တရုတ်

တရုတ်ရိုးရာ အစားအစာဓလေ့များနှင့် စားသောက်ပြုမှုသည့်ထုံးတမ်းများ

တရုတ်ရိုးရာ အစားအစာများ

တရုတ်ရိုးရာ အစားအစာများသည် ကမ္ဘာပေါ်တွင် လူကြိုက်များ ကျော်ကြားသော အစားအစာများဖြစ်ပြီး တရုတ် ရိုးရာ အစားအသောက်များ၏ ဂုဏ်သတင်းသည်် ကမ္ဘာ အနှံ့တွင် ကျော်ကြားလျက်ရှိသည်။ တရုတ်လူမျိုးများသည် အရသာရှိလှသော အစားအစာများ စားသောက်ရခြင်း ကို နှစ်သက်ကြသည်မက အစားအသောက်များအတူ ဝိုင်းဖွဲ့စားသောက်ခြင်းဖြင့် ချစ်ခင်ရသော မိသားစုနှင့် မိတ်ဆွေများကြားရှိ ဆက်ဆံရေးကို ပိုမိုနီးကပ်စေနိုင်သည်ဟု ယုံကြည်ထားကြပါသည်။ တရုတ်နိုင်ငံတွင် ပြည်နယ်အမြောက်အမြားခွဲခြားထားပြီး ပြည်နယ်တစ်ခုစီ တိုင်းတွင် ကိုယ်ပိုင် အစားအစာချက်ပြုတ်နည်းစတိုင် များရှိကြပါသည်။ ဟင်းလျာထဲတွင် ပါဝင်အသုံးပြုသော အမယ်များသည် ဒေသတစ်ခုစီ၏ ရေမြေသဘာဝ၊ အသုံးပြုသော ကုန်ကြမ်းများ ၊ ချက်ပြုတ်နည်းများ ပေါ်တွင် မူတည်ပြီး ကွဲပြားခြားနားကြပါသည်။

ဆန်သည် တရုတ်နိုင်ငံ၏ အဓိက အစားအစာဖြစ်ပြီး အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဟင်းများနှင့် တွဲဖက်စားသုံးကြလေ့ ရှိပါသည်။ ခေါက်ဆွဲသည်လည်း တရုတ်ရိုးရာ အစားအစာဟင်းလျာများတွင် အရေးပါလှပါသည်။ တရုတ်ခေါက်ဆွဲကို အဓိက အားဖြင့် ဂျုံ နှင့် ဆန်တို့ဖြင့် ပြုလုပ်ပြီး အရသာအတွက် ဆား၊ ရေ၊ ကြက်ဥ နှင့် မိမိ ကြိုက်နှစ်သက်ရာ အရသာပေါ်မူတည်ပြီး အခြားပါဝင်ပစ္စည်းများကို ထည့်သွင်းပြီး ပြုလုပ်ကြပါသည်။ တရုတ်လူမျိုးတို့သည် မွေးနေ့ရက် မတိုင်မီ ခေါက်ဆွဲ စားခြင်းဖြင့် ခေါက်ဆွဲအမျှင်များကဲ့သို့ အသက်ရှည်နိုင်သည်ဟု ယုံကြည်ကြသည်။ တို့ဟူးသည် တရုတ်လူမျိုး တို့ အဓိကစားသုံးသောအစားအစာ တစ်ခုဖြစ်ပြီး ရှေးယခင် ကတည်းက တို့ဟူး ကို တရုတ်ဟင်းလျာများနှင့် အာရှဟင်းလျာများတွင်  အသုံးပြုခဲ့ကြပါသည်။ ဆေးဘက်ဝင် တရုတ်ရိုးရာ တိုင်းရင်းဆေးရည်များ သည်လည်း တရုတ်ရိုးရာ အစားအစာများတွင် မပါမဖြစ် ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်စေသော ဆေးဘက်ဝင် အပင်များ၊ သစ်ဥ၊ သစ်ဖုများ နှင့် ဖော်စပ်ထားခြင်းဖြစ်ပါသည်။ ထိုဆေးဘက်ဝင် ဆေးရည်များသည် ရောဂါများကို တိုက်ထုတ်ပေးနိုင်ခြင်း၊ သွေးလည်ပတ်မှု အားကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။ တရုတ်ရိုးရာအစားအစာ အများအပြားတွင်  ပါဝင်သော တရုတ်ရိုးရာ ပေါက်စီ နှင့် ဒမ်းဆမ်းများကို အသား ၊ ပဲတို့ ထည့်သွင်းပြီး ရေနွေးငွေ့ဖြင့် ပေါင်းခြင်း၊ ဟင်းရည်ဖြင့် စားသုံးခြင်း အစရှိသော နည်းလမ်းအသွယ်သွယ်ဖြင့်  ပြုလုပ်စားကြပါသည်။ တရုတ်အစားအစာများသည် အခြေခံအားဖြင့် အရသာ၊ အနံ့ နှင့် ဟင်းပွဲ၏ အသွင်အပြင်ကို အဓိကထားပြီး ချက်ပြုတ်ပြင်ဆင်တတ်ကြပါသည်။ တရုတ်ဟင်းလျာကောင်း တစ်ခွက်တွင် ထိုအချက်၃ ချက်ဖြင့် ပြည့်စုံစွာဖန်တီး ထားလေ့ရှိကြောင်း တွေ့မြင်နိုင်ပါသည်။ တရုတ်လူမျိုးတို့သည် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများဖြင့် တိရစ္ဆာန်ပုံများ၊ ပန်းပုံများ ထွင်းထုတတ်ကြပါသေးသည်။

တရုတ်လူမျိုးတို့သည် တရုတ်ရိုးရာလက်ဖက်ရည်ကြမ်းကို ဇီးသီး၊ သစ်သီးအချိုခြောက်များ၊ အချိုပွဲ နှင့် ကွာစေ့ (ဖရဲစေ့လှော်) တို့ဖြင့် တွဲဖက်သုံးဆောင်ကြပါသည်။ တရုတ်ရိုးရာ အစားအစာ အကြောင်း ပြောရမည်ဆိုလျှင် တရုတ်ရိုးရာ လက်ဖက်ရည်ကိုလည်း ချန်ထားလို့ ရမည်မဟုတ်ပါ။ တရုတ်ရိုးရာလက်ဖက်ရည်ကို တရုတ်ရိုးရာနည်းပညာဖြင့် စီမံပြုလုပ် ထားခြင်းဖြစ်ပါသည်။တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်ခြောက်ကို အဓိကနှင့် အကျယ်ပြန့်ဆုံး ဖြန့်ချီထုတ်လုပ်သောနိုင်ငံ ဖြစ်ပြီး လက်ဖက်စိုက်ပျိုးနည်း၊ ထုတ်လုပ်ရေးနှင့် ၄င်းတို့၏ ရိုးရာ လက်ဖက်ရည်သောက်နည်း များကို ကမ္ဘာတစ်ဝန်းလုံးမှ အသိမှတ်ပြုကြပါသည်။ တရုတ်ရိုးရာလက်ဖက်ရည်ကြမ်းသည် လက်ဖက်ပင်စိုက်ပျိုးရာဒေသ နှင့် ထုတ်လုပ်မှုပေါ်မူတည်ပြီး အမျိုးအစားများစွာ ကွဲပြားပါသည်။ တရုတ်ဆေးဘက်ဝင် အပင်များနှင့် ဖော်စပ်ပြုလုပ်ထားသော ဆေးလက်ဖက်ရည်ကြမ်းများလည်း ရှိပါသည်။ ညနေစာ စားသုံးအပြီးတွင် ရာသီပေါ်သစ်သီးမျိုးစုံကို အချိုပွဲ အဖြစ် စားသုံးတတ်ကြပြီး အများအားဖြင့် ချိုသော အစားအစာများကိုသာ စားသုံးတတ်ကြပါသည်။

တရုတ်ရိုးရာ ထမင်းဝိုင်း ယဉ်ကျေးမှုတွင် အသက်အရွယ်ငယ်သူများသည် အသက်ကြီးသူက ထမင်းဝိုင်းကို မထိုင်မှီ ထိုင်ခွင့် မရှိပါ။ အစားအစာများသုံးဆောင်ရာတွင်လည်း အသက်ကြီးသူမှ အရင် စားသောက်ပြီးမှ ငယ်သူများက စားသောက်ခွင့်ရှိပါသည်။ ထမင်းစားသောက်ရာတွင် ထမင်းပန်ကန်လုံးနှင့် တူကိုအသုံးပြုပြီး ထမင်းစားနေစဉ် တူကို ထမင်းထဲတွင် ဒေါင်လိုက်ထည့်ထားခြင်းမပြုလုပ်ရပါ။

တရုတ်ရိုးရာ အထိမ်းအမှတ်ပွဲများ နှင့် ပွဲတော်များတွင် အရသာရှိလှပြီး စုံလင်လှသော အစားအစာ များကို ပြုလုပ်လေ့ရှိကြပါသည်။ ဥပမာအားဖြင့် တရုတ်ရိုးရာ လမုန့်ကိုနွေဦးနှစ်လယ်ပိုင်းပွဲတော်နှင့် တရုတ်နှစ်သစ်ကူးများတွင် ပြုလုပ်စားသုံးကြပါသည်။
နိုင်ငံတိုင်းတွင် မိမိတို့ကိုယ်ပိုင် အစားအစာနှင့် ယဉ်ကျေးမှုကိုယ်စီ ရှိတတ်ကြပါသည်။ တရုတ်ရိုးရာ  အစားအစာများသည် ရှည်လျားသော သမိုင်းကြောင်း တစ်လျှောက်လုံးတွင် ကမ္ဘာ အနှံ့ကျော်ကြားလာခဲ့ပါသည်။ ရာစုနစ်များစွာ ဖွံ့ဖြိုးတိုးတက်လာသော တရုတ်ရိုးရာ အစားအစာ များသည် ကမ္ဘာ အနှံ့ မပျောက်မပျက် ကြွယ်ဝသော  အမွေအနှစ်များ ဖြင့်ဆက်လက် ရှင်သန်နေမည် ဖြစ်ပါသည်။

ကိုးကန့်ခုပ်ဖူ စားသောက်ဆိုင်(Koe Kant Kou Fu Restaurant)

အမှတ်(၂၄)၊ ဗဟိုလမ်း၊ ပြည်ထောင်စုရိပ်သာလမ်းထောင့်၊အလုံမြို့နယ်၊ရန်ကုန်မြို့။

တော်ဝင်အနောက်ပန်းခြံ စားသောက်ဆိုင်(Western Park Royal Restaurant Kandawgyi)တော်ဝင်အနောက်ပန်းခြံ စားသောက်ဆိုင်(Western Park Royal Restaurant Kandawgyi)

ကန်တော်ကြီးပန်းခြံဝင်းအတွင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

တော်ဝင်ဥယျာဉ် စားသောက်ဆိုင်(Royal Garden Restaurant)တော်ဝင်ဥယျာဉ် စားသောက်ဆိုင်(Royal Garden Restaurant)

Nat Mauk Road, Kandawgyi Lake,Beside General Aung San Statue,Yangon.

ရွှေဘဲစားသောက်ဆိုင်(Golden Duck Restaurant)ရွှေဘဲစားသောက်ဆိုင်(Golden Duck Restaurant)

ကန်တော်မင်ဥယျာဉ်ဝင်း၊ ရန်ကုန်မြို့။

ဝိုင်ကေကေအို(YKKO)ဝိုင်ကေကေအို(YKKO)

No.24/ 26, 7th floor, Race Course Condominium South Race Course Street, Tarmwe Township, Yangon.

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top