Lifestyle

ဗိုလ္ခ်ဳပ္ႏွစ္သက္ခဲ့ဖူးေသာ အစားအေသာက္မ်ား

မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမး်ဆောင်ပေးခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ နီးကပ်လာပြီဆိုတော့ ဗိုလ်ချုပ်ရှိစဉ်က ဘာအစားအစာတွေ အကြိုက်ဆုံးဖြစ်ခဲ့လဲဆိုတာကို လေ့လာကြည့်ကြရအောင်။

ပဲပြုတ်၊ နံပြား

ဗိုလ်ချုပ်လက်ရေးနဲ့ ရေးထားတဲ့ “ကြည်ရေ ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတဲ့ စာရွက်လေးဟာ အခုထိ ဗိုလ်ချုပ်ပြတိုက်မှာ ပြထားဆဲပါ။ ဗိုလ်ချုပ်လို့ပြောတာနဲ့ ပဲပြုတ်နဲ့ နံပြားကို တွဲမြင်ကြတဲ့အထိ နှစ်သက်ခဲ့ဖူးတဲ့ အစားအစာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ပြည်သူတွေဟာ ဗိုလ်ချုပ်ကို သတိရတဲ့အနေနဲ့ ဗိုလ်ချုပ်ကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားတွေကို အလှူလုပ်တတ်ကြသလို ကိုယ်တိုင်လည်း အမှတ်တရ စားတတ်ကြပါသေးတယ်။

ဝက်ခြေထောက်စွပ်ပြုတ်

ဗိုလ်ချုပ်ကြိုက်တဲ့ ဝက်ခြေထောက်စွပ်ပြုတ်အကြောင်းကတော့ ပဲပြုတ်နဲ့နံပြားလောက် နာမည်မကြီးပါဘူး။ 1937 ခုနှစ်လောက်က ဗိုလ်ချုပ်မဖြစ်ခင် ကျောင်းသားဘဝမှာ ကိုအောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပဲခူးခေါင်းဆောင် ကိုယ်စားလှယ်အဖြစ် စားရေးသောက်ရေးကော်မတီမှာ တာဝန်ကျပါတယ်။ ကျောင်းဆောင်မှာ ကျွေးမွေးဖို့ ကိုယ်စားလှယ်က ဟင်းအမည်ရေးပေးရတဲ့အခါ သူက သူနှစ်သက်တဲ့ ဝက်ခြေထောက်စွပ်ပြုတ်ကို ဟင်းလျာအဖြစ်ရေးခဲ့ဖူးပါတယ်။ ကျောင်းသားတွေက သိပ်မကြိုက်လို့ အသံတွေ ထွက်ကြပေမဲ့ အဲ့ဒီနှစ်ရက်လုံး ဗိုလ်ချုပ်အောင်ဆန်းအစီစဉ်နဲ့ ဝက်ခြေထောက်စွပ်ပြုတ်သာ အကုန်လုံး စားခဲ့ရတယ်လို့ စာတွေမှာ ရေးသားထားတာကို လေ့လာရပါသေးတယ်။

ဆိတ်ကပါတ်

ဗိုလ်ချုပ်ဟာ အိန္ဒိယအစားအစာတွေကိုလည်း နှစ်သက်သူဖြစ်တယ်လို့ စာတွေမှာ လေ့လာခဲ့ဖူးပါတယ်။ အဲ့ဒီထဲကမှ သူမကြာခဏစားလေ့ရှိကြောင်း စာတွေမှာ တွေ့ရတတ်တဲ့ ဟင်းလျာကတော့ ဆိတ်ကပါတ်ပါ။ ဆိတ်သားကို ငရုတ်သီးနိုင်နိုင်ချက်ပြီး ပူစီနံရွက်နဲ့အုပ်ထားတဲ့ ဆိတ်ကပါတ်ဟင်းဟာလည်း လူသိပ်မသိသေးတဲ့ ဗိုလ်ချုပ်ကြိုက်တဲ့ အစားအစာတစ်မျိုးပါပဲ။ ဆိတ်ကပါတ်ကိုတော့ သူ့ရဲ့ ဒါရိုက်ဘာနဲ့ တူတူ မကြာခဏ သွားစားလေ့ရှိတယ်လိုလည်း သိရပါတယ်။

နောက်ပြီး အစားအသောက်ကောင်းကောင်းလေးတွေ စားချင်တယ်ဆိုရင်တော့ Doemal Application မှာ ဝင်ရောက်ရှာဖွေရင်း အော်ဒါမှာယူစားသောက်လို့ရကြောင်းကိုလဲ တစ်ခါထဲ ပြောလိုက်ပါရစေနော်။

 

[Unicode]

ျမန္မာႏုိင္ငံကို လြတ္လပ္ေရးရေအာင္ စြမး္ေဆာင္ေပးခဲ့တဲ့ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႕ နီးကပ္လာၿပီဆိုေတာ့ ဗိုလ္ခ်ဳပ္ရွိစဥ္က ဘာအစားအစာေတြ အႀကိဳက္ဆံုးျဖစ္ခဲ့လဲဆိုတာကို ေလ့လာၾကည့္ၾကရေအာင္။

ပဲျပဳတ္၊ နံျပား

ဗိုလ္ခ်ဳပ္လက္ေရးနဲ႕ ေရးထားတဲ့  “ၾကည္ေရ ပဲျပဳတ္နဲ႕ နံျပားရရင္ စားခ်င္တယ္” ဆိုတဲ့ စာရြက္ေလးဟာ အခုထိ ဗိုလ္ခ်ဳပ္ျပတုိက္မွာ ျပထားဆဲပါ။ ဗိုလ္ခ်ဳပ္လို႔ေျပာတာနဲ႕ ပဲျပဳတ္နဲ႕ နံျပားကို တြဲျမင္ၾကတဲ့အထိ ႏွစ္သက္ခဲ့ဖူးတဲ့ အစားအစာပဲျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၁၃ရက္ေန႕ ဗိုလ္ခ်ဳပ္ေမြးေန႕မွာ ျပည္သူေတြဟာ ဗိုလ္ခ်ဳပ္ကို သတိရတဲ့အေနနဲ႕ ဗိုလ္ခ်ဳပ္ႀကိဳက္တဲ့ ပဲျပဳတ္နဲ႕ နံျပားေတြကို အလွဴလုပ္တတ္ၾကသလို ကိုယ္တိုင္လည္း အမွတ္တရ စားတတ္ၾကပါေသးတယ္။

ဝက္ေျခေထာက္စြပ္ျပဳတ္

ဗိုလ္ခ်ဳပ္ႀကိဳက္တဲ့ ဝက္ေျခေထာက္စြပ္ျပဳတ္အေၾကာင္းကေတာ့ ပဲျပဳတ္နဲ႕နံျပားေလာက္ နာမည္မႀကီးပါဘူး။ 1937 ခုႏွစ္ေလာက္က ဗိုလ္ခ်ဳပ္မျဖစ္ခင္ ေက်ာင္းသားဘဝမွာ ကိုေအာင္ဆန္းဟာ ရန္ကုန္တကၠသိုလ္ရဲ႕ ပဲခူးေခါင္းေဆာင္ ကိုယ္စားလွယ္အျဖစ္ စားေရးေသာက္ေရးေကာ္မတီမွာ တာဝန္က်ပါတယ္။ ေက်ာင္းေဆာင္မွာ ေကၽြးေမြးဖို႔ ကိုယ္စားလွယ္က ဟင္းအမည္ေရးေပးရတဲ့အခါ သူက သူႏွစ္သက္တဲ့ ဝက္ေျခေထာက္စြပ္ျပဳတ္ကို ဟင္းလ်ာအျဖစ္ေရးခဲ့ဖူးပါတယ္။ ေက်ာင္းသားေတြက သိပ္မႀကိဳက္လို႔ အသံေတြ ထြက္ၾကေပမဲ့ အဲ့ဒီႏွစ္ရက္လံုး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအစီစဥ္နဲ႕ ဝက္ေျခေထာက္စြပ္ျပဳတ္သာ အကုန္လံုး စားခဲ့ရတယ္လို႔ စာေတြမွာ ေရးသားထားတာကို ေလ့လာရပါေသးတယ္။

ဆိတ္ကပါတ္

ဗိုလ္ခ်ဳပ္ဟာ အိႏၵိယအစားအစာေတြကိုလည္း ႏွစ္သက္သူျဖစ္တယ္လို႔ စာေတြမွာ ေလ့လာခဲ့ဖူးပါတယ္။ အဲ့ဒီထဲကမွ သူမၾကာခဏစားေလ့ရွိေၾကာင္း စာေတြမွာ ေတြ႕ရတတ္တဲ့ ဟင္းလ်ာကေတာ့ ဆိတ္ကပါတ္ပါ။ ဆိတ္သားကို ငရုတ္သီးႏုိင္ႏိုင္ခ်က္ၿပီး ပူစီနံရြက္နဲ႕အုပ္ထားတဲ့ ဆိတ္ကပါတ္ဟင္းဟာလည္း လူသိပ္မသိေသးတဲ့ ဗိုလ္ခ်ဳပ္ႀကိဳက္တဲ့ အစားအစာတစ္မ်ိဳးပါပဲ။ ဆိတ္ကပါတ္ကိုေတာ့ သူ႔ရဲ႕ ဒါရိုက္ဘာနဲ႕ တူတူ မၾကာခဏ သြားစားေလ့ရွိတယ္လိုလည္း သိရပါတယ္။

ေနာက္ျပီး အစားအေသာက္ေကာင္းေကာင္းေလးေတြ စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application မွာ ၀င္ေရာက္ရွာေဖြရင္း ေအာ္ဒါမွာယူစားေသာက္လို႕ရေၾကာင္းကိုလဲ တစ္ခါထဲ ေျပာလိုက္ပါရေစေနာ္။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top