အစားအစာသစ် မိတ်ဆက်ခြင်း

ဆန်အမျိုးအစားများနှင့် ဆန်နှင့်ပြုလုပ်သော အစားအစာများ။

rice

ထမင်းများသည် အရသာရှိလှသော အစားအစာများဖြစ်ပြီး ဂျုံများကဲ့သို့ ကမ္ဘာပေါ်တွင် အလွန်ကျော်ကြားသော အစားအစာများ ဖြစ်ပါသည်။ ဆန်များကို ဆန်၏ အရွယ်အစား၊ ဆန်လုံး၏ အရှည်၊ အတို၊ စေးကပ်မှု၊ ကစီဓါတ်ပါဝင်မှုအပေါ် မူတည်ပြီး အမျိုးအစား များစွာတည်ရှိပါသည်။ အရောင်အားဖြင့်လည်း အဖြူရောင်၊ အညိုရောင် နှင့် အနီရောင် အစရှိသဖြင့် အရောင်များ ကွာခြားလှပါသည်။ မိမိချက်ပြုတ်သည့် အစားအစာ ၊ အသုံးပြုသည့် အစားအစာ ပေါ်မူတည်ပြီး အသုံးပြုသည့် ဆန်အမျိုးအစားများမှာ ကွာခြားလှပါသည်။

နိုင်ငံတစ်နိုင်ငံ ချင်းစီတွင်လည်း ဆန်ကို ချက်ပြုတ်ပြီး ပြုလုပ်ထားသည့် အစားအစာများ ကိုယ်စီ ရှိတတ်ကြပါသည်။ ဆန်ကို ချက်ပြုတ်သည့် အခါ တစ်ခါတရံတွင် မိမိ ချက်ပြုတ်လိုသည့် အစားအစာတွင် အသုံးပြုရမည့် ဆန်ကို မှားယွင်းစွာ ဖြင့် ရွေးချယ်တတ်ကြပါသည်။ လူတော်တော်များသည် အမျိုးမျိုးသောအစားအစာ များတွင် အသုံးပြုသော ဆန်များမှာ အားလုံးတူညီသည်ဟု ထင်တတ်ကြသော်လည်း လက်တွေ့တွင်မူ ကွဲပြားခြားနားသော ဆန်အမျိုးအစား တစ်ခုစီတိုင်းတွင် ထူးခြားသော အရသာ ကိုယ်စီရှိကြပါသည်။ ယနေ့ခေတ်တွင်မူ ဆန်အမျိုူးအစားပေါင်းများစွာကို တွေ့မြင်နိုင်ပါသည်။ ဆန်အမျိုးအစားများစွာ၏ ကွဲပြား ခြားနားမှုများနှင့် ဘယ်လို ဟင်းလျာ၊ အစားအစာများတွင် ချက်ပြုတ်သလဲ ဆိုတာ အတူလေ့လာကြည့်လိုက်ရအောင်။

ဆန်လုံးရှည်

ဆန်လုံးရှည် ဆန်များ၏ ပုံသဏ္ဍန်သည် ရှည်လျားသွယ်လျကာ အများအားဖြင့် အဖြူရောင်နှင့် အညိုရောင် ရှိတတ်ကြသည်။ နေ့စဉ် တွင်ကျယ်စွာ စားသုံးနေရသော ဆန်အမျိုးအစားတွင် ဆန်လုံးရှည်များလည်း ပါဝင်ပါသည်။ မက်ဆီဆန်နိုင်ငံ ထမင်း၊ Bastami ထမင်း၊ လီမွန် ဆန် ပူတင်း၊ အိုင်ရစ်ရတနာ ကျောက်ရောင်စုံ ထမင်း၊ Hainanese လူမျိုးတို့၏ ကြက်သား ထမင်းတို့သည် ဆန်လုံးရှည် ဖြင့် ချက်ပြုတ်ထားသော အစားအစာများ ဖြစ်ကြပါသည်။ ဒံပေါက်ထမင်း တွင် အသုံးပြုသော ဒံပေါက်ဆန်သည် ဆန်လုံးရှည် အမျိုးအစား ဖြစ်ပါသည်။ ဒံပေါက်ဆန်ဟု ခါ်ဆိုသော Bastami ဆန်သည် ရှည်လျားပြီး ဆလင်ဒါပုံစံ အမျိုးအစား ပုံစံရှိပြီး မွှေးပျံ့သော အနံံ ရှိသော ဆန်ဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် အသုံးပြုလေ့ရှိသော ဆန်အမျိုးအစား ဖြစ်ပါသည်။

ဆန်လုံး အလတ်
အီတလီနိုင်ငံတောင် ဘက်ရှိ Ristto ဟင်းလျာသည် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၏ ပြုတ်ရည် ဖြင့် ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလျာ ဖြစ်ပါသည်။ ထို့ပြင် ဟင်းလျာထဲတွင် ထောပတ်၊ ဝိုင် နှင့် ကြက်သွန်နီတို့လည်း ပါဝင် ချက်ပြုတ် ထားပါသေးသည်။ Ristto ဟင်းလျာတွင် အဓိကပါဝင်ချက်ပြုတ်သော အရာမှာ ဆန်လုံးလတ် ဖြစ်ပါသည်။ ဆန်လုံးလတ် ဆန်အမျိုးအစားသည် အလယ်အလတ် အရွယ်အစား ရှိကာ ဆန်လုံး ရှည်နှင့် လည်း အနည်းငယ် ဆင်တူပါသည်။ ချက်ပြုတ်ပြီးသည့် အခါတွင်လည်း စီးစီး ပိုင်ပိုင်နှင့် စားလို့ ကောင်းလှသည့် ဆန်ဖြစ်ပါသည်။ စပိန်နိုင်ငံရှိ Paella ထမင်းသည်လည်း ဆန်လုံးလတ်ဖြင့် ချက်ပြုတ်ထားသော အစားအစာ ဖြစ်ပါသည်။

ဆန်လုံးတို
ဆန်လုံးတိုများသည် အရွယ်အစား သေးငယ်ပြီး ပုတိုသော ပုံစံရှိသည့် ဆန်အမျိုးအစား ဖြစ်ပါသည်။ ၎င်းတို့သည် ချက်ပြုတ်ပြီးသည့် အခါတွင် စေးကပ်သော အရသာ ရှိလှပြီး ဆူရှီ၊ ဆန်ကိတ်နှင့် ဆန် ပူတင်းများ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
ကောက်ညှင်းဆန်
ကောက်ညှင်းဆန်များသည် အခြားသော ဆန်များထက် ပိုမို စေးကပ်လှပြီး အရှေ့တောင်အာရှများ၏ အချိုပွဲများတွင် အသုံးပြုလေ့ရှိသော ကောက်ညှင်းဆန်များသည် လုံးဝန်းသော ပုံစံရှိကာ နို့နှစ်ရောင် ပုံစံ ရှိသော ဆန်အမျိုးအစား ဖြစ်သည်။ ကောက်ညှင်းဆန်များတွင် အမဲရောင် ရှိသော ကောက်ညှင်းဆန် အမျိုးအစားနှင့် ခရမ်းရောင် ရှိသော ကောက်ညှင်းဆန် အမျိုးအစား လည်းရှိပါသည်။ အရှေ့တောင်အာရှ၏ ကျော်ကြားလှသော အချိုပွဲ များဖြစ်သည့် ကောက်ညှင်းဆန်ကို ဝါးကျည်တောက်ထဲတွင် အုန်းနို့ နှင့် ဆားအနည်းငယ် ထည့် ချက်ထားသော ကောက်ညှင်း ကျည်တောက်၊ ကောက်ညှင်းဆန်နှင့် သရက်သီး အုန်းနို့စမ်း၊ ကောက်ညှင်းပေါင်း၊ ပဲ၊ အသားများ ထည့်သွင်း ပြုလုပ်ထားသော ကောက်ညှင်းထုပ်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံရှိ အချိုပွဲ အတော်များများတွင် ကောက်ညှင်းဆန်ကို အသုံးပြုပြုလုပ်လေ့ရှိသည်။

ဆန်လုံးညို
ဆန်လုံးညို များသည် ဆန်လုံးအဖြူများတွင် ချွတ်ထားသော ဆန်၏ အလွှာကို မချွတ်ပဲ ထားရှိသော ဆန်အမျိုးအစား ဖြစ်သည်။ ဆန်လုံးညိုတွင် ပါရှိသော အာဟာရဓါတ် များ ပြည့်နှက်နေသော အညိုရောင် ဆန် မျက်နှာပြင် အလွှာပါရှိသောကြောင့် ကျန်းမာရေး အတွက် သင့်တော်လှသော ဗိုက်တာမင်၊ သတ္တုဓါတ်များ ပါရှိသော ဆန်အမျိုးအစား ဖြစ်သည်။ ချက်ပြုတ်သည့်အခါတွင်လည်း ဆန်လုံးဖြူထက် အနည်းငယ် ပိုပြီး ချက်ပြုတ်ချိန်ကြာမြင့် ပါသည်။

စံပယ်ရနံ့ဆန်
အရှေ့တောင် အာရှ၏ ကျော်ကြားလှသော ဆန်အမျိုးအစား တစ်ခုဖြစ်သော စံပယ်ရနံ့ဆန် ဟုေ ခေါ်ဆိုသကဲ့ သို့ထိုင်းဆန်ဟုလည်း ခေါ်ဆိုတတ်ကြသည်။ စံပယ်ရနံ့ ဆန်ဟု ခေါ်ဆိုကြရခြင်းမှာ ချက်ပြုတ်ပြီးသည့် အခါ သင်းပျံ့သော အနံ့ရှိလှသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် စံပယ်ရနံ့ဆန်ကို အာရှ၏ ကျော်ကြားသော အစားအစာ များဖြစ်သည့် ကြက်သွန်ဖြူကြော် ထမင်း၊ ကြက်ဆီထမင်း၊ အုန်းနို့ စံပယ်ရနံ့ထမင်းတို့ ဖြစ်ကြပါသည်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top