ကိုးရီးယား

ဒီဟင်းတွေအားလုံးကို စားရဲရင် ဆရာပဲ။

 ကမ္ဘာပေါ်မှာသူ့ဒေသနဲ့သူ့ သူဓလေ့နဲ့သူစားသုံးကြတဲ့ အမြင်ဆန်းပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့အစားအသောက်များစွာရှိပါတယ်။ ဒီထဲကမှ အာရှနိုင်ငံတွေရဲ့ ထူးထူးခြားခြားအစားအသောက်အချို့ကိုဖတ်ကြည့်လိုက်ရအောင်။

Someone ate this but who?->>  Read in English

DeadAliveFIsh

ငါးအကျက်တစ်ပိုင်းအရှင်တစ်ပိုင်းဟင်း

ယင်ယန်းယုလို့ခေါ်တဲ့ ငါးအကျက်တစ်ပိုင်းအရှင်တစ်ပိုင်းဟင်းလျာကတော့ တရုတ်ပြည်ရဲ့အရှင်လတ်လတ်စားရတဲ့ဟင်းလျာတွေထဲက နာမည်ကြီးဟင်းလျာတစ်ခုပါ။ ငါးအကျက်တစ်ပိုင်းအရှင်တစ်ပိုင်းဟင်းလျာလို့ဘာလို့ခေါ်လဲဆိုတော့  ငါးရဲ့ကိုယ်ထည်ကိုကျက်အောင်ကြော်ပြီး ခေါင်းပိုင်းကိုတော့အရှင်ထားထားတာပါ။ ဘယ်လိုချက်လဲဆိုတော့ ငါးကိုကြော်နေတဲ့အချိန်မှာအသက်ရှုတာရပ်မသွားအောင်ခေါင်းကိုရေစိုဝတ်နဲ့ပတ်ထားပြီးကြော်တာပါ။ ငါးကလတ်ဆတ်နေပြီးလှုပ်နေတုန်းပါ။ ငါးအသက်ရှင်နေသေးအောင် စားဖိုမှုးတွေအနေနဲ့ ငါးရဲ့အတွင်းပိုင်းအဂါင်္တွေမပျက်စီးအောင်သတိကြီးစွာနဲ့အမြန်ချက်ရပါတယ်။ ဒါမှလဲငါးကမိနစ်၃၀ မိနစ်၄၀လောက်ရှင်နေတာပါ။ ပြီးရင်တော့ငါးကို ပန်းကန်ပြားပေါ်မှာဆော့စ်နဲ့ဆမ်းပြီး စားသုံးကြပါတယ်။ဒီလိုချက်ပြုတ်ခြင်းကိုရက်စက်တယ်လို့သက်မှတ်ထားကြပေမယ့် တစ်ချိုု့စားဖိုမှုးတွေကတော့ စားသုံးသူတွေကိုငါးကိုလတ်လတ်စားစေချင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ချက်ပြုတ်ကြတာပါလို့ဆိုကြပါတယ်။ ဒီဟင်းလျာကိုထိုင်ဝမ်နိုင်ငံမှာတားမြစ်ထားပြီး သြစတြေလျနဲ့ဂျာမနီမှာတော့ပြစ်မှုမြောက်ပါတယ်။

monkeybrain

မျောက်ဦးနှောက်အစိမ်းဟင်း

မျောက်ဦးနှောက်ဟာ စားစရာဟုတ်လားမဟုတ်လားဆိုသည်မှာအငြင်းပွားဖွယ်ကိစ္စဖြစ်ပြီး တရုတ်နိုင်ငံနဲ့အခြားနိုင်ငံအချို့မှာတော့စားသောက်ဖွယ်ရာအဖြစ်မှတ်ယူထားကြပါတယ်။ အင်ဒိုနီရှားမှာတော့မျောက်ဦးနှောက်စားခြင်းကပန်းသေတာကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့အခြေအမြစ်မရှိတဲ့ယုံကြည်မှုက ဓလေ့ကြီးတစ်ခုလိုလွှမ်းမိုးနေပါတယ်။မျောက်ဦးနှောက်အစိမ်းဟင်းလျာကတော့စျေးအလွန်ကြီးပြီးပိုက်ဆံချမ်းသာတဲ့လူတွေလောက်သာဝယ်စားနိုင်တဲ့ အထူးဟင်းလျာတစ်ခုပါ။ ဒီဟင်းလျာကိုတစ်ချိန်ကဟောင်ကောင်မှာရှာစားနိုင်ပြီး တရုတ်နိုင်ငံ Guangdong ဒေသမှာတော့ယနေ့ထက်တိုင်မှာစားဖို့ဖြစ်နိုင်ပါသေးတယ်။ စားဖိုမှုးကမျောက်အရှင်တစ်ကောင်ကို အပေါက်ကလေးပါတဲ့စားပွဲအောက်မှာထားပြီးကြိုးတွေနဲ့တုပ်ထားပါတယ်။ အဲ့အပေါက်ကလေးကနေထွက်နေတဲ့ မျောက်ရဲ့ဦးခေါင်းကိုတူလိုမျိုးအရာတစ်ခုခုနဲ့ကွဲအောင်ထုပြီးအထဲကဦးနှောက်ကိုအစိမ်းစားရတဲဲ့ဟင်းလျာမျိုးပါ။ စားနေတဲ့အချိန်မှာတောင် နာကျင်မှုကြောင့်မျောက်ရဲ့စူးစူးဝါးဝါးအော်သံကိုကြားနေရပါတယ်။ ဒီဟင်းလျာကိုမှာတဲ့လူတွေဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့သတ္တိကိုပြချင်ရုံသက်သက်သာဖြစ်ပြီးအများစုကတော့တစ်ဇွန်းတောင်မစားနိုင်ကြပါဘူး။ တရုတ်နိုင်ငံမှာ ဒီဟင်းလျာကိုတားမြစ်ထားပေမယ့်လည်း Guangdong ဒေသမှာတော့တရားမဝင်ရောင်းချမှုတွေရှိနေပါသေးတယ်။

TunaEyeball

တူနာငါးမျက်လုံးဟင်း

ဗီယက်နမ်နိုင်ငံ ဖုရင်ဒေသကိုသွားမဲ့ခရီးသွားဧည့်သည်တွေအနေနဲ့ ယင်းဒေသရဲ့အလှအပတွေကိုသာမကဒေသတွင်းနာမည်ကြီးအစားအသောက်များကိုလည်းသွားရောက်မြည်းစမ်းစားသုံးသင့်ပါတယ်။ဒီထဲကမှမဖြစ်မနေစားသုံးသင့်တာကတော့ဗီယက်နမ်ရဲ့အကောင်းဆုံးဟင်းလျာတစ်ပွဲဖြစ်တဲ့ တူနာငါးမျက်လုံးဟင်းလျာပါပဲ။ ဒီဟင်းလျာကိုတစ်ခါမြည်းစားလိုက်ရုံနဲ့ သင့်ခံတွင်းထဲမှာ အချိုနဲ့အစပ် အရသာနှစ်မျိုးလုံးကျန်ရှိနေမှာပါ။ တူနာငါးမျက်လုံးမှာတော့ အဆီရော အသားရော နှစ်မျိုးလုံးပါရှိပါတယ်။

ဗီယက်နမ်ဘာသာစကားနဲ့ တူနာငါးကို လို့ခေါ်ပြီး အာဟာရကြွယ်ဝစွာပါဝင်တဲ့ပင်လယ်ငါးအမျိုးအစားပဲဖြစ်ပါတယ်။ဒါ့အပြင်တူနာငါးဟာ ဂျပန် ထိုင်ဝမ် တောင်ကိုရီယား အစရှိတဲ့အာရှနိုင်ငံတော်တော်များများမှာစားသုံးကြတဲ့ဟင်းလျာပဲဖြစ်ပါတယ်။ဒါကြောင့် တူနာငါးမျက်လုံးဟင်းလျာဟာ ဘာကြောင့်နာမည်ကြီးလဲဆိုတာ အထူးတလည်ရှင်းပြဖို့မလိုအပ်တော့ပါဘူး။တူနာငါးမျက်လုံးဟာ ကြက်ဥတစ်လုံးအရွယ်အစားလောက်ကြီးမားပြီး အာဟာရပြည့်ရုံတင်သာမက သင့်မျက်လုံးအတွက်လိုအပ်တဲ့ Omega 3 နဲ့ DHA ပါဝင်ပါသေးတယ်။

TunaSoup

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကလူတွေဟာဆိုရင်ဖြင့်ရံဖန်ရံခါတူနာငါးမျက်လုံးကို မြေပဲ ဆန်မှုန့် များနဲ့ရောချက်လေ့ရှိပြီး ဒီဟင်းလျာကလဲ ဗီယက်နမ်နိုင်ငံရဲ့အကောင်းဆုံးဟင်းလျာတစ်ခုပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ကမ်းရိုးတမ်းတစ်လျှောက်ဒေသများမှာလဲ တူနာငါးများ ပေါပေါများများရှိပါတယ်။ဒါပေမယ့် ဖုရင်ဒေသကတူနာငါးဟင်းလျာကတော့အကောင်းဆုံး အရသာအရှိဆုံး အလတ်ဆတ်ဆုံးပါပဲ။ တစ်နေ့နေ့ ဖုရင်ကိုသွားဖို့အခွင့်အရေးရခဲ့ရင် တူနာငါးမျက်လုံးဟင်းလျာကို လီဒန်းလမ်းလေးမှာ သွားရောက်မြည်းစမ်းစားသုံးကြဖို့တိုက်တွန်းလိုက်ပါတယ်။

BabyMiceCurry

ကြွက်ပေါက်ဟင်း

မွေးကင်းစကြွက်သေးသေးလေးတွေ အမွှေးမပေါက်သေးပဲမျက်လုံးတောင်မဖွင့်နိုင်သေးတဲ့ကြွက်သေးသေးလေးတွေကိုတရုတ်ပြည်မှာစားကြပါတယ်။ ဒါကို There Squeak လို့ခေါ်ပြီးကြွက်ကလေးတွေဆီကထွက်လာတဲ့ တကျွိကျွိအောင်သံလေးတွေနဲ့ နာမည်ပေးထားတာပါ။ ပထမဆုံးကြွက်ကလေးကိုပန်းကန်ထဲကနေတူနဲ့ညှပ်ပြီးယူလိုက်တဲ့အသံ။ ဒုတိယ ဆော့စ်ထဲကိုနှစ်ခံရတဲ့အသံနဲ့ နောက်ဆုံးပါးစပ်ထဲကိုထည့်လိုက်တဲ့အချိန်ထွက်လာတဲ့အသံတွေပါ။မွေးကင်းစကြွက်လေးတွေဖြစ်တာကြောင့် သူတို့ရဲ့အရိုးဖွဲ့စည်းပုံကနုပါသေးတယ်။ ဒီစားစရာကိုတော့ Guangdong ဒေသမှာပေါပေါလောလောရနိုင်ပါတယ်။ တစ်ချို့လူတွေကတော့ သူတို့စားနေတဲ့ဗီဒီယိုဖိုင်တွေကိုYoutubeမှာတောင်တင်ထားကြပြီးကြည့်ရတာတော်တော်စိတ်မချမ်းမသာဖြစ်ပါတယ်။ ဒါပေမယ့်လဲတရုတ်လူမျိုးတွေကတော့နောင်တရခြင်းမျိုးမရှိပဲစားမြဲစားနေတုန်းပါပဲ။

Sannakji

ရေဘဝဲအရှင်ဟင်း

San-nakji ဆိုတာလှုပ်နေသေးတဲ့ရေဘဝဲအရှင်လေးတွေနဲ့လုပ်ထားတဲ့ဟင်းလျာတစ်ခုပါ။ ဒီဟင်းလျာကတော့ အစိမ်းစားလို့ရတဲ့ဟင်းလျာတွေထဲက နာမည်ကြီးဟင်းလျာတစ်ခုအဖြစ် ကိုရီယားနိုင်ငံမှာယနေ့ထက်တိုင်အောင်ရှိနေပါသေးတယ်။ ဒီဟင်းလျာကိုမှာပြီဆိုရင် စားဖိုမှုကရေဘဝဲလက်တွေကိုဓားနဲ့လှီး နှမ်းဆီနဲ့နယ် ပြီးရင်နှမ်းအနည်းငယ်ဖြူ းပြီး အမြန်ဆုံးသွားချပေးရပါတယ်။ ဒါမှလည်းရေဘဝဲဘက်တွေကပန်းကန်ပြားပေါ်မှာလူးလွန့်နေတာပါ။ San-nakjiကို ကိုရီယားစားသောင်ဆိုင်တော်တော်များများမှာရောင်းချပြီး ဘားတွေမှာလဲအမြည်းအဖြစ်ဆိုဂျူ နဲ့အတူတွဲသောက်လေ့ရှိပါတယ်။

စားသုံးသူတွေအနေနဲ့ ရေဘဝဲလက်တွေကိုဝါးတဲ့နေရာမှာသေချာဂရုစိုက်ပြီးဝါးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဘဝဲဲလက်မှာရှိတဲ့စုပ်ခွက်တွေကရှင်နေဆဲမို့လို့ပါ။ ဒီစုပ်ခွက်တွေကပါးစပ်နဲ့လည်းချောင်းမှာကပ်ကျန်နေခဲ့ရင် အသက်ရှုကျပ်ပြီးအသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။

သင်ဆိုရင်ရော ဒီလိုအစားအစာမျိူးစားခွင့်ရခဲ့မယ်ဆိုရင် စားချင်ရဲ့လား?

#photo_credit: https://goo.gl/GZEmhP

vietnamesefood.com.vn

AsianTown.Net

sgtalk.org

bibimbaplondon.com

uniquemoment.ro

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top