မြန်မာ
စုံစုံလင်လင် ကျောက်မြောင်းတစ်ခွင်
ကျောင်းမြောက်ဘက်ကို သွားစရာရှိ်လို့ရောက်ခဲ့ရင်တော့ ဆိုင်ကောင်းကောင်းလေးတွေကို အလွယ်တကူရှာတွေ့အောင် ကျောက်မြောင်းထဲမှာရှိတဲ့ စားလို့ကောင်းတဲ့ဆိုင်လေးတွေစာရင်ကို စုစည်းပေးလိုက်ရပါတယ်။
ကျောက်မြောင်းထဲမှာ လမ်းသွယ်တွေများတာမို့ ဆိုင်တွေကို လမ်းအလိုက် ခွဲပေးထားတယ်နော်။
သတိပဠာန်လမ်း
– Happy တရုတ်နှင့်ယိုးဒယားစာတွေရတယ်။
– Lunch Box – Café & More – ရှမ်းခေါက်ဆွဲတွေဘာတွေလဲကောင်းတယ်။ စားသောက်စရာတွေ တော်တော်စုံတယ်။
-ရွှေမြိတ် ကတ်ကြေးကိုက် – ဓမ္မဒါနလမ်းနှင့် သတိပဠာန်လမ်းထောင့်မှာရှိပါတယ်၊ ကြက်၊ ဝက်၊ ပုဇွန်၊ ကင်းမွန်ကြိုက်တာနဲ့စား ပွဲကြီး တစ်ပွဲမှ (၁၅၀၀)ထဲရယ်။ အော်ဒါတွေလည်း အရမ်းမှာကြတယ်။
-ရွှေနဂါး ကြေးအိုးဆီချက်ဆိုင်၊ သူကတစ်ပွဲကို ရိုးရိုးဆို (၂၅၀၀)၊ ရှယ်ဆိုမှ (၃၀၀၀)။
-မင်းကွန်းခိုတောင်မုန့်တီ – ခိုတောင်မုန့်တီကမနက်ပိုင်းပဲရတယ်။ မုန့်ဟင်းခါးလဲရတယ်၊ အကြော်နဲ့မှတစ်ပွဲ (၆၀၀)ထဲ။
-Frozen ရေခဲမုန့် – Ice Garden & Snack, ယိုးဒယားရေခဲမုန့်တွေတစ်ခွက်မှ (၁၅၀၀)၊ (၂၀၀၀) သူကတော့ အအေးနဲ ့Ice Cream ကြိုက်သူများအတွက်။
-မြလင်းသူ (မော်လမြိုင်) ကြက်ကင်၊ ကြက်ဆီထမင်းတွေကောင်းတယ်၊
ကျားကွက်သစ်လမ်း
-ဒေါ်ယုံကြာဇံချက် – အသုပ်နဲ့ကြာဇံချက်တွေသိပ်ကောင်း။ ကျောက်မြောင်းသားတွေမသိတဲ့လူမရှိဘူး။ ကျားကွက်သစ်လမ်းနဲ့ သတိပဠာန်လမ်းထောင့်မှာရှိတယ်။ လူစည်ကားနေတာပဲ။
-ရွှေယူနန် – အသားကင်နဲ့ မြစ်ကြီးနားကြက်ပေါင်းခေါက်ဆွဲ၊ ငါးကင်ဆိိိုလဲတစ်ကောင်ကို (၁၅၀၀)ကနေ (၃၀၀၀)၊ နောက်ခေါက်ဆွဲဆိုလဲတစ်ပွဲ (၁၀၀၀)ထဲရယ်။
-သူ ့ရဲ ့အရှေ ့ဘက်မှာတော့ ဆန်းသစ်ရှယ်ငါးကင် ဆိုင်ရှိတယ်။ ပင်စိမ်းငါးကင် ၊ လက်ဖက်ငါးကင် တွေလည်း ရတယ်။
-ကောင်းကောင်းနှင့်ညီညီ သဘာဝကြံရည်ဆိုင်။ အဲ့ဒီမှာ အုန်းထမင်းနဲ့ထောပတ်ထမင်းတွေလဲ ရတယ်။
-ရွှေကံ့ကော် – လက်ဖက်ရည်ဆိုင်၊ အမြဲတမ်းလူမပြတ်ဘူး၊ အစားစာတွေလဲအစုံရတယ်။
-အမဲအူတုတ်ထိုး (စိတ္တသုခလမ်း) – ဒီဆိုင်ကဖွင့်ထားတာအနှစ်(၂၀)လောက်တောင်ရှိပြီတဲ့၊ မူလလက်ဟောင်းပေါ့ နော့။ စားလို့လဲကောင်းပ။
-Hot Shot မုန့်ဟင်းခါး၊ ငရုတ်ကောင်းမုန့်ဟင်းခါး၊ အရမ်းကောင်းတာရယ်။ ဓမ္မဝိဟာရလမ်းနှင့်ကျားကွက်သစ် လမ်းထောင့်မှာရှိပါတယ်။
-နီလာရတနာ ဆိုတာ သစ်သီးစုံဖျော်ရည်နဲ့အအေးဆိုင်။ ကျောက်မြောင်းသား ကျောက်မြောင်းသူ တွေ အရမ်းထိုင်တဲ့ ဆိုင်တဲ့။
-မိုးပျံကြေးအိုးဆီချက် ခေါက်ဆွဲကြော်နဲ့ကြေးအိုးအရမ်းကောင်းပဲ ၊ မူလလက်ဟောင်း လက်ရာပါတဲ့။
ကျောက်ရေတွင်းဘက်မှာဆိုရင်
သဘာဝ Thai Food ထိုင်းအစားအစာနှင့်အအေးဆိုင်တွေရှိတယ်၊ နောက်ပြီး Seafood တွေလဲရတယ်။
သီတာလမ်း
-Food Box Thai Food ထိုင်းအစားအစာ၊ ကျောက်ရေတွင်းလမ်းနဲ့ သီတာလမ်းထောင့်မှာရှိတယ်။
-Country Club ဒီဆိုင်ကတော့ကျောက်မြောင်းမှာနာမည်ကြီးတဲ့ဆိုင်တွေထဲပါတယ်။ Beer နဲ့ Cocktail တွေရ တယ်။ အေးအေးဆေးဆေး ထိုင်ချင်တဲ့သူတွေအတွက်လဲ အဆင်ပြေတယ်၊ နေရာကကျောက်မြောင်းလမ်းနဲ့ သီတာလမ်းထောင့်မှာရှိပါတယ်။
-ယဉ်ယဉ်ချို မော်လမြိုင်ထမင်းဆိုင်ဆိုရင်လဲစားလို့ကောင်းတဲ့ဆိုင်ထဲပါတယ်။ မွန်လက်ရာ စားချင်တယ်ဆို ဒီဆိုင် ကောင်းတယ်။
-သီတာလမ်းထိပ်က ဝက်ခေါင်းသုပ်ကိုလဲမေ့ထားလို့မဖြစ်ဖူးနော့်။ သူက ဝက်သားကို ရှယ်နှပ်ပြီး သုပ်ပေးတာ။
-ညနေခင်းမုန့်ဟင်းခါး လဲရှိတယ်။ သူကတစ်ပွဲကို(၅၀၀)တဲ့။
သြဘာလမ်း
-King လားရှိုး (၇)လွှာပေါက်စီနဲ့အခြားအစားအစာတွေရတယ်၊ ရွှေဘိုလမ်းထောင့်မှာရှိတယ်။
– ဖက်ဖူးရောင် လက်ဖက်ရည်နဲ့စားဖွယ်စုံ၊ အဲ့ဆိုင်ဟာဆိုရင် စင်္ကြာလမ်းထောင့်မှာ ရှိပါတယ်။
ကျောက်မြောင်းလမ်း
-အိုကေထမင်းဆိုင် သူကလဲလူကြိုက်များတဲ့တစ်ဆိုင်ပါပဲ။ ဖွင့်တာလည်း ကြာပြီ။
-Mr.Chef လဲရှိတယ်။ ဆိုင်ကောင်းကောင်းသန် ့သန် ့လေးမှ ထိုင်ချင်တယ် ဆို အဆင်ပြေတယ်။
-Dollar 2 Hot Pot ဆိုင်လဲရှိတယ်၊ သူကတော့ မလွှကုန်းလမ်းနဲ့ ကျောက်မြောင်းလမ်းထောင့်မှာပါ။
နိဂြောဓလမ်း
-ဒေါ်တင်နု ဆနွင်းမကင်းနဲ့မြန်မာမုန့်တွေတော်တော်ကောင်းတယ်။ ကျောက်မြောင်းဘက်ကလူတွေအလှူလုပ် ရင် သူ့ဆီမှာပဲမှာကြတယ်ဆိုပဲ။ နိဂြောဓလမ်းနဲ့ ဘယသိဒ္ဓိလမ်းထောင့်မှာရှိပါတယ်။
-နိဂြောဓလမ်း ပုဇွန်ကွက်ကြော်ဆိုင်၊ အဲ့ဆိုင်ကတော့ကိုယ်တွေလဲအကြိုက် ကျောက်မြောင်းမှာမသိတဲ့လူမရှိတဲ့ ပုဇွန်ကွက်ကြော်ဆိုင်၊ အဝေးကလူတွေတောင်လာလာစားကြတယ်။ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ ပုဇွန်ကွက် ကြော်သုပ် အစုံရတယ်။
-Doremi Café အဲ့ဆိုင်လေးမှာလဲ ကော်ဖီအပြင်အခြား ကိုရီးယား၊ တရုတ်၊ ဂျပန်အစားအစာတွေအပြင် European စာလေးတွေလဲရတယ်၊ အဲ့ဆိုင်က မွေးနေ့ပွဲလုပ်ချင်တဲ့သူတွေ၊ Anni ပွဲအတွက်လဲ ပွဲလုပ်ချင်ရင် ကိတ်မုန့်ကအစအကုန်အဆင်ပြေအောင်လုပ်ပေးတယ်။ ကျောက်မြောင်းထဲလဲ Delivery ရှိတယ်။
– ဆူရှီစားချင်တယ် ဆိုရင် ရွှေဂိုလ်း နဲ ့ မင်္ဂလာလမ်း ဆိုတဲ့ ဆိုင်ရှိပါတယ်။ ဓမ္မဝိဟာရလမ်းမှာရှိတယ်။ ကပ်လျက်ပါ။
– မင်းလမ်း ရခိုင်မုန့်တီ ကဆိုရင်လဲအမြဲတမ်းလူစည်တယ် ။ ဓမ္မဝိဟာရလမ်းနဲ့ ကျောက်မြောင်းလမ်းထောင့်မှာ ရှိတယ်။ ပင်လယ်စာ ရခိုင်သုပ် နဲ ့ ပူပူစပ်စပ်လေးတွေ စားချင်တယ်ဆို လက်တို ့ပါတယ်။
– မင်းလမ်းမုန် ့တီဆိုင် အရှေ ့နားက ကျောက်မြောင်း Mart ဘေးမှာတော့ Oro ရေခဲမုန် ့ဆိုင်ရှိတယ်။ ဝေဖာခွက်နဲ ့ တစ်ခွက်မှ ၅ဝဝကျပ်ထဲ ။ အရသာကလည်း ပျစ်ပျစ်နှစ်နှစ်ရှိတယ်။ လူတွေ တန်းစီနေတာပဲ။
-ရွှေမြို့တော် ဖာလူဒါနဲ့ဒိန်ချဉ် အဲ့ဆိုင်လဲ ကျောက်မြောင်းမှာနာမည်ကြီးနော့။ တာမွေ Orange အရှေ ့နားမှာပါ။
ဘေးလမ်းတစ်ဖက်မှာတော့ သဘာဝ ထိုင်းဆိုင် ရှိပါသေးတယ်။
ကဲ ခုလိုအရသာရှိတဲ့ အစားအသောက်တွေကို ဆိုင်မှာသွားစားဖို့ အချိန်မရှိတဲ့ သူတွေလဲ စိတ်ပူစရာမလိုဘူးနော်။ Doemal ထဲမှာ ဆိုင်ကောင်းကောင်းလေးတွေ အစုံလင်ရှိတာမို့ ဖုန်းလေးတစ်ချက်ဖွင့်ပြီးသာ အော်ဒါမှာစားလိုက်ပါလို့ စာရေးသူမှ အကြံပြုပါရစေ။
[Unicode]
ကျောင်းမြောက်ဘက်ကို သွားစရာရှိလို့ရောက်ခဲ့ရင်တော့ ဆိုင်ကောင်းကောင်းလေးတွေကို အလွယ်တကူရှာတွေ့အောင် ကျောက်မြောင်းထဲမှာရှိတဲ့ စားလို့ကောင်းတဲ့ဆိုင်လေးတွေစာရင်ကို စုစည်းပေးလိုက်ရပါတယ်။
သတိပဠာန်လမ်း
ကျားကွက်သစ်လမ်း
-ရွှေယူနန် – အသားကင်နဲ့ မြစ်ကြီးနားကြက်ပေါင်းခေါက်ဆွဲ၊ ငါးကင်ဆိုလဲတစ်ကောင်ကို (၁၅၀၀)ကနေ (၃၀၀၀)၊ နောက်ခေါက်ဆွဲဆိုလဲတစ်ပွဲ (၁၀၀၀)ထဲရယ်။
သီတာလမ်း
သြဘာလမ်း
ကျောက်မြောင်းလမ်း
နိဂြောဓလမ်း
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top