Lifestyle

ဗီတာမင် စုံလွန်းတဲ့ မြန်မာ့ဟင်းပွဲ

မြန်မာနိုင်ငံကို အလည်လာကြတဲ့ နိုင်ငံခြားသားအများစုက မြန်မာ့အစားအစာတွေဟာ အိမ်နီးချင်းနိုင်ငံတွေက အစားအစာတွေကို အနည်းငယ် ပြင်ဆင်ထားတဲ့ပုံစံလို့ ပြောကြပါတယ်။ ဒါပေမယ့် မြန်မာတစ်ယောက်အနေနဲ့ မြန်မာ့ အစားအစာတွေဟာ တရုတ် အိန္ဒိယ အစားအစာတွေကို အနည်းပြောင်းလဲထားတာထက်ပိုတယ်ဆိုတာ အသေအချာ ပြောချင်ပါတယ်။ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှု တွေကနေ ယနေ့ခေတ် မြန်မာ့ဟင်းလျာတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဝိုင်တွေကို အမျိုးအစားခွဲရတာလိုပဲ မြန်မာ့ဟင်းပွဲတွေရဲ့ အနံ့အရသာ ကွဲပြားမှု နည်းနည်းစီ ရှိကြပြီးတော့ ပါဝင်ပစ္စည်း တွေအရခွဲခြားမြည်းစမ်းနိုင်ပါတယ်။  ယေဘုယျအနေနဲ့ အခါး အချဉ် အစပ် အငံ အချို ဆိုပြီး အရသာမျိုးစုံစားကြပါတယ်။ ဟင်းပွဲတွေရဲ့ အမျိုမျိုးးသောပါဝင်ပစ္စည်းအမယ်တွေကြောင့် မြန်မာ့ဟင်းလျာဟာ ဗီတာမင်စုံလွန်းတဲ့ မြန်မာ့ဟင်းပွဲကိုဖြစ်စေပါတယ်။ ထမင်းအဓိကထားပြီးတော့ ဘေးက အသား ငါး အသီးအရွက်ဟင်းတွေနဲ့ တွဲဖက် စားသုံးကြပါတယ်။

ဆန်က မြန်မာနိုင်ငံရဲ့ အဓိက အစားအစာဖြစ်ပါတယ်။ ထမင်းပန်းကန်လုံးတစ်လုံးစာကို ကယ်လိုရီ ၂၅၀ ခန့်နဲ့ အသားဓာတ် ၅ ဂရမ်ခန့်ပါဝင်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ ပမာဏက ၂၅၀၀ ကနေ ၃၅၀၀ ခန့်ဖြစ်ပါတယ်။ မြန်မာတွေတစ်နေ့ကို ထမင်းပန်းကန်လုံး ခြောက်လုံးစာခန့် စားလေ့ရှိတဲ့အတွက် ထမင်းကနေချည်းပဲ ကယ်လိုရီ ၁၅၀၀ခန့်နဲ့ အသားဓာတ် ၃၀ ဂရမ်ခန့်ရရှိမှာဖြစ်ပါတယ်။

ဟင်းတွေမှာ သုံးတဲ့ ပါဝင်ပစ္စည်း တွေက အများအားဖြင့်လတ်ဆတ်ကြပါတယ်။ လတ်ဆတ်တဲ့  အသီးတွေ နဲ့ အရွက်တွေဟာ ဟင်းပွဲတိုင်းလိုလိုမှာ ပါဝင်ကြတဲ့အတွက် ဗီတာမင်မျိုးစုံကို ရရှိမှာဖြစ်ပါတယ်။  အသားဟင်းမျိုးစုံကိုလည်း စားကြတဲ့အတွက် ပရိုတင်းပမာဏလည်း အများအပြားရရှိနိုင်ပါတယ်။ ဟင်းပွဲတွေကို ပြင်တဲ့အခါ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့  ဂျင်း ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် တွေကို ခတ်လေ့ရှိကြပါတယ်။ ဟင်းပွဲတိုင်းလိုလိုပါတဲ့ ဒီ ဟင်းခတ် အမွှေးအကြိုင်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကင်ဆာဆဲတွေဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ငါးတွေ ပုစွန်ကနေသိပ်ထားတဲ့ ငပိကတော့ မြန်မာ့ရိုးရာဟင်းပွဲတိုင်းပါတဲ့ ပါလေရာ ငပိဖြစ်ပါတယ်။ အတို့အမြုပ် ဖြစ်တဲ့ အသီးအရွက် အစိမ်း အပြုတ်တို့နဲ့ ရောစားပါတယ်။ ငပိကို ငါးတွေ ပုစွန်တွေကနေ ပြုလုပ်တဲ့အတွက် ပရိုတင်းရရှိနိုင်တဲ့ အရင်းမြစ်ဖြစ်ပါတယ်။ ပင်လယ်ငါးတွေ ပုစွန်တွေက ပြုလုပ်တဲ့ ငပိကတော့ ပရိုတင်းအပြင် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားဖို့ အထောက်အကူပြုတဲ့ အိုင်အိုဒင်းဓာတ်ကိုပါ ရရှိပါတယ်။ ဒါကြောင့် အိုင်အိုဒင်းဆားကို လက်လှမ်းမမီတဲ့ ပြည်တွင်းစားသုံးသူတွေနဲ့ အိုင်အိုဒင်းချို့တဲ့နေသူတွေအတွက် ငပိရည်က အကျိုးပြုနိုင်ပါတယ်။

မြန်မာ့ အစားအစာတွေနဲ့ ကင်းကွာနေတဲ့ foodie လေးတွေ ဗီတာမင်စုံလွန်းတဲ့ မြန်မာ့ဟင်းပွဲတွေကို အခုပဲ ပြင်ဆင်စားသုံးကြည့်ရအောင်နော်

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top