စပိန်

အရသာရှိလှသော စပိန်ရိုးရာထမင်းPaella ကို မြည်းစမ်းဖူးပါသလား။

စပိန်ရိုးရာထမင်းPaella

စပိန်အစားအစာများသည် ကောင်းမွန်အဆင့်မြင့်သော ချက်ပြုတ်နည်းများ နှင့် ဟင်းလျာများထဲတွင် ပါဝင်သော ပါဝင်ပစ္စည်းများကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် အထူးကျော်ကြားလျက်ရှိပါသည်။ ကျော်ကြားလှသော စပိန်အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော Paella သည်စပိန်ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး နိုင်ငံတကာတွင်လည်း အလွန်ကျော်ကြားသော အစားအစာဖြစ်ပါသည်။ ထိုအစားအစာသည် ဆန်စပါး စိုက်ပျိုးရရှိနိုင်သော စပိန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိကာ Valencia ဒေသမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ စပိန်လူမျိုး မဟုတ်သောလူအများစုက Paella သည် စပိန်နိုင်ငံ၏ အမျိုးသားအစားအစာ ဖြစ်သည်ဟု ထင်မြင်ကြသော်လည်း စပိန်လူမျိုးများကမူ Valencia ဒေသ၏ ထင်ရှားသော အစားအစာ အဖြစ်သာ မှတ်ယူထားကြသည်။

စပိန်အစားအစာ Paella သည် ထမင်းကို ကုံကုမံဖြင့် အရောင်၊ အနံ့၊ အရသာသွင်းကာ အသားမျိုးစုံကို ဒယ်အိုးအဝိုင်းပြားတွင် ထည့်သွင်း ချက်ပြုတ်ရသော အစားအစာဖြစ်ပါသည်။ စပိန်အစားအစာ ထမင်းဖြစ်သော Paellaတွင် အဓိကအားဖြင့် ထမင်း၊ ကြက်သား၊ အခွံမာရှိသောပင်လယ်စာများ၊ ဝက်သား၊ ကုံကုမံ၊ ရို့စ်မယ်ရီ၊ ငရုတ်ကောင်းစိမ်း၊ ပဲစိမ်း နှင့် ရိုးရှင်းသော ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သော ဆား နှင့်လေးညှင်းပွင့်တို့ပါဝင်ပါသည်။ ထို့ပြင် စပိန်ရိုးရာထမင်းPaellaတွင် ယုန်သား၊ ပင်လယ်စာ၊ ကြက်သား၊ ပဲနှင့်ဂေါ်ဖီထုပ်ကဲ့သို့သော အပင်တစ်မျိုးလည်း ပါဝင်ပါသေးသည်။ စပိန်နိုင်ငံ၏ ဒေသများပေါ်မူတည်ပြီး ချက်ပြုတ်နည်းများ ကွဲပြားနိုင်သော်လည်း စပိန်နိုင်ငံ၏ စားဖိုမှုးကြီးများက စပိန်ရိုးရာထမင်း Paella တွင် ထမင်းနှင့် ထမင်းကို အဝါရောင် ပြောင်းလဲပေးသည့် ကုံကုမံတို့သည် အဓိကအရေးပါသော ပါဝင်ပစ္စည်းများ ဖြစ်သည်ဟု ပြောကြသည်။ စပိန်ရိုးရာထမင်းသည်  ဒံပေါက်နှင့် အနည်းငယ်ဆင်တူပြီး  ရိုးရာနည်းအရ အိမ်အပြင်ဘက်တွင် ထင်းမီးဖိုကြီးများဖြင့် ချက်ပြုတ်လေ့ရှိသည်။ စပိန်နိုင်ငံ၏ ရိုးရာအခမ်းအနားများနှင့် မိသားစု တွေ့ဆုံပွဲများတွင် စပိန်ရိုးရာထမင်း Paella သည် မပါမဖြစ် ဘုရင်မသဖွယ် ဖြစ်ပြီး ဒေသခံများသာမက အလည်အပတ် လာရောက်သူများကိုပါ ဆွဲဆောင်လေ့ရှိသည်။

စပိန်ရိုးရာထမင်း Paellaတွင် ပါဝင် ပစ္စည်းအများအပြားပါဝင်လေ့ရှိပြီး ကွဲပြားသော ပါဝင်ပစ္စည်းများ ပေါ်မူတည်ပြီး အမျိုးအစားများစွာကွဲပြားခြားနားသည်။ စပိန်နိုင်ငံတွင် ပုံမှန် စားသုံး လျက်ရှိသော Valencia Paella၊ အသား Paella၊ ပင်လယ်စာ Paella၊ Paella အရော၊ အမဲရောင် Paella၊ အဖြူရောင် Paella နှင့် သားသတ်လွတ် Paella အစရှိသည်တို့ ဖြစ်ပါသည်။

စပိန်နိုင်ငံ၏ ထင်ရှားလှသော Valencia Paella သည် ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ဂျင်းနှင့် ကုကုံမံ တို့ဖြင့် ပြုလုပ်ထားပါသည်။ အများဆုံးထည့်သွင်း အသုံးပြုသော အသားမှာ ယုန်သားဖြစ်ပြီး ဝိုင်ဖြင့် တွဲဖက်စားသုံးပါက ကောင်းမွန်လှသော စပိန်အရသာ စစ်စစ်ကို ခံစားစေနိုင်ပါသည်။

အသား Paella နှင့် ပင်လယ်စာ Paellaများထဲရှိ အဓိက ပါဝင်ပစ္စည်းများမှာ ငရုတ်ကောင်း၊ Paprika ဟုခေါ်သော အသားဟင်းအနှစ်ဆော့စ် ကို အရသာသွင်းထားသော အသားနှင့် ပင်လယ်စာ တို့ပါဝင်ပါသည်။ အသား Paella တွင် ကြက်သားကို အသုံးပြုများပြီး ပင်လယ်စာ Paellaတွင် ကင်းမွန်၊ ပုစွန်၊ ဂုံးနှင့် ယောက်သွားများကို ထည့်သွင်း ချက်ပြုတ်ကြပါသည်။

အသားနှင့် ပင်လယ်စာ အရသာ ပေါင်းစပ်ထားသော Paella အရောသည် Safirto ဟုခေါ်သော ငရုတ်ဟင်းနှစ်ဖြင့် ပြုလုပ်ထားသော ဟင်းလျာဖြစ်ပါသည်။ ထိုဟင်းလျာသည်စပိန်ရိုးရာထမင်း Paella များထဲတွင် အသားနှင့် ပင်လယ်စာရောနှောသောအရသာကြောင့် အကျော်ကြားဆုံးဖြစ်ပြီး အိမ်တိုင်းအမြဲလိုလို ချက်ပြုတ်စားသောက်သော ဟင်းလျာဖြစ်ပါသည်။

အမဲရောင်စပိန်ရိုးရာ Paella ထမင်းသည် ရေဘဝဲ သို့မဟုတ် ကင်းမွန် မှ ရရှိသော အမဲရောင် မှင်ရည်ကို အသုံးပြုကာ ချက်ပြုတ်ထားသောကြောင့် အခြားသော စပိန်ရိုးရာထမင်းများနှင့် မတူကွဲပြားလှပါသော်လည်း ပါဝင်ပစ္စည်းများမှာ ပင်လယ်စာ Paella နှင့် အတူတူပင်ဖြစ်ပါသည်။ အမဲရောင် စပိန်ရိုးရာ Paellaထမင်းသည် ထူးခြားသော အမဲရောင် ရှိရုံမက ပြင်းရှသောအရသာလည်း ရှိပါသည်။

အဖြူရောင် Paellaထမင်းသည် ပြုလုပ်ရလွယ်ကူပြီး ဝက်ပေါင်သားခြောက်နှင့် ဝက်အူချောင်း တို့ဖြင့် ပြုလုပ်ထားပါသည်။ အဖြူရောင် Paella ထမင်းအသွင် ရရှိစေရန်အတွက် အခြား Paella များကဲ့သို့ အရောင်ဆိုးထားခြင်းမရှိပဲ အများအားဖြင့် အခမ်းအနားများတွင် ဘီယာနှင့် တွဲဖက် စားသုံးလေ့ရှိကြသည်။

သားသတ်လွတ် စပိန်ရိုးရာထမင်းတွင် ဂေါ်ဖီကဲ့သို့ ဟင်းသီးဟင်းရွက်တစ်မျိုး၊ ကညွှတ်၊ မှိုနှင့် သံလွင်သီးတို့ပါဝင်ပါသည်။ အခြားသော Paella များထက် ပါဝင်ပစ္စည်းများ မစုံလင်လှသော်လည်း အဆာပြေ အဖြစ် စားသုံးလေ့ရှိကြပါသည်။

စပိန်ရိုးရာထမင်း  Paella ကို မြည်းစမ်းဖူးပါသလား။ စပိန်ရိုးရာထမင်း Paellaသည် စပိန်နိုင်ငံ၏ ရိုးရာအစားအစာ ဖြစ်သော်လည်း ယနေ့ခေတ်တွင် ကမ္ဘာအနှံ့အပြားတွင် သာမက ရန်ကုန်မြို့တွင်ပါ သုံးဆောင် နိုင်ပါသည်။ သင့်သူငယ်ချင်းများနှင့် အောက်ဖော်ပြပါ စားသောက်ဆိုင်များတွင် စပိန်ရိုးရာထမင်း Paella ကို အတူမျှဝေ စားသောက်ရင်း စပိန်ရိုးရာထမင်း  Paella ရဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ပါ။

ဂရင်းဂိုချီလန်ဂိုစ်(Gringos Chilangos)ဂရင်းဂိုချီကာဂိုစ် (Gringos Chilangos)

အမှတ် (၂၅၇)၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့။

တင်တင်(Tin tin)တင်တင် (Tin Tin)

အမှတ် (၁၈)၊ ဗိုလ်ကလေးစျေး၊ ရန်ကုန်မြို့။

ဘီတူးအို ဘား (B2O Bar & Bistro)ဘီတူးအို ဘား (B2O Bar & Bistro)

အမှတ် (၉၈)၊ လမ်း ၂၀၊ အပေါ်ဘလောက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

သာသ့်လက်ပ် (The Lab)သာသ့်လက်ပ် (The Lab)

အမှတ် (၇၀)အေ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဂလဲရီ ဘား (Gallery Bar)ဂလဲရီ ဘား (Gallery Bar)

ကုန်သည်ကြီးများဟော်တယ်၊ ဆူးလေ၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top