Lifestyle
ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ လွယ်ကူရိုးရှင်းတဲ့ ငါးသံပုရာပေါင်းပြုလုပ်နည်းလေးပါ။ ငါးသံပုရာပေါင်းကို သူ့ချည်းသက်သက်စားလို့အဆင်ပြေသလို သောက်စရာနဲ့လဲတွဲစားရင် အလိုက်ဆုံးမို့ ကိုယ့်ဘာသာကိုယ် အိမ်မှာ ချက်စားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။
ငါးသံပုရာပေါင်း ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
စပါးလင် ၁ စည်း
ဂျင်း ၃ ပြား
ငရုတ်သီး ၂ ကျပ်သား
ပင်စိမ်း ၁ စည်း
ဖက်ဖယ် ၁ စည်း
ရှမ်းနံနံ ၁ စည်း
သံပုရာသီး ၁ လုံး
ကြက်သွန်ဖြူ ၅ ကျပ်သား
ကက္ကတစ်ငါး ၃၀ သားခန့် တစ်ကောင်
အိုးတစ်လုံးထဲမှာရေထည့်ပြီး ရေနွေးအရင်ဆူအောင်တည်ထားရပါမယ်။ ရေထဲကို ငံပြာရည် ၃ဇွန်း
ရှာလကာရည်​ ၂ ဇွန်း၊ ဆား နဲနဲ ထည့်ပြီး စပါးလင်ကို ထုထည့်ပြီး ဆူအောင်တည်ထားရပါမယ်။ ငါးကို ပါးဟပ်ထုတ် ဗိုက်ခွဲ ကလီစာထုတ်၊ ဓားနဲ့မွှန်းပြီး ခရုဆီ ငံပြာရည် ဆား နယ်ပြီး နှပ်ထားပါ။ တစ်ချိန်တည်းမှာပဲ
ငါးစာအတွက် ဖက်ဖယ်ရွက် ပင်စိမ်း ငရုတ်သီးစိမ်း ရှမ်းနံနံ ကြက်သွန်ဖြူကို ကျိတ်ထားပါ။ ပြီးရင် ငံပြာရည် နဲနဲလေး နယ်ထားပါ။ ၃ပုံ ၂ပုံ ကို ငါးဗိုက်ထဲသွတ်အစာမထွက်အောင် စပါးလင် အရွက်နဲ့ တုတ်ထားပါ။
ရေနွေးအိုး ပွက်ပွက်ဆူလာရင် အရသာ အပေါ့အငန် အချဉ်မြည်းပါ။ ငါးထည့်ပါ အဖုံးအုပ်ပါ ၁ဝမိနစ်နေရင် နောက်တစ်ဖက်လှည့်ပါ။နောက်တစ်ဖက်ကို ၁ဝမိနစ်ထား။ ပြီးရင် အစာ ချန်ထားတာလေး အပေါ်မှာဖြူး ပေး။ သံပုရာသီး ကို အကွင်းလေး လှီးထည့်။ ရပြီ။ သံပုရာသီး ကို စကတည်းက ထည့်တည်ရင် ခါးသွားတတ်ပါတယ်။ နောက်ဆုံးမှာ မီးပိတ်လိုက်ရင်တော့ လွယ်ကူဆုံး ငါးသံပုရာပေါင်းလေးက စားဖို့ အသင့်ဖြစ်နေပါပြီနော်။
ခုလို အရသာရှိတဲ့ အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။
[Unicode]
ပါဝင်ပစ္စည်းများ
စပါးလင် ၁ စည်း
ဂျင်း ၃ ပြား
ငရုတ်သီး ၂ ကျပ်သား
ပင်စိမ်း ၁ စည်း
ဖက်ဖယ် ၁ စည်း
ရှမ်းနံနံ ၁ စည်း
သံပုရာသီး ၁ လုံး
ကြက်သွန်ဖြူ ၅ ကျပ်သား
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top