Lifestyle

စ​ေတာ္​ဘယ္​ရီသီးသံုးၿပီး ဘယ္​လိုစား​ေသာက္​ဖြယ္​ရာ​ေတြ ျပင္​ဆင္​လို႔ ရသလဲ

စတော်ဘယ်ရီသီးဆိုတာ လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ အသီးဖြစ်တဲ့အတွက်ကြောင့်် ဒီတစ်ပတ်မှာတော့ စတော်ဘယ်ရီသီးလေးတွေသုံးပြီး ဘယ်လို အစားအသောက်တွေ လုပ်စားလို့ရသလဲဆိုတာကို လေ့လာကြည့့်ကြရအောင်နော်။

စတော်ဘယ်ရီကိတ်
ဒါကတော့ ကိတ်မုန့်မှာ စတော်ဘယ်ရီသီးယိုကိုရောပြီးလုပ်တာနဲ့ ကိတ်မုန့်ပေါ်ကို စတော်ဘယ်ရီသီးလေးတွေ ဖြူးထားတာနဲ့ ဆိုပြီး နှစ်မျိုးကွဲပါတယ်။ စတော်ဘယ်ရီပါတာကြောင့် ကိတ်ရဲ့ အီတဲ့အရသာကို လျော့ပြီး စားလို့ ကောင်းစေမှာပါ။


စတော်ဘယ်ရီဖျော်ရည်
စတော်ဘယ်ရီသီးကို နို့ဆီ၊ သကြားနဲ့ရောပြီး စက်နဲ့ကျိတ်လိုက်ရင်တော့ လွယ်ကူရိုးှရှင်းတဲ့ စတော်ဘယ်ရီဖျော်ရည်လေးရပါပြီနော်။ ဒိန်ချဉ်နဲ့ရောပြီး စတော်ဘယ်ရီဒိန်ချဉ်လည်း လုပ်သောက်လို့ရပါသေးတယ်။


သီးစုံအရွက်သုပ်
စတော်ဘယ်ရီ၊ ထောပတ်သီး လိမ္မော်သီးတို့ရောပြီး သံလွင်ဆီလေးနဲ့ သီ်းစုံအရွက်သုတ်လေးကလည်း သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပစေမှာပါ။ အခြားအရွက်တွေကိုလည်း နှစ်သက်ရာရောစားလို့ ရသေးတယ်နော်။


စတော်ဘယ်ရီယို
စတော်ဘယ်ရီသီးလေးတွေကို သကြားနဲ့ရောပြီး ယိုထိုးထားရင်တော့ မနက်စာအဖြစ် ပေါင်မုန့်နဲ့ ရောစားနိုင်သလို ဒီအတိုင်းလည်း အချိုတည်းလို့ အဆင်ပြေပါတယ်နော်။


စတော်ဘယ်ရီချောကလက်
စတော်ဘယ်ရီးသီးလေးတွေကို အပြင်ဘက်ကနေ ချောကလက်အရည်နှစ်ထားတဲ့ စတော်ဘယ်ရီချောကလက်လုံးလေးတွေကတော့ ဘေဘီလေးတို့ရဲ့ အကြိုက်ဆုံးအချိုစာတွေပါနော်။


စတော်ဘယ်ရီဝိုင်
စတော်ဘယ်ရီသီးလေးတွေကို အချဉ်ဖောက်ပြီး အိမ်လုပ်ဝိုင််အဖြစ် ဖန်တီးနိုင်သလို့ အသင့်လုပ်ပြီးသား ဝိုင်ဖြူမှာလည်း စတော်ဘယ်ရီးသီးတွေရောပြီး စတော်ဘယ်ရီ ဝိုင်အဖြစ် သုံးဆောင်လို့ရပါသေးတယ်။


စတော်ဘယ်ရီခြောက်
စတော်ဘယ်ရီသီးတွေကို အခြောက်လှန်းပြီး ရေခဲမုန့်၊ ကိတ်မုန့်နဲ့ ကွတ်ကီးဖုတ်တဲ့အခါ သုံးနိုင်သလို ဒီအတိုင်းလည်း သရေစာအဖြစ် စားသုံးလို့ သင့်တော်ပါတယ်။


စတော်ဘယ်ရီပျားရည်
စတော်ဘယ်ရီသီးကို ပျားရည်နဲ့ စိမ်ပြီး တစ်နေ့တစ်ဇွန်းမှန်မှန်သောက်သုံးပေးရင် အစာအိမ်နဲ့ပတ်သတ်တဲ့ ရောဂါတွေကို ကုသပေးနိုင်တဲ့အပြင် ထပ်ပြီးဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်တဲ့။

[Unicode]

စေတာ္ဘယ္ရီသီးဆိုတာ လူေတာ္ေတာ္မ်ားမ်ား ၾကိဳက္ႏွစ္သက္ၾကတဲ့ အသီးျဖစ္တဲ့အတြက္ေၾကာင့္္ ဒီတစ္ပတ္မွာေတာ့ စေတာ္ဘယ္ရီသီးေလးေတြသံုးၿပီး ဘယ္လို အစားအေသာက္ေတြ လုပ္စားလို႔ရသလဲဆိုတာကို ေလ့လာၾကည့့္ၾကရေအာင္ေနာ္။

 

စေတာ္ဘယ္ရီကိတ္

ဒါကေတာ့ ကိတ္မုန္႔မွာ စေတာ္ဘယ္ရီသီးယိုကိုေရာၿပီးလုပ္တာနဲ႕ ကိတ္မုန္႔ေပၚကို စေတာ္ဘယ္ရီသီးေလးေတြ ျဖဴးထားတာနဲ႕ ဆိုၿပီး ႏွစ္မ်ိဳးကြဲပါတယ္။ စေတာ္ဘယ္ရီပါတာေၾကာင့္ ကိတ္ရဲ႕ အီတဲ့အရသာကို ေလ်ာ့ၿပီး စားလို႔ ေကာင္းေစမွာပါ။

စေတာ္ဘယ္ရီေဖ်ာ္ရည္

စေတာ္ဘယ္ရီသီးကို နို႔ဆီ၊ သၾကားနဲ႕ေရာၿပီး စက္နဲ႕က်ိတ္လိုက္ရင္ေတာ့ လြယ္ကူရိုးွရွင္းတဲ့ စေတာ္ဘယ္ရီေဖ်ာ္ရည္ေလးရပါၿပီေနာ္။ ဒိန္ခ်ဥ္နဲ႕ေရာၿပီး စေတာ္ဘယ္ရီဒိန္ခ်ဥ္လည္း လုပ္ေသာက္လို႔ရပါေသးတယ္။

သီးစံုအရြက္သုပ္

စေတာ္ဘယ္ရီ၊ ေထာပတ္သီး လိေမၼာ္သီးတို႔ေရာၿပီး သံလြင္ဆီေလးနဲ႕ သီ္းစံုအရြက္သုတ္ေလးကလည္း သင့္ရဲ႕ ခႏၶာကိုယ္ကို က်န္းမာေရးနဲ႕ညီညြတ္ၿပီး လွပေစမွာပါ။ အျခားအရြက္ေတြကိုလည္း ႏွစ္သက္ရာေရာစားလို႔ ရေသးတယ္ေနာ္။

စေတာ္ဘယ္ရီယို

စေတာ္ဘယ္ရီသီးေလးေတြကို သၾကားနဲ႕ေရာၿပီး ယိုထိုးထားရင္ေတာ့ မနက္စာအျဖစ္ ေပါင္မုန္႔နဲ႕ ေရာစားႏုိင္သလို ဒီအတုိင္းလည္း အခ်ိဳတည္းလို႔ အဆင္ေျပပါတယ္ေနာ္။

စေတာ္ဘယ္ရီေခ်ာကလက္

စေတာ္ဘယ္ရီးသီးေလးေတြကို အျပင္ဘက္ကေန ေခ်ာကလက္အရည္ႏွစ္ထားတဲ့ စေတာ္ဘယ္ရီေခ်ာကလက္လံုးေလးေတြကေတာ့ ေဘဘီေလးတို႔ရဲ႕ အႀကိဳက္ဆံုးအခ်ိဳစာေတြပါေနာ္။

စေတာ္ဘယ္ရီ၀ိုင္

စေတာ္ဘယ္ရီသီးေလးေတြကို အခ်ဥ္ေဖာက္ၿပီး အိမ္လုပ္ဝိုင္္အျဖစ္ ဖန္တီးႏုိင္သလို႔ အသင့္လုပ္ၿပီးသား ဝိုင္ျဖဴမွာလည္း စေတာ္ဘယ္ရီးသီးေတြေရာၿပီး စေတာ္ဘယ္ရီ ဝိုင္အျဖစ္ သံုးေဆာင္လို႔ရပါေသးတယ္။

စေတာ္ဘယ္ရီေျခာက္

စေတာ္ဘယ္ရီသီးေတြကို အေျခာက္လွန္းၿပီး ေရခဲမုန္႔၊ ကိတ္မုန္႔နဲ႕ ကြတ္ကီးဖုတ္တဲ့အခါ သံုးႏုိင္သလို ဒီအတုိင္းလည္း သေရစာအျဖစ္ စားသံုးလို႔ သင့္ေတာ္ပါတယ္။

စေတာ္ဘယ္ရီပ်ားရည္

စေတာ္ဘယ္ရီသီးကို ပ်ားရည္နဲ႕ စိမ္ၿပီး တစ္ေန႕တစ္ဇြန္းမွန္မွန္ေသာက္သံုးေပးရင္ အစာအိမ္နဲ႕ပတ္သတ္တဲ့ ေရာဂါေတြကို ကုသေပးႏုိင္တဲ့အျပင္ ထပ္ၿပီးျဖစ္မလာေအာင္လည္း တားဆီးေပးႏုိင္ပါတယ္တဲ့။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top