားနယ်ခြောက် ဘာဂါ၊ ထောပတ်သီးဆော့စ် ကြက်ဆင်ဘာဂါ၊ အသားကင်ဘာဂါ နှင့် အစရှိသည်တို့ဖြစ်ပါသည်။
နိုင်ငံအတော်တော်များများတွင် ဘာဂါကိုကြိုက်နှစ်သက်စွာ စားသုံးကြပြီး မိမိဒေသရှိ ပါဝင်ပစ္စည်းများဖြင့် အရသာအသစ်ဖန်တီးလေ့ရှိကြသည်။ ပြင်သစ်ဆော့စ်တစ်မျိုးဖြစ်သော ပန်းရောင် Djion ဆော့စ်ကို ဘာဂါတွင်ထည့်သွင်း စားသောက်ခြင်း၊ ပဲနီလေးနှင့် သိုးသားဖြင့်ပြုလုပ်ထားသော ပါကစ္စတန် Shami ဘာဂါတို့သည် အရသာအသစ် ဖန်တီးထားသောဘာဂါများ ဖြစ်သည်။ နိုင်ငံတော်တော်များများတွင် ပေါင်မုန့်နှင့်အသားကိုအသုံးပြုကာ ဘာဂါပြုလုပ်စားသုံးနေဆဲဲ ဖြစ်သော်လည်း အချို့သောနိုင်ငံများတွင် မိမိကိုယ်ပိုင်ဟန်ဖြင့် တစ်မူထူးခြားသော ဘာဂါများကို ဖန်တီးထားကြသည်။ အိန္ဒိယနိုင်ငံ၏ ဒေသတစ်ခုဖြစ်သော Maharashta ဒေသမှ အာလူးဘာဂါသည် သားသတ်လွတ် ဘာဂါအမျိုးအစားဖြစ်ပြီး အာလူးကြော်များ၊ တရုတ်နံနံစေ့နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရိုးစင်းစွာ ပြုလုပ်ထားသော ဘာဂါဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ၄င်းတို့၏ ဆန်ဖြင့်ပြုလုပ်ထားသော ဘာဂါဖြင့် အထူးကျော်ကြားလှသည်။ ပေါင်မုန့်နေရာတွင်  ထမင်းကို အစားထိုးအသုံးပြုကာ Nori ဟုခေါ်သော ဂျပန်ရေညှိ၊ အသားနှင့် ဂျပန်ရိုးရာ Teriyaki ဆော့စ်တို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံရှိ Bapဘာဂါသည်လည်း ရိုးရာအစားအစာ ကင်ချီဖြင့် ပြုလုပ်ထားသော ဆန်ဘာဂါတစ်မျိုးဖြစ်ပါသည်။

ဘာဂါကိုကြိုက်နှစ်သက်သူများအတွက်  မိမိနေအိမ်တွင် အရသာရှိရှိဖြင့် အလွယ်တကူ ပြုလုပ်စားသုံးနိုင်သော ဘာဂါပြုလုပ်နည်းဖြစ်ပါသည်။
၁။ နုတ်နုတ်စင်းထားသော အသားကို ဆားအနည်းငယ်၊ ပေါင်မုန့်ခြောက်မှုန့်၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့ကို လက်ဖြင့်သေချာစွာနယ်ပြီး အရသာသွင်းထားပါ။
၂။ အရသာနယ်ထားသောအသားပြားများကို အဝိုင်းပုံစံ အပြားလေးများ ပြုလုပ်ကာ သေချာစွာဖိနယ်ပါ။
၃။ အသားပြားလေးများကို ဆီပူပူတွင် ရွှေညိုရောင်သန်းလာသည်အထိ ကြော်ပေးပါ။
၄။ ဘာဂါပြုလုပ်မည့်ပေါင်မုန့်ကို အလျားလိုက်လှီးဖြတ်ပြီး ပေါင်မုန့်တစ်ခြမ်းကို ဆော့စ်ဖြင့် အရသာသွင်းပါ။
၅။ ဆလတ်ရွက်၊ ချိစ်အပြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သခွားသီးများကို အချပ်လေးများ ပြုလုပ်ပြီး ပေါင်မုန့်ပေါ်တွင် တင်ပါ။ထို့နောက် အသားပြားကိုလည်း တင်ပါ။
၆။ အသားပြားပေါ်တွင် မရိုးနီးစ်ဆော့စ်သုတ်ပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ထပ်မံထည့်ကာ ကျန်ပေါင်မုန့်တစ်ခြမ်းဖြင့် ပြန်အုပ်လိုက်ပါက အရသာရှိလှသော အိမ်လုပ်ဘာဂါကို သုံးနိုင်ပါပြီ။

တစ်ကမ္ဘာလုံးတွင် နှစ်ကြိုက်စွာစားသုံးနေသော ဘာဂါများသည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ကျော်ကြားသော အစားအစာတစ်ခု ဖြစ်လာပါသည်။ ရန်ကုန်မြို့တွင် ဘာဂါများကို အသင့်စားအစားအစာ ရောင်းချသောစားသောက်ဆိုင်များ နှင့် အနောက်တိုင်းအစားအစာ ရောင်းချသော စားသောက်ဆိုင်ကြီးများတွင် အထူးအစားအစာတစ်ခုအဖြစ် ရောင်းချလျက်ရှိပါသည်။ အကောင်းဆုံးဘာဂါများရရှိနိုင်မည့်ဆိုင်များကို ကြားသိပြီး ဘာဂါစားချင်စိတ် ဖြစ်ပေါ်ဖူးပါသလား။ အရသာရှိလှသော ဘာဂါကို ရရှိနိုင်မည့် ဆိုင်များကို လမ်းညွှန်ပေးထားပါသည်။

ဘာဂါဘား (Burger Bar)ဘာဂါဘား (Burger Bar)

အမှတ်(၅၉)ဘီ၊ ဗိုလ်ရာညွှန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

လောတီးရီးယား(Lotteria)လောတီးရီးယား(Lotteria)

ဂျမ်းရင်းစကွဲ ရှော့ပင်းစင်တာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

မယ်ရီဘရောင်း(Marry Brown)မယ်ရီဘရောင်း(Marry Brown)

အမှတ်(၂၂၀)၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဟာလီစ်(Harley’s)ဟာလီစ်(Harley’s)

အမှတ်(၃၈၀)ယ မဟာဗန္ဓုလလမ်း၊ ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

လူဝကြီး ဘားနှင့် အကင် (Fatman Bar & Grill)လူဝကြီး ဘားနှင့် အကင် (Fatman Bar & Grill)

No.26/B, Bo Yar Nyut Street Dagon Township, Yangon

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top