စားသောက်နေထိုင်နည်း

နွေရာသီတွင် စားသုံးသင့်သော အစားအစာများ

နွေရာသီတွင် စားသုံးသင့်သော အစားအစာများ

အပူချိန် တစ်စထက်တစ်စ တိုးမြှင့် လာသည်နှင့်အမျှ နွေရာသီကို ရောက်ရှိလို့လာပြီ ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ နွေရာသီမှတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးကို အေးမြအောင် ထားရှိဖို့ရန်မှာ အလွန်အရေးကြီးလှပါတယ်။ အပူဒဏ်ကို လွန်ကဲစွာ ခံစားရပါက အိပ်မပျော်သည့် ရောဂါ၊ သွေးတိုးခြင်း၊ အသားအရေနီရဲ ဖူးရောင်ခြင်း၊ ဝမ်းနှင့် ပတ်သတ်သော ရောဂါများ၊ သွေးယိုစီးမှုများ နှင့် အခြားသော ပြသာနာများကို ကြုံတွေ့နိုင်စေပါတယ်။ ခန္ဓာကိုယ်၏ ပြင်ပကို လေးအေးပေးစက်များ၊ ရေချိုးခြင်းများ ဖြင့် အပူဒဏ် ခံစားရ သက်သာအောင် ပြုလုပ်နိုင်သော်လည်း ခန္ဓာကိုယ် အတွင်းထဲရှိ အပူများကို လည်း ငြိမ်းအေးစေအောင် ပြုလုပ်ဖို့ရန် လိုအပ်လှပါသည်။ ပူပြင်းလှတဲ့ နွေရာသီနေ့ ရက်များမှာ လန်းဆန်းစေပြီး အေးမြအောင် ပြုလုပ်ပေးနိုင်မယ့် အောက်ဖော်ပြပါ အစားအစာ များကို စားသုံးရင်း ဖြင့် ပူပြင်းသော နွေရာသီကို ဖြတ်သန်းကြရအောင်။

သံပုရာ ပူစီနံဖျော်ရည်သံပုရာ ပူစီနံဖျော်ရည်
ပူစီနံများသည် အလွန်တကူ စျေးမကြီးစွာဖြင့် ဝယ်ယူရရှိနိုင်သော အရာများဖြစ်ပြီး ရိုးရှင်းစွာဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်ပြီး အရသာရှိစွာဖြင့် လန်းဆန်းစေသော အရသာ နှင့် ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ အေးမြသောလီမွန်သံပုရာ ပူစီနံဖျော်ရည် တစ်ခွက်ကို သောက်သုံးလိုက်ရုံဖြင့် အံ့သြဖွယ်ကောင်းလှသော အကျိုးရလဒ်ကို ပေးစွမ်းစေပါတယ်။ သံပုရာ ပူစီနံဖျော်ရည်သည် အသည်းကို သန့်စင်ပေးနိုင်ပြီး၊ ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးစေ နိုင်ပြီး အပူကန် ခြင်းမှ ကာကွယ်ပေးပါသည်။


ဟင်းသီးဟင်းရွက်များ ဟင်းသီးဟင်းရွက်များ
နွေရာသီတွင် ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် ရေဓါတ် မြင့်မားစွာ ပါဝင်နေပြီး ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် ရေဓါတ်ကို အပြည့် အဝ ဖြည့် ဆည်းပေးနိုင်သောကြောင့် ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များကို စားသုံးသည့် အခါတွင်လည်း ၎င်းတို့ထဲတွင် ပါဝင်သော ရေဓါတ်နှင့် အာဟာရဓါတ်များ မဆုံးရှုံးစေနိုင်ရန်အတွက် လွန်ကဲစွာ အပူဖြင့် ချက်ပြုတ်သော နည်းလမ်းကို ရှောင်ရှားသင့်ပါတယ်။


ကြက်သွန်နီကြက်သွန်နီ
ကျွန်တော်တို့ မီးဖိုချောင်ထဲတွင် နေ့စဉ် ရင်းနှီးစွာဖြင့် တွေ့မြင်နိုင်သော ကြက်သွန်နီများသည် အံ့သြဖွယ်ရာ အစွမ်းသတ္တိများကို ပေးစွမ်းနိုင်သော အရာများ ဖြစ်ပါသည်။ နေ့စဉ် စားသုံးနေသော အစားအစာများနှင့် ဟင်းလျာများတွင် ပုံစံမျိုးစုံဖြင့် တွေ့မြင်နိုင်သောကြက်သွန်နီများသည် အိုမင်းရင့်ရော်မှုများကို ကာကွယ်ပေးနိုင်ကာ အပူကန်ခြင်းနှင့် ကိုယ်တွင်း အပူဓါတ်များကို လျော့ချပေးသည့်နေရာတွင် အထောက်အကူပေးပါတယ်။


ဖရဲသီးများနှင့် သခွားသီးများ
ရေဓါတ် ၉၁% ပါရှိသော ဖရဲသီးနှင့် သခွားသီးများသည် ရေဓါတ်ဆုံးရှုံးမှုများကို အဓိက ကာကွယ်ပေးပြီး ၎င်းတို့ကို အရသာ ရှိစွာ စားသုံးရုံဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓါတ်ကို အပြည့် အဝ ပြည့်ဝစေသော အစားအစာများ ဖြစ်ကြသည်။ အေးမြသော အရသာ၊ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရည် ရွှမ်းလှသော ဖရဲသီးနှင့် သခွားသီးများကို နွေရာသီတွင် အသုပ်သုပ်စားခြင်း၊ အချိုပွဲအဖြစ် သုံးဆောင်ခြင်း၊ အအေးအဖြစ် ဖျော်သောက်ခြင်း အစရှိသော နည်းလမ်းများဖြင့် ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။ ၎င်းတို့သည် အစာအိမ်ရောဂါများ၊ ကိုယ်အလေးချိန်လျော့ချခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါများနှင့် သာမန် အအေးမိ၊ နှာစီးရောဂါ ဖြစ်ပွားခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။


သံပုရာရည်နှင့် လတ်ဆတ်သော အသီးဖျော်ရည်များသံပုရာရည်နှင့် လတ်ဆတ်သော အသီးဖျော်ရည်များ
ပူပြင်းလှတဲ့ နွေရက်များတွင် ချိုချဉ်အရသာ ရှိလှသော သံပုရာရည်များသည် လူကြိုက်အများဆုံးဖျော်ရည်များ ဖြစ်ကြပါတယ်။ သံပုရည်တစ်ခွက်သည် လန်းဆန်းစေရုံမျှမက ကျန်းမာရေးအတွက်လည်းအထောက်အကူ ပေးလှပါတယ်။ အခြား လတ်ဆတ်သော အသီး ဖျော်ရည်များကို သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှ ကုန်ဆုံးသွားသော ရေဓါတ်များကို ပြန်လည် ဖြည့်ဆည်းပေးကာ အာဟာရဓါတ်များ ပြန်လည် ဖြည့်ဆည်းပေးပါတယ်။


ရေခဲမုန့်များနှင့် ရေခဲချောင်းများရေခဲမုန့်များနှင့် ရေခဲချောင်းများ
ရေခဲမုန့်များနှင့် ရေခဲချောင်းများသည် ပူပြင်းသော နွေရာသီတွင် စိတ်ကျေနပ်ဖွယ်ဖြစ်စေသော အစားအစာများ ဖြစ်ကြပါတယ်။ လတ်ဆတ်သော သစ်သီးမျိုးစုံဖြင့် ပြုလုပ်ထားသော ရေခဲချောင်းများသည် လူတိုင်း၏ အသဲစွဲ အစားအစာများ ဖြစ်ကြပါသည်။ ရေခဲမုန့်နှင့် ရေခဲချောင်းများတွင် အရသာမျိုးစုံရှိလှပါတယ်။ ပူပြင်းလှသော နွေရာသီကို အေးမြပြီး ချိုမြိန်သော ရေခဲမုန့်နှင့် ရေခဲချောင်းများ စားသုံးပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။


ဒိန်ချဉ်ဒိန်ချဉ်
ဒိန်ချဉ်များသည် နွေရာသီအတွက် အကောင်းဆုံးသော အရသာအရှိဆုံး အချိုပွဲများ ဖြစ်သည့် အပြင် ဗိုက်တာမင်၊ အာဟာရဓါတ်များနှင့် အပူဒဏ်ကို ကာကွယ် ပေးသော အစားအစာ များဖြစ်ကြပါတယ်။ ဒါကြောင့် နွေရာသီတွင် ဒိန်ချဉ် စားသုံးခြင်းသည် အကောင်းဆုံးသော အရာ ဖြစ်ပါတယ်။

 


အုန်းရည် အုန်းရည်
ကျန်းမာရေးအတွက် အထောက်အကူပြုသော အကျိုးကျေးဇူးများနှင့် ခန္ဓာကိုယ်ကို အေးမြစေနိုင်သော အစွမ်း ရှိလှသည့် အုန်းရည်များသည် ခန္ဓာကိိုယ်အတွက် လိုအပ်လှသော သကြားဓါတ်၊ သံဓါတ်များနှင့် ရေဓါတ်များကို ဖြည့်ဆည်းပေးနိုင်သော အရာ များ ဖြစ်ကြပါတယ်။ ဒါ့အပြင် အုန်းရည်များသည် ကင်ဆာရောဂါနှင့် အိုမင်းရင့်ရော်မှုများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

 

ယခုအခါ နွေရာသီ ရောက်ရှိလို့လာပြီ ဖြစ်တာကြောင့် ရေဓါတ်ဆုံးရှုံးခြင်း နှင့် အင်အားများလျော့နည်းဆုံးရှုံး စေခြင်းကို လူတော်တော်များ ခံစားနေကြရပါပြီ။ နွေရာသီ ရောက်ပြီ ဖြစ်တာကြောင့် ရေများများ သောက်သုံးဖို့လုံးဝ မမေ့ပါနဲ့နော်။ အရိပ်ရှိပြီး အေးမြတဲ့ နေရာတွေမှာ နေထိုင်ပြီး ရေဓါတ်ပြည့်ဝတဲ့ အစားအစာများကို စားသုံးရင်း နွေရာသီ ကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ပါ။နွေရာသီမှာ သင်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိတဲ့ အစားအစာ များရှိရင်လည်း ပြောပြပေးခဲ့ပါဦးနော်။

 

 Swensen's Myanmar

Swensen’s Myanmar

ဒဂုံစင်တာ၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။


Frolick Myanmar

Frolick Myanmar

အမှတ် (ဘီ၊ ၀၂၆) တော်ဝင်စင်တာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။


Juice Box

Juice Box

စမ်းချောင်းလမ်း၊ Bang Bang Fashionဆိုင်အနီး၊ ရန်ကုန်မြို့။


GC Juice Bar

GC Juice Bar

ဒုတိယ အလွှာ၊ Junction Square အနီး၊ ရွှေကောင်း ဟော့ပေါ ဆိုင်အနားဝန်းကျင်။


Ice-Manias MyanmarIce-Manias Myanmar

ပဒုမ္မာလမ်း၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန်မြို့။


Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top