ယဉ်ကျေးမှု

ဒိုးနပ်မုန့်တွေရဲ့ သမိုင်း

ဒိုးနပ်တွေဟာ ကမ္ဘာပေါ်ကအကျော်ကြားဆုံးအစားအစာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ဒိုးနပ်မုန့်က ချိချိုအီအီလေးနဲ့ စားကောင်းပြီးတော့ သွားရင်းလာရင်း စားလို့အဆင်ပြေပါတယ်။ ဒိုးနပ်တွေပေါ်လာလာတာ နှစ်ပေါင်းရာကျော်နေပါပြီ။

ဒိုးနပ်မုန့်ကို အိမ်မှာ လုပ်စားလို့ရသလို ပေါင်မုန့်ဆိုင်၊ ဆူပါမားကတ်၊ စျေးတန်းတွေနဲ့ ဒိုးနပ်ရောင်းတဲ့ဆိုင်တွေမှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပါတယ်။

ပထမဆုံး ဒိုးနပ်မုန့်ကို

ဘယ်သူက ဘယ်နေရာ ပြုလုပ်ခဲ့သလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ဒါပေမယ့် ဒိုးနပ်တွေဘယ်က စခဲ့သလဲဆိုတာကို မှန်းနိုင်မယ့် အဖြစ်အပျက် အချို့တော့ သမိုင်းမှာရှိပါတယ်။

Donut ဆိုတဲ့ အတိုကောက်စာလုံးက Doughnut ဆိုတဲ့ အသံထွက်ကနေလာပါတယ်။ Dough (ဒိုး) ဂျုံလုံး၊ nuts အခွံမာသီးတွေနဲ့ပြုလုပ်ထားတဲ့ မုန့်လို့ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒိုးနပ်နဲ့ဆင်တူတဲ့မုန့်တွေ သမိုင်းမှာ အများကြီးရှိခဲ့ပေမယ့် ယခုခေတ် ဒိုးနပ်မုန့်တွေနဲ့ အနီးစပ်ဆုံး ပထမဆုံး ဒိုးနပ်မုန့်ကိုဆိုရင် olykoek(oil cake- ဆီကြော်ကိတ်) လို့ယူဆနိုင်ပါတယ်။ ဒီမုန့်တွေကို နယူးယောက်မြို့ မှာ လာရောက်အဃြျေနေထိုင်တဲ့ ဒတ်ချ်လူမျိုးတွေ သယ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမုန့်တွေက ဒီနေ့ခေတ်ဒိုးနပ်မုန့်တွေနဲ့ ဆင်တူပေမယ့် အလယ်မှာအပေါက်ပါတဲ့ကွင်းပုံစံ တွေ မဟုတ်ကြသေးပါဘူး။ ဒိုးနပ်မုန်တွေနဲ့ ပတ်သတ်ပြီးတော့ အစောဆုံးဖော်ပြချက်တွေကို Washington Irving ရဲ့ 1809 A History of New York, from the Beginning of the World to the End of the Dutch Dynasty ဆိုတဲ့စာအုပ်မှာ တွေ့နိုင်ပါတယ်။

အမေရိကန်လူမျိုး Hanson Gregory က သူ့အသက် ၁၆နှစ် ၁၈၄၇ လောက်မှာ ကွင်းပုံစံ ဒိုးနပ်ကို ထုံးကုန်ကူးတဲ့ သင်္ဘောပေါ်မှာ စပြီးပြုလုပ်ခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။ Gregory က ပုံမှန်ဒိုးနပ်တွေရဲ့ အဆီများပြီး အလယ်မှာ မကျက်တာတွေကို ငြီးငွေ့ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သင်္ဘောပေါ်က ငရုတ်ကောင်း သံဘူး အခွံနဲ့အလယ်ကို အပေါက်ဖောက်ချပြီး သူမကြိုက်တဲ့အလယ်သားတွေကို ဖယ်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီနည်းလမ်းကို သူ့အမေကို သင်ပေးခဲ့ပါတယ်။

Smithsonian မဂ္ဂဇင်းက ပြောတာကတော့ Gregory ရဲ့အမေ အယ်လိဇဘတ်က အခွံမာသီးအမှုန့်၊ သစ်ကြပိုးခေါက်မှုန့် နဲ့ လီမွန် အခွံတွေရောပြီး ကောင်းကောင်းကျက်လေ့မရှိတဲ့ အလယ်မှာ သစ်အယ်သီးနဲ့ ကမ်းဇော်သီးတွေကို ထားကာ Doughnut လို့နာမည်ပေးထားတဲ့ မုန့်ကို ပြုလုပ်ခဲ့ပါတယ်လို့ဖော်ပြခဲ့ပါတယ်။
နောက် သီအိုရီတစ်ခုကတော့ ၁၈၀၀ မှာ Baron Thomas Dimsdale ရဲ့ဇနီးရေးခဲ့တဲ့ ဟင်းချက်နည်းများနဲ့ အိမ်တွင်းမှုဆိုင်ရာ သိစရာများ စာအုပ်မှ ‘dow nut’ ပြုလုပ်နည်းကို ၂၀၁၃ မှာရှာတွေ့ခဲ့ရာကနေ အစပြုပါတယ်။ ဒီနည်းကို “Hertfordshire nut” ဆိုတဲ့ ရိုးရာဟင်းချက်နည်း လမ်းညွှန်ကို မှတ်တမ်းတင်ပေးဖူးတဲ့ တစ်ယောက်ကနေ Baroness မိသားစုကို ပေးခဲ့တာ ဖြစ်ပါတယ်။

Writer_Venus

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top