ဆွီဒင်

ဆွီဒင်စတိုင် ညနေစာ

ဆွီဒင်နိုင်ငံသည် ငါး၊ အသားများနှင့် အာလူး များကို အများဆုံး စားသုံးတဲ့ နိုင်ငံဖြစ်ပြီး အရသာရှိသော အစားအစာများနှင့် အထူးကျော်ကြားလှတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ညနေစာ ကို ကြည့်လိုက်မယ်ဆိုရင်တော့ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေနဲ့ ပြည့်နှက် နေတာ ကို တွေ့ရှိရမှာပါ။ ဒါဆို ကျော်ကြားပြီး လူကြိုက်များလှတဲ့ ဆွီဒင် စတိုင် ညနေစာမှာ ဘယ်လို ဟင်းလျာတွေကို စားသုံးကြပါသလဲ။

Swedish Meat Ballအသားလုံးကြော်
အသားလုံး ဟင်းလျာ တွေကတော့ ဆွီဒင် နိုင်ငံရဲ့ အစားအများဆုံးသော ဟင်းလျာများဖြစ်ပြီး စွပ်ပြုတ်ထဲတွင် ထည့်သွင်းစားသုံးလေ့ရှိကြပါတယ်။ ရိုးရာ ချက်ပြုတ်နည်းအရ နှုတ်နှုတ်စင်းထားသော ဝက်သား၊ ကြက်သွန်နီ၊ နွားနို့၊ ကြက်ဥ၊ ပေါင်မုန့်ကပ်မှုန့်၊ ဂျုံ၊ ဆား နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောနယ်ကာ အလုံးလေးများပြုလုပ်ထားကာ ဝက်ဆီ(သို့) ထောပတ် တို့နှင့် ကြော်ကာ စားသုံးရပြီး cream ဆော့စ် နှင့် ဂေါ်ဖီရွက်တို့ ဖြင့် တွဲဖက်စားသုံးလေ့ရှိပါတယ်။

Pea soupArtsoppa (ဆွီဒင်ပဲ ဟင်းရည်)
ဆွီဒင်နိုင်ငံရဲ့ ထင်ရှားလှတဲ့ ဟင်းလျာ တစ်ခုဖြစ်ပြီး စားသောက်ဆိုင်တော်တော်မျာများနဲ့ ကြာသပတေးနေ့တိုင်း အိမ်တိုင်း ချက်ပြုတ်စားသုံးလေ့ရှိတဲ့ဟင်းလျာလေးကတော့ Artsoppa (ဆွီဒင်ပဲဟင်းရည်) ဖြစ်ပါတယ်။ ဒီဟင်းရည်လေးကိုတော့ ဆွီဒင်နိုင်ငံထွက် အဝါရောင် ပဲတစ်မျိုးနဲ့ ပြုလုပ်ထားပြီး အများအားဖြင့် ပန်ကိတ်နဲ့ တွဲပြီး စားလေ့ရှိကြပါတယ်။ Artsoppa (ဆွီဒင်ပဲဟင်းရည်) လေးကတော့ ရိုးရိုးရှင်းရှင်း အရသာလေးနဲ့ ခပ်ပျစ်ပျစ် ရှိလှတဲ့ဟင်းရည် ဖြစ်ပြီး ပဲဝါ၊ ကြက်သွန်နီ၊ ဆား၊ ဝက်သား တိုု့ နဲ့ ချက်ပြုတ်ပြင်ဆင်ထားပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အခြေခံကျပြီးအလယ်ခေတ်ထဲကဆွီဒင် လူမျိုးတွေစားသုံးကြခဲ့ကြတာဖြစ်ပါတယ်။

Bolat

ဆွီဒင် Blodpalt ဟင်းလျာ
Blodpalt ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှတဲ့ ဟင်းလျာတစ်ခု ဖြစ်ပြီး ဂျုံ၊ အုတ်ဂျံု နဲ့ ဘာလီ တို့ကို အာလူး၊ ဆားနှင့် ဝက်သားတို့နဲ့ ရောစပ်ပြီးပြုလုပ်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။ ဟင်းရဲ့ အရောင်ဖြစ်တဲ့ အမဲရောင်ကို ရရှိနိုင်ဖို့အတွက် ဝက်သွေးကို ထည့်သွားချက်ပြုတ်ပြီး ထောပတ် နှင့် lingonberry ယိုနဲ့ တွဲဖက်စားသုံလေ့ရှိကြပါတယ်။

 

SurstrommingSurstromming (ငါးသလောက်ချဉ်)
ဆွီဒင်စတိုင် ညနေစာကို မြည်းစမ်းမယ်ဆိုရင်တော့ ငါးသလောက်ချဉ်ကို စားကြည့်ဖူးပါသာ ပြည့်စုံနိုင်မှာပါ။ ငါးသလောက်ချဉ်ကတော့ ဆွီဒင်လူမျိုးတွေ နေ့စဉ် စားသုံးနေတဲ့ အစားအစာထဲမှာ ပါဝင်ပြီး အလယ်ခေတ်တုန်းက ပင်လယ်ထဲတွင် ငါးဖမ်းသူများက သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ငါးများကို ကြာကြာအထားခံအောင် အချဉ်ပြုလုပ်ထားခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ငါးသလောက်ချဉ်ကိုတော့ မုန်ညှင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဇီယာရွက်၊ တို့နဲ့ တွဲဖက် စားသုံးတဲ့ အပြင် အာလူးပြုတ်၊ အချဉ်၊ ကြက်သွန်မြိတ်၊ ချိစ်အမာ၊ ကြက်ဥပြုတ်နှင့် ပေါင်မုန့်ကြွပ်တို့နဲ့ ပြုလုပ်စားသုံးလေ့ရှိကြပါတယ်။

HashHashဟင်းလျာ
Hash ဟင်းလျာကတော့ အာလူးနှင့် အသားတို့ကို နှုတ်နှုတ်စင်းထားပြီး ဟင်းခတ် အမွှေးအကြိုင်များနှင့် ရောနှောကာ ကြက်သွန်နီ ထည့်သွင်းပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ အများအားဖြင့်အချဉ်တည်ထားတဲ့ Beetroot နဲ့ ကြက်ဥကြော်နဲ့ တွဲဖက်စားသုံးလေ့ရှိပါတယ်။

 

SmorgastartaSmorgastarta (ဆန်းဒဝှစ်(ချ်) ကိတ်)
Smorgastarta ဟင်းလျာဆိုတာကတော့ ဆန်းဒဝှစ်(ချ်) ပုံစံကို မြင်တွေ့နေကျ ပုံစံ ကိတ်ပုံစံ ပြုလုပ်ထားတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ပေါင်မုန့်ပြားပေါ်တွင် cream သုတ်ထားတဲ့ အလွှာ တစ်ခုချင်းစီတွင် ကြက်ဥ၊ မရိုနီးစ် နှင့် အခြားသော ပါဝင် ပစ္စည်းများဖြစ်လှတဲ့ သံလွင်သီး၊ ပုစွန်၊ ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ စပျစ်သီး၊ သံပုရာကွင်း၊ ချိ်စ်နှင့် ဆော်လမွန် ငါးကင်တို့ ပါဝင်ပါတယ်။ အများအားဖြင့် ပါတီများနှင့် ညနေစာ တည်ခင်းကျွေးမွေးမှုတွေမှာ တွေ့ရှိနိုင်ပါတယ်။

KalopsKalops (အမဲသား စတူး)
ထူးခြားလှတဲ့ အရသာရှိပြီး ဘယ်ရီသီးလေးများနှင့် ချက်ပြုတ်ထားကာ အမဲသား၊ ဟင်းသီးဟင်းရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ကို မီးအေးအေးလေးဖြင့် အချိန်ကြာကြာ ချက်ပြုတ်ထားတဲ့ အမဲသားစတူးကတော့ ထင်ရှားလှတဲ့ ရိုးရာ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒီလိုအရသာရှိလှတဲ့ အမဲသားစတူးကိုတော့ အချဉ်တည်ထားတဲ့ အနီရောင် မုန်လာဥ၊ အာလူးတို့နဲ့ အတူ စားသုံးလေ့ရှိကြပါတယ်။ အရသာကောင်းမွန်တဲ့ အစားအစာအဖြစ် ထင်ရှားသလို ဆောင်းရာသီမှာ စားသုံးလေ့ရှိတဲ့ ညနေစာ အဖြစ်လည်း ကျော်ကြားလှပါတယ်။

Meat ballVeal Rissole (အသားလုံးဟင်း)
ဆွီဒင်ရိုးရာ အသားလုံးကြော်နှင့် ပြုလုပ်နည်းဆင်လှပေမဲ့ ဒီဟင်းလျာလေးကတော့ ဆွီဒင်အသားလုံးကြော်လို မကြော်ပဲ မိုက်ဂရိုဝေ့ဖ် မီးဖိုနှင့် ချက်ပြုတ်ထားတဲ့ ဟင်း ဖြစ်ပါတယ်။ cream ဆော့စ်၊ lingonberries (သို့) အမဲရောင် currant jelly၊ အာလူးတို့ တွဲဖက်စားသုံးလေ့ရှိတဲ့ ကျော်ကြားလှတဲ့ ညနေစာ ဟင်းလျာ တစ်ခုဖြစ်ပါတယ်။

cabbage roll

ဆွီဒင်စတိုင် ဂေါ်ဖီလိပ်
ရိုးရာ အစားအစာ ဖြစ်တဲ့ ဂေါ်ဖီလိပ်လေးကတော့ လတ်ဆတ်လှတဲ့ ဂေါ်ဖီထုပ်နှင့် ချိုချဉ် အရသာ ရှိလှတဲ့ အစားအစာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ပြုလုပ်ရလွယ်ကူတဲ့ ဆွီဒင်ဂေါ်ဖီလိပ်လေးကိုတော့ အမဲသား နှင့် ထမင်းတို့ကို ဂေါ်ဖီရွက်  ထဲတွင် ထည့်သွင်းလိပ်ကာ ခရမ်းချဉ်သီး ဆော့ဖြင့် ချက်ပြုတ်ရတဲ့ ဟင်းလျာပါ။

 

ဒီဟင်းလျာလေးတွေထဲကမှ စိတ်ဝင်စားမိတဲ့ ဟင်းလျာလေးတွေ ရှိခဲ့ရင် Doemal အတူမျှဝေလိုက်ပါနော်။

#Photo_credit

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top