အစားအစာသစ် မိတ်ဆက်ခြင်း

ပန္းသီးရွာလကာရည္ေသာက္သံုးျခင္းျဖင့္ ရႏုိင္ေသာ အက်ိဳးေက်းဇူးမ်ား

ပန္းသီးရွာလကာရည္လို႔ဆိုလိုက္တာနဲက ခႏၶာကိုယ္အတြက္ အေထာက္အကူျပဳတဲ့ သဘာဝထုတ္ကုန္ တစ္ခုကို ေျပးျမင္ၾကမွာပါ။ ပန္းသီးရွာလကာရည္ကို ပံုမွန္ေသာက္သံုးေပးတာေၾကာင့္ ခႏၶာကိုယ္ကို  ဘယ္လို အေထာက္အကူျဖစ္ သလဲဆိုတဲ့ အခ်က္ေတြကို ေဖာ္ျပေပးရရင္ေတာ့………

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ပန္းသီးရွာလကာရည္ဟာ သင္ရဲ႕ အစာအိမ္နဲ႕ အစာေျခစနစ္ကို ပိုမိုေကာင္းမြန္ေစပါတယ္။ ပန္းသီးရွာလကာရည္ထဲမွာပါတဲ့ ပရီဘိုင္အိုတစ္လို႔ေခၚတဲ့ ဓါတ္တစ္မ်ိဳးဟာ အစာအိမ္စနစ္ကို မယံုႏုိုင္ေလာက္ေအာင္ အက်ိဳးထူးေတြေပးႏုိင္ပါတယ္။ ပန္းသီးရွာလကာရည္ကို ပံုမွန္ေသာက္သံုးေပးရင္ေတာ့ အစာအိမ္ရဲ႕ အစာေျခအက္ဆစ္ေတြကို ပံုမွန္ထြက္ႏုိင္ေအာင္ကူညီေပးၿပီး အစာလြယ္လြယ္ေၾကေစမွာပါ။

အဟာရဓါတ်များကို ပိုမိုစုတ်ယူပေးနိုင်ခြင်း

ပန္းသီးရွာလကာရည္ဟာဆိုရင္ သင္စားေသာက္လုိက္တဲ့ အစားအစာေတြကေန အဟာရဓါတ္ေတြကို စုတ္ယူေပးၿပီး ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈအတြက္အေထာက္အပံ့ေပးႏုိင္ပါေသးတယ္။ ေဆးပညာဆိုင္ရာနွင့္ ဇီဝေဗဒဆိုင္ရာ မဂၢဇင္းေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ပန္းသီးရွာလကာရည္ဟာ ကယ္လ္စီယမ္ဓါတ္ကို ပိုမိုစုတ္ယူေပးႏုိင္ၿပီး သင့္ရဲ႕ သံဓါတ္အတြက္ အေထာက္အကူေပးမွာ ျဖစ္ပါတယ္။

သွေးဖိအားကို လျော့ကျစေခြင်း

သိပၸံဆိုင္ရာစမ္းသပ္ခ်က္ေတြအရ ပန္းသီးရွာလကာရည္ဟာ ေသြးဖိအားကိုလည္းေလွ်ာ့က်တဲ့ေနရာမွာကူညီ ေပးႏုိင္ပါေသးတယ္။ ဒီလိုေလွ်ာ့ခ်ေပးျခင္းအားျခင့္ ႏွလံုးေရာဂါျဖစ္ႏုိင္ေခ်ကို နည္းပါးေစပါတယ္။ ပန္းသီးရွာလကာရည္မွာပါဝင္တဲ့ ပိုတက္စီယမ္ဟာဆိုရင္ ခႏၶာကိုယ္ရဲ႕ ဆိုဒီယမ္လယ္ဗယ္နဲ႕ ေသြးဖိအားကို ပံုမွန္ျဖစ္ေအာင္ ထိန္းေပးထားႏုိင္ပါတယ္။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

ပန္းသီးရွာလကာရည္ကို ပံုမွန္ေသာက္သံုးသူတစ္ေယာက္ဟာ အိုမင္းရင့္ေရာ္မႈ လကၡဏာေတြျဖစ္တဲ့ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ၊ အသားအရည္တြန္႕တာေတြကို တားဆီးေပးႏုိင္ပါတယ္။ ပန္းသီးရွာလကာရည္မွာပါတဲ့ အင္တီေအာက္ဆီဒင့္ဓါတ္ေတြဟာ အသက္အရြယ္ႀကီးရင့္လာမႈအရွိန္ကို ေလွ်ာ့ခ်ႏုိင္တာေၾကာင့္ ပံုမွန္ ေသာက္သံုးေပးဖို႔ေတာ့ လိုပါတယ္။

အသည်းနှင့် အခြား ကိုယ်တွင်းကလီစာများကို ကျန်းမာသန်စွမ်းစေခြင်း

ပန္းသီးရွာလကာရည္ဟာ ခႏၶာကိုယ္တြင္း PH Level ကို ထိန္းညွိေပးထားတာေၾကာင့္ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ ကင္းစင္ေစပါတယ္။ သုေတသနျပဳခ်က္ေတြအရ ပန္းသီးရွာလကာရည္ဟာ အသည္းမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အသည္းကို ပိုမိုအလုပ္လုပ္ႏုိင္ဖို႔ ႏွိဳးေဆာ္ေပးပါတယ္။ ခႏၶာကိုယ္၊ အရည္ျပား၊ ေသြးတို႔မွာရွိတဲ့ အဆိပ္အေတာက္ေတြကိုလည္း သန္႔စင္ေစျပီး ေသြးခုန္ႏွဳန္းကို ေကာင္းမြန္ေစတာေၾကာင့္ ခႏၶာကိုယ္တြင္း စြမ္းအင္ေတြကို ျမွင့္ေပးႏုိင္ပါတယ္။

[Unicode]

ပန်းသီးရှာလကာရည်လို့ဆိုလိုက်တာနဲက ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ သဘာဝထုတ်ကုန် တစ်ခုကို ပြေးမြင်ကြမှာပါ။ ပန်းသီးရှာလကာရည်ကို ပုံမှန်သောက်သုံးပေးတာကြောင့် ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူဖြစ် သလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးရရင်တော့………

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ပန်းသီးရှာလကာရည်ဟာ သင်ရဲ့ အစာအိမ်နဲ့ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ပန်းသီးရှာလကာရည်ထဲမှာပါတဲ့ ပရီဘိုင်အိုတစ်လို့ခေါ်တဲ့ ဓါတ်တစ်မျိုးဟာ အစာအိမ်စနစ်ကို မယုံနိုင်လောက်အောင် အကျိုးထူးတွေပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ပုံမှန်သောက်သုံးပေးရင်တော့ အစာအိမ်ရဲ့ အစာခြေအက်ဆစ်တွေကို ပုံမှန်ထွက်နိုင်အောင်ကူညီပေးပြီး အစာလွယ်လွယ်ကြေစေမှာပါ။

အဟာရဓါတ်များကို ပိုမိုစုတ်ယူပေးနိုင်ခြင်း

ပန်းသီးရှာလကာရည်ဟာဆိုရင် သင်စားသောက်လိုက်တဲ့ အစားအစာတွေကနေ အဟာရဓါတ်တွေကို စုတ်ယူပေးပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ပေးနိုင်ပါသေးတယ်။ ဆေးပညာဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ မဂ္ဂဇင်းတွေရဲ့ ဖော်ပြချက်တွေအရ ပန်းသီးရှာလကာရည်ဟာ ကယ်လ်စီယမ်ဓါတ်ကို ပိုမိုစုတ်ယူပေးနိုင်ပြီး သင့်ရဲ့ သံဓါတ်အတွက် အထောက်အကူပေးမှာ ဖြစ်ပါတယ်။

သွေးဖိအားကို လျော့ကျစေခြင်း

သိပ္ပံဆိုင်ရာစမ်းသပ်ချက်တွေအရ ပန်းသီးရှာလကာရည်ဟာ သွေးဖိအားကိုလည်းလျှော့ကျတဲ့နေရာမှာကူညီ ပေးနိုင်ပါသေးတယ်။ ဒီလိုလျှော့ချပေးခြင်းအားခြင့် နှလုံးရောဂါဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်လယ်ဗယ်နဲ့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးထားနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

ပန်းသီးရှာလကာရည်ကို ပုံမှန်သောက်သုံးသူတစ်ယောက်ဟာ အိုမင်းရင့်ရော်မှု လက္ခဏာတွေဖြစ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အသားအရည်တွန့်တာတွေကို တားဆီးပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်မှာပါတဲ့ အင်တီအောက်ဆီဒင့်ဓါတ်တွေဟာ အသက်အရွယ်ကြီးရင့်လာမှုအရှိန်ကို လျှော့ချနိုင်တာကြောင့် ပုံမှန် သောက်သုံးပေးဖို့တော့ လိုပါတယ်။

အသည်းနှင့် အခြား ကိုယ်တွင်းကလီစာများကို ကျန်းမာသန်စွမ်းစေခြင်း

ပန်းသီးရှာလကာရည်ဟာ ခန္ဓာကိုယ်တွင်း PH Level ကို ထိန်းညှိပေးထားတာကြောင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစင်စေပါတယ်။ သုတေသနပြုချက်တွေအရ ပန်းသီးရှာလကာရည်ဟာ အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကို ပိုမိုအလုပ်လုပ်နိုင်ဖို့ နှိုးဆော်ပေးပါတယ်။ ခန္ဓာကိုယ်၊ အရည်ပြား၊ သွေးတို့မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း သန့်စင်စေပြီး သွေးခုန်နှုန်းကို ကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို မြှင့်ပေးနိုင်ပါတယ်။

Writer_Lynn

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top