Lifestyle

တပ္မေတာ္္ေန႕မွာ လည္ပတ္စားေသာက္ၾကမယ္

တပ်မတော်နေ့ဆိုတာ အများပြည်သူ အားလပ်ရက်တစ်ခုတင်မကပါဘူး။ အစိုးရရုံးများလည်း ပိတ်တဲ့ ရက်လည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိသားစုတွေ စုံရင် အလည်အပတ်ထွက်တော့မယ်ဆိုတာ အသေအချာပါပဲ။ အဲ့တော့ ဘယ်တွေသွားပြီး ဘာတွေစားရမလည်းသိချင်ရင် အောက်မှာ ဆက်သာဖတ်ကြည့်ကြပါတော့ရှင်။

ဒီဆောင်းပါးလေးမှာတော့ တစ်နေ့တည်းနဲ့ သွားလို့ရမဲ့ ခရီးလေးတွေကို အသားပေးရေးပေးထားပါတယ်။ အကုန်အကျလည်းသက်သာပြီး လူကိုလည်း သိပ််မပင်ပန်းစေပါဘူး။

သန်လျင်မြို့ဆီသို့…..

သန်လျင်မြို့ကလည်း ရန်ကုန်ကနေမောင်းရင် တစ်နာရီလောက်ပဲမောင်းရတာပါ။ နောက်ပြီး နာမည်ကြီးတဲ့ ထန်းသီးမုန့်အပြင် မြန်မာထမင်းဟင်းကောင်းကောင်းလေး တွေရှိပါတယ်။ ကျိုက်ခေါက်ဘုရား ဝန်းကျင်မှာရောင်းတဲ့ အကြော်တို့၊ မြန်မာမုန့်လေး တွေကို မြည်းစမ်းသင့်ပါတယ်။

ဒလတစ်ဖက်ကမ်းဆီသို့ …

ဗိုလ်တစ်ထောင်ဆိပ်ကမ်းကနေ water busလေးစီးပြီး တစ်ဖက်ကမ်းကူးလိုက်ရင် ဒလမြို့ကို အလည်သွားလို့ရပါပြီ။ ဒလဘက်ခြမ်းမှာ ဆိုက္ကားလေးငှားပြီး ဘုရားပတ်ဖူးလို့ ရသလို အသီးအနှံတွေကို စျေးသက်သက်သာသာနဲ့ ဝယ်စားလို့ရပါတယ်။

ပဲခူးကိုလည်လည်သွားမယ်…

ကိုယ်ပိုင်ကားနဲ့ သွားလို့ရသလို ဘက်စ်ကားတွေလည်းရှိပါတယ်။ ပဲခူးမှာ လည်ပတ်စရာတွေအပြင် ရွှေမောေ်ဓာဘုရားတစ်ဝိုက်က အစားအသောက်တွေကိုလည်း တစ်ဝကြီးစားလို့ ရပါတယ်။ လမ်းကျယ်မှာရှိတဲ့ ကွီး ဆိုတဲ့ဆိုင်က ကြာဇံကြော်နဲ့ လေးမျက်နှာဘုရားလမ်းထိပ်က ဆိတ်သားကင်က မေ့မရနိုင်မှာ အသေအချာပါပဲ။

 

လှည်းကူးမှာစားသောက်မယ်…

လှည်းကူးကိုရောက်ရင် လည်ပတ်စရာကတော့ သိပ်မရှိပါဖူး ။ ဒါပေမဲ့ လှည်းကူးမီးပွိုင့်မှာ ဘယ်ဘက်ကိုချိူးလိုက်ရင်တော့ ပခန်းကျော်ထန်းတော ရဲ့ အရသာရှိလှတဲ့ ထန်းရေ နဲ့ ထူးထူးဆန်းဆန်းဟင်း လတ်လတ်ဆက်ဆက်တွေက စောင့်မျှော်နေမှာပါ။ ဆတ်သားကအစ သင်းခွေချပ်ဟင်း အထိရတဲ့ဆိုင်ပါ။

မှော်ဘီကိုလည်းသွားဦး…

ကားလေးလူစုပြီးငှားပြီး သွားလို့ရပါတယ်။ မှော်ဘီဂျပန်ဘုရားလေးဖူးရင်း အရမ်း နာမည်ကြီးတဲ့ ကျွဲကောသီးတွေ ဝယ်စားဖို့ ပြောလိုက်ပါရစေ။

ဒီလောက်ဆိုရင် တပ်မတော်နေ့မှာ ပျင်းနေစရာ အကြောင်းမရှိတော့ပါဘူး။

ခုတည််းက ဘယ်သွားရင်ကောင်းမလဲ စဉ်းစားထားသင့်ပါပြီ။

စာရေးသူကတော့ ထန်းတောပဲသွားမှာပါရှင်။

တစ်နေ့တစ်နေ့ ဘယ်ဆိုင်မှာ ဘာအစားအစာတွေ စားရင်ကောင်းမလဲ စဉ်းစားရခက်နေရင် Doemal Application ထဲမှာ အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေလို့ရပြီး အစားအသောက်တွေကို Order မှာစားလို့ရနေပြီဆိုတဲ့ အကြောင်းလေးလဲ Doemal စာဖတ်ပရိတ်သက် ကြီးအတွက် သတင်းကောင်းလေးပါးလိုက်ပါချင်ပါတယ်။

[Unicode]

တပ္မေတာ္ေန႔ဆုိတာ အမ်ားျပည္သူ အားလပ္ရက္တစ္ခုတင္မကပါဘူး။ အစိုးရရုံးမ်ားလည္း ပိတ္တဲ့ ရက္လည္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ မိသားစုေတြ စုံရင္ အလည္အပတ္ထြက္ေတာ့မယ္ဆိုတာ အေသအခ်ာပါပဲ။ အဲ့ေတာ့ ဘယ္ေတြသြားျပီး ဘာေတြစားရမလည္းသိခ်င္ရင္ ေအာက္မွာ ဆက္သာဖတ္ၾကည့္ၾကပါေတာ့ရွင္။

ဒီေဆာင္းပါးေလးမွာေတာ့ တစ္ေန႔တည္းနဲ႔ သြားလုိ႔ရမဲ့ ခရီးေလးေတြကို အသားေပးေရးေပးထားပါတယ္။ အကုန္အက်လည္းသက္သာျပီး လူကုိလည္း သိပ္္မပင္ပန္းေစပါဘူး။

သန္လ်င္ျမိဳ႕ဆီသုိ႕…..

သန္လ်င္ျမိဳ႕ကလည္း ရန္ကုန္ကေနေမာင္းရင္ တစ္နာရီေလာက္ပဲေမာင္းရတာပါ။ ေနာက္ျပီး နာမည္ၾကီးတဲ့ ထန္းသီးမုန္႔အျပင္ ျမန္မာထမင္းဟင္းေကာင္းေကာင္းေလး ေတြရွိပါတယ္။ က်ိဳက္ေခါက္ဘုရား ဝန္းက်င္မွာေရာင္းတဲ့ အေၾကာ္တုိ႔၊ ျမန္မာမုန္႔ေလး  ေတြကို ျမည္းစမ္းသင့္ပါတယ္။

ဒလတစ္ဖက္ကမ္းဆီသုိ႕ …

ဗုိလ္တစ္ေထာင္ဆိပ္ကမ္းကေန water busေလးစီးျပီး တစ္ဖက္ကမ္းကူးလုိက္ရင္ ဒလျမိဳ႕ကုိ အလည္သြားလုိ႔ရပါျပီ။ ဒလဘက္ျခမ္းမွာ ဆိုကၠားေလးငွားျပီး ဘုရားပတ္ဖူးလုိ႕ ရသလုိ အသီးအႏွံေတြကုိ ေစ်းသက္သက္သာသာနဲ႔ ဝယ္စားလုိ႔ရပါတယ္။

ပဲခူးကုိလည္လည္သြားမယ္…

ကုိယ္ပုိင္ကားနဲ႕ သြားလုိ႔ရသလုိ ဘက္စ္ကားေတြလည္းရွိပါတယ္။ ပဲခူးမွာ လည္ပတ္စရာေတြအျပင္ ေရႊေမာေ္ဓာဘုရားတစ္ဝုိက္က အစားအေသာက္ေတြကုိလည္း တစ္ဝၾကီးစားလုိ႔ ရပါတယ္။ လမ္းက်ယ္မွာရွိတဲ့ ကြီး ဆုိတဲ့ဆုိင္က ၾကာဇံေၾကာ္နဲ႕ ေလးမ်က္ႏွာဘုရားလမ္းထိပ္က ဆိတ္သားကင္က ေမ့မရနုိင္မွာ အေသအခ်ာပါပဲ။

လွည္းကူးမွာစားေသာက္မယ္….

လွည္းကူးကုိေရာက္ရင္ လည္ပတ္စရာကေတာ့ သိပ္မရွိပါဖူး ။ ဒါေပမဲ့ လွည္းကူးမီးပြိဳင့္မွာ ဘယ္ဘက္ကုိခ်ိဴးလုိက္ရင္ေတာ့ ပခန္းေက်ာ္ထန္းေတာ ရဲ႕ အရသာရွိလွတဲ့ ထန္းေရ နဲ႕ ထူးထူးဆန္းဆန္းဟင္း လတ္လတ္ဆက္ဆက္ေတြက ေစာင့္ေမ်ွာ္ေနမွာပါ။ ဆတ္သားကအစ သင္းေခြခ်ပ္ဟင္း အထိရတဲ့ဆုိင္ပါ။

ေမွာ္ဘီကုိလည္းသြားဦး…

ကားေလးလူစုျပီးငွားျပီး  သြားလို႕ရပါတယ္။ ေမွာ္ဘီဂ်ပန္ဘုရားေလးဖူးရင္း အရမ္း နာမည္ၾကီးတဲ့ ကၽြဲေကာသီးေတြ ဝယ္စားဖုိ႕ ေျပာလုိက္ပါရေစ။

ဒီေလာက္ဆုိရင္ တပ္မေတာ္ေန႔မွာ ပ်င္းေနစရာ အေၾကာင္းမရွိေတာ့ပါဘူး။

ခုတည္္းက ဘယ္သြားရင္ေကာင္းမလဲ စဥ္းစားထားသင့္ပါျပီ။

စာေရးသူကေတာ့ ထန္းေတာပဲသြားမွာပါရွင္။

တစ္ေန႕တစ္ေန႕ ဘယ္ဆိုင္မွာ ဘာအစားအစာေတြ  စားရင္ေကာင္းမလဲ စဥ္းစားရခက္ေနရင္ Doemal Application ထဲမွာ အရသာရွိတဲ့ စားေသာက္ဆိုင္ေတြကို ရွာေဖြလို႕ရျပီး အစားအေသာက္ေတြကို Order မွာစားလို႕ရေနျပီဆိုတဲ့ အေၾကာင္းေလးလဲ Doemal စာဖတ္ပရိတ္သက္ ၾကီးအတြက္ သတင္းေကာင္းေလးပါးလိုက္ပါခ်င္ပါတယ္။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top