Uncategorized

တန်ဆောင်တိုင်ရာသီအစားအစာလေးများ

မြန်မာ့ ၁၂ လရာသီများထဲမှ အခုဆိုရင် တန်ဆောင်တိုင်ရာသီကိုရောက်ရှိလို့ လာပါပြီ။ မြန်မာနိုင်ငံမှာ လတိုင်းလတိုင်းမှာ ရာသီစာနဲ့  ရာသီအသီးလေးတွေပေါ်လေ့ရှိပါတယ်။ လူတွေကလည်း ဒီအချိန်လေးမှ ရတဲ့ အစားအသောက်လေးတွေကို တန်ဖိုးထားပြီး စားတတ်ကြပါတယ်။ ဒီလိုပြောတဲ့နေရာမှာ တချို့မုန့်တွေက နေ့တိုင်းနီးပါးလုပ်စားလို့ရပေမဲ့ ပွဲတော်ရှိတဲ့ရက်မျိုးတွေမှာ တလေးတစားနဲ့လုပ်စားကြလို့ ပိုပြီးအရသာရှိသလို ရာသီစာအနေလေးနဲ့ ခံစားလို့ကောင်းပါတယ်။ကဲ အခုအောက်မှာ တန်ဆောင်တိုင်ရာသီစာလေးတွေကိုပြောပြပေးသွားမှာပါနော်။

တန်ဆောင်တိုင်လက မိုးအကုန် ဆောင်းအကူးဖြစ်လို့ ကန်စွန်းဥ၊ အာတာလွတ်ဥ ကဲ့သို့သော ဥတွေပေါပါတယ်။ ဒီလိုဆောင်းလေလေးတိုက်ခတ် လာတဲ့ကာလလေးမှာ အာတာလွတ်ဥလေးကိုပြုတ်ပြီး ဆီလေးနဲ့ ဆားလေးနဲ့ စားလိုက်ရတဲ့ အရသာကအလွန်ကောင်းပါတယ်။

မြန်မာနိုင်ငံမှာတော့ ကန်စွန်းဥက အရောင်နှစ်မျိုးရှိပါတယ် ။ရွှေနဲ့ အမည်းရောင် ဆိုပြီးရှိပါတယ် ။ရွှေကချိုတဲ့ အရသာရှိပြီး အမည်းရောင်က ဆိမ့်တဲ့အရသာရှိပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ စားတဲ့ပုံစံကလည်း သိပ်ရိုးရှင်းပါတယ်။ ပြုတ်ပြီးစားရုံပါပဲ။

တန်ဆောင်တိုင်လို့ဆိုလိုက်ရင် မီးထွန်းပွဲတော်ကိုလည်းမေ့လို့မရပါဖူး။ မြန်မာနိုင်ငံအောက်ပိုင်းမှာ သိပ်မတွေ့ရတော့ပေမဲ့ ပွဲတော်ရက်တွေမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ တော့ မုန့်ဖြူ၊ မုန့်နီ လုပ်စားတဲ့ ဓလေ့လေးတွေရှိနေဆဲပါပဲ။ မုန့််ဖြူ ၊ မုန့်နီဆိုတာကတော့ ဆန်နဲ့ကောက်ညှင်းအရည် ပျစ်ပျစ်လေးကို ဆီပူပူလေးထဲမှာ  ကြော်ထားတာပဲဖြစ်ပါတယ်။ မုန့်ဖြူကတော့ ဘာမှမပါဝင်ပဲ  သဘာဝအတိုင်းဖြစ်ပြီး မုန့်နီကတော့ ထန်းလျက်ရည်ပါဝင်ပါတယ်။

တန်ဆောင်တိုင်ရဲ့ ရာသီစာလေးတွေကတော့ အလွန်ကို အရသာရှိပြီး ရာသီဥတုနဲ့ ကိုက်ညီတဲ့ အစားအစာလေးတွေပဲ ဖြစ်ပါတယ်။ ဆောင်းရာသီ အကူး ဆောင်းလေအေးအေးလေး နဲ့အတူ နွေးနွေးလေး စားသုံးရင်း ရာသီစာလေးတွေကို ခံစားလိုက်ကြပါစို့နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top