အစားအစာသစ် မိတ်ဆက်ခြင်း

ပဲမှ ရရှိသည့် ထူးခြားသော အစားအစာများ

ပဲမှ ရရှိသော အစားအစာများ

ပဲများသည် ပရိုတင်းဓါတ် ရရှိစေသော အစားအစာ အုပ်စုတွင် ပါဝင်ကာ ထူးခြားသော အစားအစာများ ဖြစ်ပြီး အသားနှင့် ငါးများမှ ရရှိသော အာဟာရဓါတ်ကဲ့သို့ တူညီစွာ ပေးစွမ်းနိုင်ပါသည်။ သားသတ်လွတ် စားသုံးသူများအတွက် ပဲများသည် အကောင်းဆုံးသော အသားအစားထိုး အစားအစာများ ဖြစ်ပြီး အာဟာရဓါတ်် ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် သားသတ်လွတ် စားသုံးသူများအတွက် သာမက လူတိုင်းစားသုံးသင့်သော အစားအစာများလည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပဲအမျိုးအစားပေါင်းများစွာရှိပြီး စည်သွပ်ဘူးဖြင့် ထည့်ထားသော ပဲများ၊အေးခဲ ထားသောပဲများ စသော ပုံစံမျိုးစုံ ဖြင့် ပဲများကို တွေ့ရှိနိုင်ပါသည်။ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အံ့သြမှင်သက်ဖွယ်ရာ အာဟာရနှင့် ပြည့်စုံကာ အကောင်းဆုံးသော အစားအစာများကို ဖန်တီးပေးနိုင်သည့် ပဲအချို့ကို ဖော်ပြထားပါသည်။

ပဲနီလေး

ပဲနီလေးများသည် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများအတွက် အမျှင်ဓါတ်ကြွယ်ဝကာ ၊အသားဓါတ်၊ ဗိုက်တာမင် ဘီ(၁)၊ ပိုတက်ဆီယမ် နှင့် ဗိုက်တာမင် ဘီ(၆) တို့ ကြွယ်ဝစွာ ပါဝင်သော အစားအစာ ဖြစ်ပါသည်။ ၄င်းတို့သည် အရသာအထူးကောင်းမွန်လှကာ တစ်နှစ်ပတ်လုံးရရှိနိုင်သော ပဲများဖြစ်ကြပြီး အလွယ်တကူ ချက်ပြုတ်ပြင်နိုင်ပါသည်။  ပဲနီလေးဖြင့် ပြုလုပ်ဖန်တီးထားသော ဟင်းလျာများကို နေရာအနှံ့အပြားတွင် ပုံစံမျိုးစုံဖြင့် တွေ့ရှိနိုင်ကာ အချို့သော ဒေသများတွင် အချိုပွဲ အဖြစ် ပြုလုပ်စားသုံးကြပြီး ဥရောပတွင်မူ အာဟာရပြည့်ဝသော ဟင်းရည်အဖြစ် သုံးဆောင်လေ့ရှိသကဲ့သို့ ကြက်သား၊ ဝက်သားတို့နှင့် အတူရောနှောချက်ပြုတ်သော ဟင်းလျာများကိုလည်း တွေ့ရှိနိုင်ပါသည်။

ပဲပိစပ်

မြင့်မားသော အာဟာရတန်ဖိုးရှိကာ အမျှင်ဓါတ်၊ ဗိုက်တာမင်၊ ကယ်ဆီယမ် နှင့် အိုမီကာ(၃) တို့ပါဝင်သော ပဲအမျိုးအစားဖြစ်ပါသည်။ လူကြိုက်များလှသော ပဲနို့များကို ပဲပိစပ်ခြောက်များကို ကြိတ်ထားသော အရည်မှ ပြုလုပ်ထားခြင်း ဖြစ်ပြီး အာဟာရဓါတ်နှင့် အသားဓါတ်များ ကြွယ်ဝကာ နှလုံးကို ထိခိုက်စေမည့် အဆီဓါတ် မပါဝင်သော သောက်သုံးစရာ ဖြစ်ပါသည်။ အထူးကျော်ကြားလှသော အစားအစာ ဖြစ်သည့် ပဲပြားများသည် ပဲပိစပ်မှ ပြုလုပ်သော အစားအစာများ ဖြစ်ပါသည်။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပဲပြားဖြင့် ချက်ပြုတ်ပြင်ဆင်ထားသော အစားအစာမျိုးစုံကို တွေ့ရှိနိုင်ပြီး အများအားဖြင့် အာရှနိုင်ငံများတွင် တွေ့ရှိနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီညွှတ်သော ပဲပိစပ် ဟင်းချက်ဆီများကိုလည်း အများအပြားသုံးစွဲလာကြပါသည်။ အခြားထင်ရှားလှသော ပဲပိစပ်ဖြင့် ပြုလုပ်ထားသော အစားအစာများမှာ ပဲငံပြာရည်၊ ပဲငပိနှင့် အစရှိသည်တို့ဖြစ်ကြပါသည်။

ပဲကတ္တီပါ

လှပသော အနီရောင်ရှိသည့် ပဲကတ္တီပါများသည် အသုပ်၊ ဟင်းချိုများနှင့် စတူးဟင်းလျာများ ချက်ပြုတ်ရာတွင် အထူးအသုံးပြုချက်ပြုတ်သော ဟင်းလျာများဖြစ်ပါသည်။ အနီရောင် ပဲကတ္တီပါများသည် စွမ်းအားထက်သော ပဲများဖြစ်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါများကို ကာကွယ်ပေးနိုင်ပြီး အစာခြေစနစ်အတွက် အထောက်ကူပြုသော အစားအစာ ဖြစ်ပါသည်။ ပဲကတ္တီပါဖြင့် ပြုလုပ်ထားသော မြန်မာနိုင်ငံရှိကျော်ကြားလှသော အစားအစာများမှာ ပဲကတ္တီပါသုပ် နှင့် ပဲကတ္တီပါဟင်းတို့ ဖြစ်ပါသည်။ အခြားသော နိုင်ငံတကာရှိ ကျော်ကြားသော ဟင်းများမှာ ဂရိပဲကတ္တီပါဟင်း၊ ပဲကတ္တီပါဟင်း အနှစ်၊ ပဲကတ္တီပါပေါင်မုန့်လုံး တို့ဖြစ်ပါသည်။

ကုလားပဲ

ကုလားပဲများသည် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗိုက်တာမင် နှင့် သတ္တုဓါတ်များ ဖြည့်ဆည်းနိုင်သော ကျန်းမာရေးအတွက် သင့်တော်သော ပဲအမျိုးအစား ဖြစ်ပါသည်။ ကုလားပဲများကို အသုပ်နှင့် ဟင်းရည်မျိုးစုံတို့တွင် ချက်ပြုတ် ပြင်ဆင်လေ့ရှိကြသည်။ ကုလားပဲဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများကို ကမ္ဘာပေါ်တွင် အများအပြားတွေ့ရှိနိုင်ပြီး မြန်မာနိုင်ငံတွင်ပါ တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကုလားပဲမှုန့်များကို အသုပ်မျိုးစုံတွင် ထည့်သွင်း စားသုံးကြပြီး တို့ဟူး ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ ကုလားပဲဖြင့် ချက်ပြုတ်ထားသော နာမည်ကြီး ဟင်းလျာများမှာ အိန္ဒိယ ကုလားပဲ မဆလာချက်၊ ကြက်သားနှင့်ပဲဟင်း၊ ကုလားပဲသုတ်တို့ ဖြစ်ပါသည်။

ပဲတီစိမ်း

အာဟာရဓါတ်အကြွယ်ဝဆုံးသော အစားအစာဖြစ်ပြီး ကျန်းမာရေး အထောက်အကူပြုသော ကောင်းကျိုးများဖြင့် ပြည့်စုံလှသော ပဲများထဲတွင် ပဲတီစိမ်းသည် အကောင်းဆုံးသော ပဲအမျိုးအစား ဖြစ်ပါသည်။ ပဲတီစိမ်းများကို အိန္ဒိိယနိုင်ငံ၏ အသုပ်၊ ဟင်းရည်နှင့် ဟင်းလျာများတွင် အဓိကအသုံးပြုလျက်ရှိကြောင်းတွေ့ရှိရပြီး ကျော်ကြားသော အစားအစာဖြစ်သည့် Dahl အစားအစာသည် ပဲတီစိမ်းဖြင့် ပြုလုပ်ချက်ပြုတ်ထားသော ဟင်းလျာ ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင်မူ ပဲတီစိမ်းများကို နူးအိနေအောင် ပြုတ်ထားပြီး ကြေညက်အောင်ခြေကာ ရရှိလာသော ချိုပြသော ပဲတီစိမ်းအရည်များကို အချိုပွဲများ ပြုလုပ်ရာတွင် အသုံးပြုပြင်ဆင်လေ့ရှိကြပါသည်။ အင်နိုနီးရှားနိုင်ငံတွင်မူ သကြား၊ အုန်းနို့နှင့် ဂျင်းတို့ဖြင့် ရောစပ်ကာ အချို ပွဲအဖြစ် စားသုံးကြလေ့ရှိသည်။ ပဲတီစိမ်းမှ ရရှိသော ပဲပင်ပေါက်များသည် အဓိက ဟင်းလျာများ၊ ဟင်းရည်များ၊ စတူးဟင်းလျာများနှင့် အသုပ်များ နှင့် အရံဟင်းလျာများအတွက် သုံးဆောင်လေ့ရှိသော အစားအစာဖြစ်ပါသည်။ ပဲပင်ပေါက်များသည် ကျန်းမာရေးနှင့် ညီညွှတ်လှသော အစားအစာ အဖြစ် အထူးကျော်ကြားလှကာ ဗိုက်တာမင်နှင့် အခြား ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓါတ်များကို ပေးစွမ်းနိုင်သော အစားအစာများဖြစ််ကြပါသည်။

A Nya A Htaအညာအထာ

အမှတ် (၁၃၆)၊ ၃၇ လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Nourish Cafe YangonNourish Cafe Yangon

အမှတ်(၃၆/ ၃၈)၊ အလံပြဘုရားလမ်း၊ ရန်ကုန်မြို့။

SOE PYI SWAR VEGETARIAN CENTREစိုပြေစွာ သားသတ်လွတ်စင်တာ

အမှတ်(၅၀)၊ ၁၁၃ လမ်း၊ အလယ်ဘလောက်၊ လမ်းမတော်၊ ရန်ကုန်မြို့။

Av'sAv’s

ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွှန့်၊ ရန်ကုန်မြို့။

  Padonmar Restaurant ပဒုမ္မာ

အမှတ် (၁၀၅/ ၁၀၇)၊ ခရေပင်လမ်း၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top