မြန်မာ

ဒူးရင္းသီးျဖင့္ ျပဳလုပ္ထားေသာ အစားအစာမ်ား

ဒူးရင်းသီးဆိုတာ နွေရာသီရဲ့ ရာသီပေါ်သီးနှံတစ်မျိုးပါ။ သူ့ရဲ့ ပြင်းပြင်းရှရှ အနံ့ကြောင့် မကြိုက်တဲ့သူတွေရှိပေမဲ့ ကြိုက်နှစ်တတ်တဲ့သူတွေအတွက်တော့ အနံ့နဲ့ အရသာဟာ တကယ့် နတ်သုဒ္ဓွါပါ။ ဒီတော့ ဒူးရင်းသီးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေအကြောင်း စုစည်းပေးပါရစေတော့နော်။

ဒူးရင်းသီး ခေါင်းအုံး

အပြင်ကနေ ဂျုံနဲ့ ကြက်ဥတို့နဲ့ လုပ်ထားတဲ့အခွံကိုမှ ဒူရင်းသီးနဲ့ ခရင်ခ်ကိုရောပြီး အနှစ်လုပ်ထားတာမျိုးပါ။ ဒူးရင်းသီးအနှစ်တွေနဲ့ ဂျုံပြားကိုလေးထောင့်ပုံစံခေါက်လိုက်တဲ့အခါ ခေါင်းအုံးလေးလိုဖြစ်နေတာကြောင့် ဒီလိုတင်စားခေါ်ကြတာဖြစ်ပါတယ်။ ဒူးရင်းသီးခေါင်းအုံး ကိုတော့ ရန်ကုန်မှာ အတော်လေး လူစားများပါတယ်။ အွန်လိုင်းကနေလည်း အလွယ်တကူမှာယူနိုင်ပြီး တစ်ခုကို ၈၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်အထိ စျေးရရှိပါတယ်။

ဒူးရင်းသီးကိတ်

ကိတ်ချစ်သူတွေအတွက်က ဒူးရင်းသီးကိတ်ဆိုတာနဲ့ သွားရည်ကျစေမှာပါ။ ဒူးရင်းသီးနဲ့ ခရင်ခ်ချိစ်ကို အချိုးကျကျ ရောထားတဲ့အရသာက သင့်ပါးစပ်ကိုစွဲနေစေမှာပါ။ အချို့ ကိတ်မုန့်ဆိုင်တွေမှာဆိုရင် ချောကလပ်နဲ့ ဒူးရင်းသီးကိုရောပြီး ခရင်ခ်လုပ်လေ့လည်းရှိပါတယ်။ 3Dပုံနဲ့ ဒူးရင်းသီးပုံ အလှဆင်ထားတဲ့ ဒူးရင်းသီးကိတ်လေးကိုတော့ မြည်းသင့်ပါတယ်လို့။ ရန်ကုန်မှာဆိုရင် Black Sky တို့လို Sule Square က Season တို့လိုဆိုင်တွေမှာရပါတယ်။ စျေးကတော့ ၂ဝဝဝကနေ ၃ဝဝဝဝန်းကျင်မှာရှိပါတယ်။

ဒူးရင်းသီး ရေခဲမုန့်

ဒူးရင်းသီးလို အပူဓါတ်များတဲ့ အသီးကို ရေခဲမုန့်အဖြစ် ပြောင်းလဲဖန်တီးလိုက်ရင်တော့ အေးအေးလေးစားနိုင်ပါပြီ။ ဒူရင်းသီးရေခဲမုန့်ဟာလည်း ဒူးရင်းသီးချစ်သူတို့အတွက် မရှိမဖြစ်ပါ။ ဒူးရင်းသီးရေခဲမုန့်ကတော့ ရေခဲမုန့်ဆိုင်တိုင်းမှာလိုလိုရပါတယ်နော်။

ဒူးရင်းသီးဖျော်ရည်

ဒူးရင်းသီးကို နွားနို့နဲ့ရောပြီး အေးအေးမွှေးမွှေးလေး ဖျော်စပ်ထားတာကြောင့် နွေရာသီနဲ့အကိုက်ပါပဲ။ ဒူရင်းသီးဖျော်ရည်တစ်ခွက်ကို ၂ဝဝဝကနေ ၃ဝဝဝအထိရှိတတ်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ရွှေပုစွန်နဲ့ စဉ့်အိုးတန်းလမ်းအောက်ဘလောက်က အအေးဆိုင်က ဒူးရင်းသီးဖျော်ရည်းက စာရေးသူအသဲစွဲပါ။

ဒူးရင်းသီးမလိုင်

ဒူးရင်းသီးမလိုင်ကလည်း ဖျော်ရည်လိုပါပဲ။ ထူးတာက နွားနို့်အစာ မလိုင်နဲ့ ရောထားတာပါ။ သူ့စျေးကလည်းတစ်ခွက်ကို ၂၅ဝဝကနေ ၃၅ဝဝအထိရှိပါတယ်။ Thai 47က ဒူးရင်းသီးမလိုင််းကတော့ စာရေးသူဖေးဘရိတ်ပါ။

ခုလို အရသာရှိတဲ့ အစားအသောက်တွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲမှာ ရှာဖွေမွှေနှောက်ပြီး Order မှာစားလို့ရနေပါပြီ ပရိသတ်ကြီးရေ။

[Unicode]

ဒူးရင္းသီးဆိုတာ ေႏြရာသီရဲ႕ ရာသီေပၚသီးနွံတစ္မ်ိဳးပါ။ သူ႔ရဲ႕ ျပင္းျပင္းရွရွ အနံ႕ေၾကာင့္ မႀကိဳက္တဲ့သူေတြရွိေပမဲ့ ႀကိဳက္ႏွစ္တတ္တဲ့သူေတြအတြက္ေတာ့ အနံ႕နဲ႕ အရသာဟာ တကယ့္ နတ္သုဒၶြါပါ။ ဒီေတာ့ ဒူးရင္းသီးနဲ႕ လုပ္ထားတဲ့ အစားအေသာက္ေတြအေၾကာင္း စုစည္းေပးပါရေစေတာ့ေနာ္။

ဒူးရင္းသီး ေခါင္းအုံး

အျပင္ကေန ဂ်ံဳနဲ႕ ၾကက္ဥတို႔နဲ႕ လုပ္ထားတဲ့အခြံကိုမွ ဒူရင္းသီးနဲ႕ ခရင္ခ္ကိုေရာၿပီး အႏွစ္လုပ္ထားတာမ်ိဳးပါ။ ဒူးရင္းသီးအႏွစ္ေတြနဲ႕ ဂ်ံဳျပားကိုေလးေထာင့္ပံုစံေခါက္လုိက္တဲ့အခါ ေခါင္းအံုးေလးလိုျဖစ္ေနတာေၾကာင့္ ဒီလိုတင္စားေခၚၾကတာျဖစ္ပါတယ္။ ဒူးရင္းသီးေခါင္းအံုး ကိုေတာ့ ရန္ကုန္မွာ အေတာ္ေလး လူစားမ်ားပါတယ္။ အြန္လုိင္းကေနလည္း အလြယ္တကူမွာယူႏုိင္ၿပီး တစ္ခုကို ၈၀၀ က်ပ္ကေန ၁၂၀၀ က်ပ္အထိ ေစ်းရရွိပါတယ္။

ဒူးရင္းသီးကိတ္

ကိတ္ခ်စ္သူေတြအတြက္က ဒူးရင္းသီးကိတ္ဆိုတာနဲ႕ သြားရည္က်ေစမွာပါ။ ဒူးရင္းသီးနဲ႕ ခရင္ခ္ခ်ိစ္ကို အခ်ိဳးက်က် ေရာထားတဲ့အရသာက သင့္ပါးစပ္ကိုစြဲေနေစမွာပါ။ အခ်ိဳ႕ ကိတ္မုန္႔ဆိုင္ေတြမွာဆိုရင္ ေခ်ာကလပ္နဲ႕ ဒူးရင္းသီးကိုေရာၿပီး ခရင္ခ္လုပ္ေလ့လည္းရွိပါတယ္။ 3Dပံုနဲ႕ ဒူးရင္းသီးပံု အလွဆင္ထားတဲ့ ဒူးရင္းသီးကိတ္ေလးကိုေတာ့ ျမည္းသင့္ပါတယ္လို႔။ ရန္ကုန္မွာဆိုရင္ Black Sky တို႔လို Sule Square က Season တို႔လိုဆိုင္ေတြမွာရပါတယ္။ ေစ်းကေတာ့ ၂၀၀၀ကေန ၃၀၀၀ဝန္းက်င္မွာရွိပါတယ္။

ဒူးရင္းသီး ေရခဲမုန္႔

ဒူးရင္းသီးလို အပူဓါတ္မ်ားတဲ့ အသီးကို ေရခဲမုန္႔အျဖစ္ ေျပာင္းလဲဖန္တီးလုိက္ရင္ေတာ့ ေအးေအးေလးစားႏုိင္ပါၿပီ။ ဒူရင္းသီးေရခဲမုန္႔ဟာလည္း ဒူးရင္းသီးခ်စ္သူတို႔အတြက္ မရွိမျဖစ္ပါ။ ဒူးရင္းသီးေရခဲမုန္႔ကေတာ့ ေရခဲမုန္႔ဆုိင္တုိင္းမွာလိုလိုရပါတယ္ေနာ္။

ဒူးရင္းသီးေဖ်ာ္ရည္

ဒူးရင္းသီးကို ႏြားႏုိ႕နဲ႕ေရာၿပီး ေအးေအးေမႊးေမႊးေလး ေဖ်ာ္စပ္ထားတာေၾကာင့္ ေႏြရာသီနဲ႕အကိုက္ပါပဲ။ ဒူရင္းသီးေဖ်ာ္ရည္တစ္ခြက္ကို ၂၀၀၀ကေန ၃၀၀၀အထိရွိတတ္ပါတယ္။ ရန္ကုန္မွာဆိုရင္ေတာ့ ေရႊပုစြန္နဲ႕ စဥ့္အိုးတန္းလမ္းေအာက္ဘေလာက္က အေအးဆိုင္က ဒူးရင္းသီးေဖ်ာ္ရည္းက စာေရးသူအသဲစြဲပါ။

ဒူးရင္းသီးမလိုင္

ဒူးရင္းသီးမလုိင္ကလည္း ေဖ်ာ္ရည္လိုပါပဲ။ ထူးတာက ႏြားႏုိ္႕အစာ မလိုင္နဲ႕ ေရာထားတာပါ။ သူ႕ေစ်းကလည္းတစ္ခြက္ကို ၂၅၀၀ကေန ၃၅၀၀အထိရွိပါတယ္။ Thai 47က ဒူးရင္းသီးမလိုင္္းကေတာ့ စာေရးသူေဖးဘရိတ္ပါ။

ခုလို အရသာရွိတဲ့ အစားအေသာက္ေတြ စားခ်င္တယ္ဆိုရင္ေတာ့ Doemal Application ထဲမွာ ရွာေဖြေမႊေနွာက္ျပီး Order မွာစားလို႕ရေနပါျပီ ပရိသတ္ၾကီးေရ။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top