မြန်မာ

တစ်သောင်းလောက်နဲ့ အဝမူးနိုင်တဲ့ဘားလေးများ


Asagiri Kosan




90’s Bar


 


[Unicode]

ဒီခေတ်မှာ အင်မတန်ကြောက်စရာကောင်းလောက်အောင် ထိုးတက်နေတာကတော့ ကုန်ဈေးနှုန်းဖြစ်ပြီး ထိုးကျနေတာကတော့ ဝင်ငွေတွေပဲဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ မြို့ပြရဲ့မွန်းကျပ်မှုတွေကနေ ခနတာထိုးထွက်ဖို့ အကောင်းဆုံးကတော့ အသောက်အစားလေးတွေပါပဲ။ အသောက်အစားလို့ဆိုတဲ့နေရာမှာ ဒီခေတ်မှာ လူငယ်တိုင်းက အနည်းငယ်လူမှုရေးအရ သောက်တတ်ကြပါတယ်။ တချို့ကတော့ လုံးဝ မွန်းကြပ်မှုတွေကနေ ထွက်ပြေးဖို့ အမူးသောက်တတ်ကြပါတယ်။ ဒါမဲ့ ငွေတစ်သောင်းလောက်နဲ့ လွှတ်မူးလို့ရတဲ့ နေရာရှားပါတယ်။ ငွေကုန်ကြေးကျများပြီးမူးကြရတာပေါ့နော်။ဒါပေမဲ့ ရန်ကုန်မြို့ကြီးထဲမှာ တစ်သောင်းလောက်ပဲကုန်ပြီး လွှတ်မူးလို့ရတဲ့နေရာတွေရှိပါတယ်။ တချို့ကသိပေမဲ့ တချို့ကတော့ မသိကြပါဘူး။ သိသွားအောင် အောက်မှာ ဖတ်လိုက်ကြတာပေါ့နော်။

Asagiri Kosan

စာရေးသူတို့ လူငယ်တွေ ပါးစပ်ဖျားမှာတော့ ကိုဆန်း ဆိုပြီးခေတ်စားတဲ့ဆိုင်လေးပါ။ ဆိုင်ခွဲ သုံးဆိုင်ရှိပါတယ်။ ၁၉ လမ်းမှာ တစ်ဆိုင်၊ ကျွန်းတောလမ်းထိပ်မှာ တစ်ဆိုင် နဲ့ စမ်းချောင်း ဂန္ဓမာလမ်းထဲမှုာ တစ်ဆိုင် အားလုံးပေါင်း ဆိုင်ခွဲ သုံးခုရှိပါတယ်။ သောက်စရာတွေက  ဈေးသက်သာတာကတော့ မေးနေစရာမလိုပါဘူး။ တစ်ခွက်ကို တစ်ထောင်လောက်ကနေ စတာပါ။ အစားအစာတွေကလည်း သက်သာရုံတင်မကပါဘူး အရသာလည်းမဆိုးပါဘူး။ Mojito လေးနဲ့ အမဲသားကင်လေးကတော့ လုံးဝမှာသင့်တဲ့အရာနှစ်ခုပါ။

ပခန်း Bar

တာမွေရွှေဗဟိုဆေးရုံဘေးဘက်မှာ ရှိပြီး နေရာထိုင်ခင်းလေးလည်း အဆင်ပြေပြီး ဈေးလည်သက်သာပါတယ်။ အရေးကြီးတာကတော့ တစ်ယောက်တည်းသွားတာထက် သူငယ်ချင်းတွေနဲ့ စုပြီးသွားရင် ပိုတန်ပါတယ်။ ဟင်းပွဲတွေကများတော့ စားမကုန်ရင် မတန်မှာစိုးရိမ်မိလို့ပါ။ သောက်စရာ ခပ်ဆန်းဆန်းလေးတွေလည်းရပါတယ်။

90’s Bar

ကျောက်မြောင်း အောင်မင်္ဂလာလမ်း အဝင်ဝမှာတည်ရှိပြီး ၉၀ခုနှစ်ဖွားတွေ အကြိုက်တွေစေမှာပါ။ ဘာလို့လည်းဆိုတာကိုတော့ ကိုယ်တိုင်ဝင်ရောက်လေ့လာကြည့်မှပိုအရသာရှိပါတယ်။ စာရေးသူဖွက်ထားတယ်လို့ မမြင်စေချင်ပါ။ ခံစားရတဲ့ အရသာလေးပေါ့မှာစိုးတာပါ။ ဒီနေရာလေးရဲ့ House Taquila ကတော့ လုံးဝကိုမြည်းစမ်းသင့်ပါတယ်။

 

လောလောဆယ်မှာတော့ ဈေးတန်တာကဒါလေးတွေပဲရှိသေးပါတယ်။ ဒီ့ထက်အကုန်အကျနည်းချင်ရင် အိမ်မှာ ပုလင်းထောင်ပြီးသောက်ကြပါလို့ပဲ အကြံပြုရင်း ….. ဒီမှာပဲအဆုံးသတ်ပါရစေ။ နောက်ပြီး ခုလို ဈေးတန်ပြီး အရသာရှိတဲ့ အစားအသောက်တွေ ဖျော်ရည်နဲ့ ကော့တေလ်းတွေကို Doemal Application ထဲက ဆိုင်တွေမှာလဲ မှာယူစားသောက်နိုင်ပါတယ်ဆိုတာလေးလဲ တစ်ခါတည်းပြောလိုက်ပါရစေ။

 

 

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top