Lifestyle

ဆံပင္အရွည္ျမန္ေအာင္ ဘာေတြစားၾကမလဲ

ပ်ိဴပ်ဴိေမတုိင္းဟာ သူမတုိ႕ရဲ႕ဆံပင္ကုိတန္ဖုိးထားတတ္ ၾကပါတယ္။

ဒါတင္ပဲလား မဟုတ္ပါဖူး။ ေတာ္ေတာ္မ်ားမ်ားေသာ မိန္းကေလးေတြ သာမကပဲ ယေန႕ေခတ္ၾကီးမွာ ေယာက္်ားေလး တခ်ဴိ႕ကပါ ဆံပင္ကုိတန္ဖုိးထား ဂရုစုိက္တတ္ လာၾကပါတယ္။

ဆံေကသာ ကုိအရွည္ျမန္ေအာင္ လုပ္တဲ႔နည္းေတြ အမ်ားၾကီးရွိေသာ္လည္း အေကာင္းဆုံးနဲ႔ အႏၱာရာယ္ အကင္းဆုံးကေတာ႔ ေန႕စဥ္စားတဲ့ အစားအေသာက္ေတြ ေျပာင္းလဲျခင္းပဲျဖစ္ပါတယ္္။ ကဲ ဒီတစ္ပတ္ကေတာ့ ဒိုးမယ္ ရဲ႕ ပရိသတ္ၾကီးေတြအတြက္ ဆံပင္အရွည္ျမန္ေအာင္ စားသင့္တဲ့ အစားအစား (၈) မ်ဴိးကုိ ေဖာ္ျပေပးလုိက္ရပါတယ္။

၁။ငရုတ္ပြအ၀ါ

အစပ္ၾကိဳက္တဲ႕ ေကာင္မေလးေတြအတြက္ကေတာ့ ေပ်ာ္ျပီပဲေလ။ ငရုတ္ပြအ၀ါမွာ ဗုိက္တာမင္စီ အေျမာက္အမ်ား ပါ၀င္လုိ႔ ဆံေကသာကုိ ၾက႕ံခုိင္ေစျပီး အရွည္သန္ေစပါတယ္။

၂။ကရုကမာေကာင္( oyster)

ဇင့္(ZINC) ဓာတ္ဟာ ဆံေကသာကုိ အဖြံ႕ျဖိဳးေစဆုံး အစားအေသာက္ ျဖစ္ပါတယ္။ ဒီကရုကမာေကာင္မွာ ဇင့္ဓာတ္အမ်ားၾကီးပါ၀င္တဲ့ အတြက္ ဆံေကသာအရွည္ျမန္ဖုိ႕ အရမ္းသင့္ေတာ္ပါတယ္။

၃။ၾကက္ဥအႏွစ္

ၾကက္ဥအႏွစ္ဟာ Omega-3 ဓာတ္မ်ားစြာပါ၀င္ျပီး အဓိကကေတာ့ ဆံပင္အရွည္ျမန္ေစတဲ့အျပင္ ဆံပင္အုံပါထူေစပါတယ္။ အလြန္အၾကဴးေတာ႔ မစားဖုိ႔ေတာ့ တုိက္တြန္းပါရေစ ။ ကယ္လုိရီမ်ားတဲ႔အတြက္ ၀ိတ္တက္ႏုိင္ပါတယ္။

၄။ ေနၾကာေစ႕

ေနၾကာေစ႕ ကေတာ့ ဦးေရျပားထဲကုိ ေသြးလည္ပတ္မႈ ေကာင္းေအာင္ကူညီေပးပါတယ္တဲ႔။ ေသြးလည္ပတ္မႈ ေကာင္းမွေတာ႕ ဆံပင္ကုိသန္ေစျပီေပါ႔ေနာ္။ ကဲ ရုပ္ရွင္ၾကည္႔ရင္း ေနၾကာေစ႕ပုိကုိက္ဖုိ႔ မေမ႔ၾကနဲ႔ေနာ္။

၅။ ကန္စြန္းဥ

ကန္စြန္းဥဟာဆုိရင္ေတာ႔ျဖင္ ဗုိက္တာမင္ေအ ေမ်ာက္ျမားစြာ ပါ၀င္ျပီး ဆံပင္ဖြာျခင္းကုုိကာကြယ္ေပးႏုိင္တဲ့ အျပင္ ဆံေကသာကုိဖြံျဖိဳးေစပါတယ္။

၆။ ေထာပတ္သီး

အလွအပေရးရာ နဲ႕ပတ္သတ္လာရင္ ေမ႔ထားလို႔မရတဲ႔ အသီးအႏွံထဲမွာ ပါ၀င္ပါတယ္။ ဦးေရျပားကုိ အားျဖည္႔ေပးရုံမကပဲ ဆံေကသာကုိေခ်ာေမြ႔ေစျပီး ေထာပတ္သီးထဲမွာ ပါ၀င္တဲ႔ ၾကြယ္၀တဲ့ ဓာတ္မ်ားဟာ ဆံေကသာအရွည္ျမန္ဖုိ႔ အားျဖည့္ေပးပါတယ္။

၇။ဗာဒံေစ႔ (Almond)

ဗာဒံေစ႔ ကုိေန႔တုိင္း အနည္းငယ္ စားသုံးေပးျခင္းကလည္း ဆံေကသာကုိ အရွည္ျမန္ေစရုံတင္ မကပဲ အုံပါထူလာေစတာပဲ ျဖစ္ပါတယ္။

၈။ မုန္လာဥနီ

မုန္လာဥနီဆုိတာကလည္း က်န္းမာေရးတင္မကပဲ အလွအပေရးရာ မွာလည္း အေထာက္အကူျပဳေပးတဲ႔ အသီးအႏွံတစ္ခုပါ။ ဗုိက္တာမင္ေအ အလြန္ၾကြယ္၀တဲ႔ မုန္လာဥနီဟာဆုိရင္ေတာ့ ျဖင့္ ဆံေကသာ ရဲ႕က်န္းမာေရးအျပင္ အရွည္ျမန္ေအာင္ အေထာက္အကူလည္းျပဳပါတယ္။

ဒီတစ္ပတ္ကေတာ့ ဒီေလာက္ပဲေနာ္။ ေနာက္တစ္ပတ္မွာလည္း ဗဟုသုတေတြရေစမဲ့ အရာေတြကုိ ဆက္လက္တင္ျပသြားမွာမုိ႕ ၾကည္႔ရွဴ႕ေစာင္႔စား အားေပးၾကဖို႔ မေမ႔နဲ႔ေနာ္။

[Unicode]

ဆံပင်အရှည်မြန်အောင် ဘာတွေစားကြမလဲ?ဆံပင်အရှည်မြန်အောင် ဘာတွေစားကြမလဲ?

ပျိူပျိူမေတိုင်းဟာ သူမတို့ရဲ့ဆံပင်ကိုတန်ဖိုးထားတတ် ကြပါတယ်။ဒါတင်ပဲလား မဟုတ်ပါဖူး။ တော်တော်များများသော မိန်းကလေးတွေ သာမကပဲ ယနေ့ခေတ်ကြီးမှာ ယောက်ျားလေး တချိူ့ကပါ ဆံပင်ကိုတန်ဖိုးထား ဂရုစိုက်တတ် လာကြပါတယ်။ဆံကေသာ ကိုအရှည်မြန်အောင် လုပ်တဲ့နည်းတွေ အများကြီးရှိသော်လည်း အကောင်းဆုံးနဲ့ အန္တာရာယ် အကင်းဆုံးကတော့ နေ့စဉ်စားတဲ့ အစားအသောက်တွေ ပြောင်းလဲခြင်းပဲဖြစ်ပါတယ််။

ကဲ ဒီတစ်ပတ်ကတော့ ဒိုးမယ် ရဲ့ ပရိသတ်ကြီးတွေအတွက် ဆံပင်အရှည်မြန်အောင် စားသင့်တဲ့ အစားအစား (၈) မျိူးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ငရုတ်ပွအဝါ

အစပ်ကြိုက်တဲ့ ကောင်မလေးတွေအတွက်ကတော့ ပျော်ပြီပဲလေ။ ငရုတ်ပွအဝါမှာ ဗိုက်တာမင်စီ အမြောက်အများ ပါ၀င်လို့ ဆံကေသာကို ကြ့ံခိုင်စေပြီး အရှည်သန်စေပါတယ်။

၂။ကရုကမာကောင်( oyster)

ဇင့်(ZINC) ဓာတ်ဟာ ဆံကေသာကို အဖွံ့ဖြိုးစေဆုံး အစားအသောက် ဖြစ်ပါတယ်။ ဒီကရုကမာကောင်မှာ ဇင့်ဓာတ်အများကြီးပါ၀င်တဲ့ အတွက် ဆံကေသာအရှည်မြန်ဖို့ အရမ်းသင့်တော်ပါတယ်။

၃။ကြက်ဥအနှစ်

ကြက်ဥအနှစ်ဟာ Omega-3 ဓာတ်များစွာပါ၀င်ပြီး အဓိကကတော့ ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံပင်အုံပါထူစေပါတယ်။ အလွန်အကြူးတော့ မစားဖို့တော့ တိုက်တွန်းပါရစေ ။ ကယ်လိုရီများတဲ့အတွက် ၀ိတ်တက်နိုင်ပါတယ်။

၄။ နေကြာစေ့

နေကြာစေ့ ကတော့ ဦးရေပြားထဲကို သွေးလည်ပတ်မှု ကောင်းအောင်ကူညီပေးပါတယ်တဲ့။ သွေးလည်ပတ်မှု ကောင်းမှတော့ ဆံပင်ကိုသန်စေပြီပေါ့နော်။ ကဲ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့ပိုကိုက်ဖို့ မမေ့ကြနဲ့နော်။

၅။ ကန်စွန်းဥ

ကန်စွန်းဥဟာဆိုရင်တော့ဖြင် ဗိုက်တာမင်အေ မျောက်မြားစွာ ပါ၀င်ပြီး ဆံပင်ဖွာခြင်းကုုိကာကွယ်ပေးနိုင်တဲ့ အပြင် ဆံကေသာကိုဖွံဖြိုးစေပါတယ်။

၆။ ထောပတ်သီး

အလှအပရေးရာ နဲ့ပတ်သတ်လာရင် မေ့ထားလို့မရတဲ့ အသီးအနှံထဲမှာ ပါ၀င်ပါတယ်။ ဦးရေပြားကို အားဖြည့်ပေးရုံမကပဲ ဆံကေသာကိုချောမွေ့စေပြီး ထောပတ်သီးထဲမှာ ပါ၀င်တဲ့ ကြွယ်ဝတဲ့ ဓာတ်များဟာ ဆံကေသာအရှည်မြန်ဖို့ အားဖြည့်ပေးပါတယ်။

၇။ဗာဒံစေ့ (Almond)

ဗာဒံစေ့ ကိုနေ့တိုင်း အနည်းငယ် စားသုံးပေးခြင်းကလည်း ဆံကေသာကို အရှည်မြန်စေရုံတင် မကပဲ အုံပါထူလာစေတာပဲ ဖြစ်ပါတယ်။

၈။ မုန်လာဥနီ

မုန်လာဥနီဆိုတာကလည်း ကျန်းမာရေးတင်မကပဲ အလှအပရေးရာ မှာလည်း အထောက်အကူပြုပေးတဲ့ အသီးအနှံတစ်ခုပါ။ ဗိုက်တာမင်အေ အလွန်ကြွယ်ဝတဲ့ မုန်လာဥနီဟာဆိုရင်တော့ ဖြင့် ဆံကေသာ ရဲ့ကျန်းမာရေးအပြင် အရှည်မြန်အောင် အထောက်အကူလည်းပြုပါတယ်။ ဒီတစ်ပတ်ကတော့ ဒီလောက်ပဲနော်။ နောက်တစ်ပတ်မှာလည်း ဗဟုသုတတွေရစေမဲ့ အရာတွေကို ဆက်လက်တင်ပြသွားမှာမို့ ကြည့်ရှူ့စောင့်စား အားပေးကြဖို့ မမေ့နဲ့နော်။

Writer_Pyae

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top