ပွဲတော်များ

လွတ်လပ်ရေးနေ့ အမှတ်တရများ

70-independent-day

ဇန်နဝါရီလ (၄) ရက်နေ့ကဆိုရင်တော့ တိုင်းတစ်ပါးသားတို့ရဲ့ စိုးမိုးအုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး လွတ်လပ်သော မြန်မာနိုင်ငံတော် အဖြစ်ရ ရှိခဲ့တဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကိုယ့်ပြည်ကိုယ့်နန်း လွတ်လပ်တဲ့ နိုင်ငံတော် အနေနဲ့ နှစ်ပေါင်း ၁၀၀၀ ခန့်ကစပြီး ရပ်တည်လာတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီလို လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကြီးက အင်္ဂလိပ် နယ်ချဲ့ အစိုးရ လက်အောက်ကို ၁၈၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်မှာတစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်နယ်ချဲ့တွေရဲ့ စစ်ရန် ကို ရင်ဆိုင်ခဲ့ရပြီး ကိုလိုနီ ဘဝကို ကျရောက်ခဲ့ပါတယ်။

သူ့ကျွန်အဖြစ်မခံလိုတဲ့ မျိုးချစ်ကြီးတွေ၊ တိုင်းရင်းသားတွေဟာ ရရာ လက်နက်၊ လူစုစည်းပြီး တော်လှန်ရေးတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဂျပန်နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်တွေက အင်္ဂလိပ်ထက် ပိုမို ရက်စက် ကြမ်းကြုတ်စွာပြုမူခဲ့ ကြတာကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ရပြန်တယ်။ ဒီတော်လှန်ရေး အပြီးမှာတော့ ဖက်ဆစ်ဂျပန်တွေ မြန်မာ့မြေက ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီအချိန်မှာ အင်္ဂလိပ် အစိုးရက ပြန်လည် အုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးကိုလိုချင်နေကြတဲ့ စိတ်အဟုန်၊ လွတ်လပ်ရေးရရှိဖို့အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အတူ ကြိုးပမ်းမှုတွေကြောင့် ၁၉၄၈ ခုနှစ်မနက် ၄ နာရီ မိနစ် ၂၀ မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။


၁၉၄၈ ခုနှစ်ကစတင်ပြီး ရရှိခဲ့တဲ့ လွတ်လပ်ရေးနေ့က မြန်မာနိုင်ငံသားတွေ အတွက် ထူးမြတ်တဲ့ နေ့တစ်နေ့ ဖြစ်တာကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ အထိမ်းအမှတ်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေ၊ ဂုဏ်ပြုပွဲတွေ ကျင်းပကြလေ့ ရှိပါတယ်။ ကျောင်းတွေမှာဆိုလည်း လွတ်လပ်ရေး မတိုင်ခင် ၁ရက်အလိုထဲက ဟောပြောပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲတွေ၊ ပန်းချီ ပြိုင်ပွဲတွေ ကျင်းပလေ့ ရှိကြပါတယ်။

ကျွန်တော်တို့ ရပ်ကွက်တွေမှာ ဆိုရင်လည်း မုန့်စားပြိုင်ပွဲတွေ၊ တုတ်ဆီးထိုး ပြိုင်ပွဲတွေ၊ ချောတိုင် တက်ပွဲတွေ ကျင်းပတာ ပျော်စရာကောင်းလှပါတယ်။

သူငယ်ချင်းတို့ နေတဲ့ အနားတစ်ဝိုက်မှာရော လွတ်လပ်ရေးနေ့ မှာ ဘယ်လို ပျော်ပွဲရွှင်ပွဲလေးတွေ ပြုလုပ်ကြသလဲဆိုတာ အားလုံးသိအောင် ဝေမျှခဲ့ပါဦးနော်..။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top