Lifestyle
တိုင်းရင်းသားများကို ကိုယ်စားပြုသည့် ရိုးရာဟင်းပွဲများ
မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို အများဆုံးကိုယ်စားပြုတဲ့ ဟင်းအမယ်နဲ့ ရိုးရာအစားအသောက်အချို့ အကြောင်းကို ဒိုးမယ်ပရိသတ်ကြီး ဗဟုသုတအနေနဲ့ သိရှိစေရန် ပြောပြပေးလိုက်ပါတယ်နော်။
ကချင်ရိုးရာ ဆာဖြယ်
ကချင်အစားအစာ တစ်မျိုးဖြစ်တဲ့ ဆာဖြယ်ဆိုတာ ကတော့ မုန့်တီနန်းသေးဖတ်ကို အနံ့ မထွက်အောင်ပြုလုပ်ထားတဲ့ မုန့်ဖတ်ကလေးရယ် အသားတစ်မျိုးမျိုးရယ် သခွားသီး၊ ခါကြက်ဥ၊ ဆလပ်ရွက်နဲ့ တို့ဟူးတို့ကို အလယ်တည်ပန်းကန်ပြားနဲ့့ထည့်ပေးထားပြီး ဆာဖြယ်ရဲ့အဓိကကျတဲ့ အချဉ်ပန်းကန်ရယ်ပါမှာ ဖြစ်ပါတယ်
ဆာဖြယ်ကို စစားတော့မယ်ဆိုရင် ဆိုင်က ချပေးတဲ့ ပန်းကန်လုံးလေးထဲမှာ ကိုယ်လိုသလောက် မုန့်ဖတ် ကလေးကို ငါးညှီမြစ်လေးပါတဲ့ အချဉ်ရည်ပန်းကန်ထဲက အသားလေးတွေပါအောင်မွှေထည့်ပြီး နယ်စား ရတာ ဖြစ်ပါတယ်။ ကချင်အစားအစာဖြစ်တော့ အစပ်ကလေးနဲနဲကဲပါတယ်။သူ့ရဲ့ ထူးခြားချက်က ဆီလုံးဝမပါပါဘူး စားလိုက်တာနဲ့ ရှုးရှုးရှဲရှဲဖြစ်လာပါလိမ့်မယ် အဲလိုစပ်လာရင်တော့ ပန်းကန်ထဲမှာ ပါတဲ့ သခွားသီး၊ ခါကြက်ဥ၊ ဆလပ်ရွက်နဲ့ တို့ဟူးလေးကို ရောနယ် စားလိုက်ရင်တော့ အစပ်ပြေသွားမှာပါ။
ကရင်ရိုးရာ တာလပေါ့ဟင်း
ကရင်ရိုးရာတာလပေါ့ဟင်းကတော့ ဟင်းရွက်တွေကို ငါးနဲ့ ဆန့်မှုန့်နဲ့ ငပိနိုင်နိုင်သုံးပြီးပြုတ်ထားတဲ့ ဟင်းရွက်ပြုတ်တစ်မျိုးပါပဲ။ ထူးခြားချက်က ငါးရဲ့ အချိုနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာပါတဲ့ အချိုဓါတ်တို့ အချိုးကျကျပေါင်းစပ်သွားပြီး ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်းရဲ့ ခပ်စပ်စပ်အရသာက ကရင်တို့ရဲ့ ရိုးသား ပွင့်လင်းမှုကို ကိုယ်စားပြုနေတာပါပဲ။
ရခိုင်ရိုးရာမုန့်တီ
တကယ်က ရခိုင်မုန့်တီဆိုတာ ငြုပ်ကောင်းပေါက်ပေါက်၊ ကြက်သွန်နိုင်နိုင်၊ ငါးရွှေကြတ်တိုက်သင်းသင်း၊ အာပူရွက်ကလေးမွှေးမွှေးခတ်ပြီး ချဉ် ငံ စပ် လိုသလိုထည့် ရှူးရှူးရှဲရှဲ တပွဲပြီးတပွဲဆွဲရတာပါ
နောက်ဆုံးဗိုက်ပြည့်ရင်တောင် ဟင်းရည်ပူပူမှာငါးဖယ်လေးညှပ်ထည့်ပြီး အစားပိတ်ကလေးလွေးလိုက်ရမှ တင်းတိမ်ကြတာပါ
မွန်ရိုးရာ သင်္ကြန်ထမင်း
မွန်ရိုးရာ သင်္ကြန်ထမင်းကတော့ ဗမာနှစ်သစ်ကူးလတွေမှာ အထိမ်းအမှတ်အနေနဲ့ စားကြတာများပါတယ်။ ရေထဲမှာ ဖယောင်းနံ့လေးထည့်ပြီး ပြုတ်ထားတဲ့ထမင်းနဲ့ စိမ်ပြီး၊ ငါးခြောက်ကို သရက်သီး သို့မဟုတ် မရမ်းသီး၊ ကြက်သွန်တိုု့နဲ့ရောကြော်ထားတာနဲ့ တွဲစားရတာမျိုးပါ။ မြန်မာနိုင်ငံအောက်ပိုင်းက မွန်၊ ကရင်ဒေသတွေမှာ အစားများတဲ့ ထင်ရှားတဲ့ ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။
အခုလို အရသာရှိတဲ့ ရိုးရာအစားအသောက်တွေနဲ့ ဆိုင်တွေကိုရှာဖွေနေတယ်ဆိုရင်တော့ အစားအသောက်လမ်းညွှန် Application ဖြစ်တဲ့ Doemal ကနေရှာဖွေပြီး သင်စားချင်တဲ့ အစားအစာတွေကို Order မှာစားလို့ရနေပါပြီဆိုတဲ့ အကြောင်းလေးကိုလဲ တစ်ခါထဲ ပြောလိုက်ပါရစေနော်
[Unicode]
ကချင်ရိုးရာ ဆာဖြယ်
ကချင်အစားအစာ တစ်မျိုးဖြစ်တဲ့ ဆာဖြယ်ဆိုတာ ကတော့ မုန့်တီနန်းသေးဖတ်ကို အနံ့ မထွက်အောင်ပြုလုပ်ထားတဲ့ မုန့်ဖတ်ကလေးရယ် အသားတစ်မျိုးမျိုးရယ် သခွားသီး၊ ခါကြက်ဥ၊ ဆလပ်ရွက်နဲ့ တို့ဟူးတို့ကို အလယ်တည်ပန်းကန်ပြားနဲ့ထည့်ပေးထားပြီး ဆာဖြယ်ရဲ့အဓိကကျတဲ့ အချဉ်ပန်းကန်ရယ်ပါမှာ ဖြစ်ပါတယ်
ရခိုင်ရိုးရာမုန့်တီ
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top