ဂျာမန်

ဂျာမန်စတိုင်ညစာ

ဂျာမန်စတိုင်ညစာ

ပျော်ရွှင်စရာ သောကြာနေ့လေးကို ကျရောက်လို့ လာပါပြီ။ ဒီနေ့ညအတွက် ဘယ်လိုအစီစဉ်ကောင်းတွေ ရှိနေပါသလဲ။ သင့်ချစ်ခင်ရသော တစ်စုံတစ်ယောက် နှင့် ညစာ အတူစားသုံးဖို့အတွက် အစီအစဉ် ရှိခဲ့ရင်တော့ ဂျာမန်စတိုင် ညနေစာ လေးကို ရွေးချယ် စားသုံးကြည့် လိုပါသလား။

ဂျာမနီနိုင်ငံသည် ဟင်းလျာများဖြင့် ကမ္ဘာပေါ်တွင် ကျော်ကြားလှကာ အသားနှင့် ဝက်အူချောင်းများ အများအပြား စားသုံးသော နိုင်ငံအဖြစ်လည်း ထင်ရှားလှပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပတိုက်၏ အနောက်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အစားအစာများသည် ဂျာမနီ နိုင်ငံသားတို့အတွက်အရေးပါလှသော ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

ဂျာမန်အစားအစာများသည် အရသာနှင့် အထူးပြည့်စုံသော အစားအစာများ ဖြစ်ပြီး စားချင် စဖွယ် ကောင်းလှသော အစားအစာများ လည်းဖြစ်ကြသည်။ ဂျာမန်ရိုးရာ ညနေစာများတွင် အများအားဖြင့် ပေါင်မုန့်များ၊ အသား၊ ဝက်အူချောင်းများ၊ ချိစ် နှင့် သောက်သုံးစရာ အဖျော်ယမကာ တို့ပါဝင် ကာ အသုပ်များ၊ ဟင်းရည်များ နှင့် တွဲဖက်ကာ စားသုံးကြသည်။ အဓိကအားဖြင့် ဂျာမန် လူမျိုးတို့သည် အာဟာရပြည့်ဝသည့် အသားများနှင့် ပေါင်မုန့်တို့ကို အားပါးတရ စားသုံးတတ်ကြသူများ ဖြစ်ကြသည်။ ပေါင်မုန့်များကို အစားအစာများသုံးဆောင်သော အချိန်တိုင်းတွင် စားသုံးကြကာ ပေါင်မုန့်ဖြူများထက် ဂျုံကြမ်းပေါင်မုန့်များ နှင့် ပေါင်မုန့်ညိုများကိုသာ အဓိက စားသုံးကြလေ့ရှိသည်။ ဝက်သားနှင့် အမဲသားများသည် ဂျာမနီနိုင်ငံ၏ ညနေစာ ထမင်းဝိုင်းတွင် အဓိက မပါမဖြစ် ပါဝင်ပြီး ဝက်သားကို ပိုပြီး လူကြိုက်များကြသည်။ လူကြိုက်များလှသော ဝက်သားများကို ရိုးရာစနစ်ကို အသုံးပြုကာ ဝက်အူချောင်း အမျိုးပေါင်း ၁၅၀၀ ခန့် ပြုလုပ် ဖန်တီးထားကြောင်း သိရှိရသည်။

အသားအူချောင်းများသည် ဂျာမနီ နိုင်ငံ၏ အခြေခံကျသော အစားအစာများဖြစ်ပါသည်။ ၎င်းတို့ထဲတွင်Bratwurst ဝက်အူချောင်းသည် ဂျာမနီ နိုင်ငံ၏ နာမည်အကြီးဆုံး ဝက်အူချောင်းအမျိုးအစားဖြစ်ပြီး အခြားသော နာမည်ကြီးလှသော ဝက်အူချောင်း အများအပြားကိုလည်း ဂျာမနီနိုင်ငံတွင် တွေ့ရှိနိုင်ပါသည်။ Saumagen ဟုခေါ်သော ရိုးရာဝက်သားဟင်းလျာသည် ဝက်အူချောငး်အမျိုးအစားဖြစ်ပြီး ဝက်၏ အစာအိမ် ထဲတွင် ဝက်သား၊ ဆေးဘက်ဝင်သော ပါဝင်ပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ နှင့် အာလူးတို့ကို ထည့်သွင်း အစာသွပ်ထားခြင်း ဖြစ်သည်။ စားသောက်ဆိုင်များတွင် မူထိုဝက်အူချောင်းကို ပါးပါးလှီးပြီး ကြော်ကာ အာလူးအနှစ်ဖြင့် တွဲဖက် စားသုံးရန် ပြင်ဆင်ချက်ပြုတ်လေ့ရှိသည်။

အာလူးများသည် ညနေစာစားသုံးရာတွင် မပါမဖြစ် ပါဝင်ပြီး အခြေခံကျလှသော အစားအစာများ ဖြစ်ကာ သစ်တော်သီး၊ ဝက်ဆားနယ်ခြောက်၊ ပဲများ၊ အသားများနှင့် ဝက်အူချောင်း အစပ်တို့နှင့် ရောနှော ချက်ပြုတ်ကာ ညနေစာ အဖြစ် သုံးဆောင်ကြသည်။ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အာလူး၊ မုန်လာဥနီများ၊ တရုတ်နံနံပင်များ၊ ကော်ဖီထုပ်များ နှင့် ကြက်သွန်မြိတ် များကို အရိုးပြုတ်ရည်ဖြင့် ချက်ပြုတ်ထားသော Pichelesteiner ဟင်းလျာသည် အထူးကျော်ကြားသော ဟင်းလျာ ဖြစ်ပါသည်။

ဂျာမနီ နိုင်ငံ၏ ညနေစာများတွင် အသားကင်များ သည်လည်း မပါမဖြစ်ပါဝင်လှပါသည်။ Sauerbraten ဟုခေါ်သော ဟင်းလျာသည် ဂျာမနီနိုင်ငံ၏ လူသိများလှသော ဟင်းလျာဖြစ်ပါသည်။ ၎င်းသည် ဝက်သား၊ အမဲသား၊ သိုးသား၊ ဆိတ်သား နှင့် မြင်းသားတို့ကို ရှာလကာရည်၊ ဝိုင်၊ ဆေးဘက်ဝင် ဟင်းခတ် အမွှေးအကြိုင်များဖြင့် ရက်အတော်ကြာ နှပ်ထားပြီးမှ ကင်ထားသော အသားကင် ဟင်းလျာ ဖြစ်ပါသည်။ Sauerbraten အသားကင်ကို ပြင်ဆင်ချက်ပြုတ်ရာတွင် ဒေသတစ်ခုစီ၏ ပါဝင်ပစ္စည်းများ ပါဝင်အသုံးပြုမှုပေါ် မူတည်ပြီး အရသာ ကွဲပြားပါသည်။

ကျော်ကြားလှသော ပါစတာ ဟင်းလျာအမျိုးအစားဖြစ်သော Spatzleတွင်အသုံးပြုထားသော ဂျံုလုံးကို ကြက်ဥ၊ဆား၊ဂျုံနှင့် ရေတို့ရောနယ်ကာ အရသာသွင်းထားခြင်း ဖြစ်ပါသည်။ Spatzle များကို အသားဟင်းလျာများနှင့် တွဲဖက်သုံးဆောင်လေ့ရှိကာ တစ်ခါတစ်ရံ ချိစ်များကို ဟင်းလျာပေါ်တွင် ဖြူးကာ စားသုံးတတ်ကြသည်။ အခြား ကျော်ကြားလှသော ဂျာမနီနိုင်ငံ၏ ညနေစာ အဖြစ် စားသုံးလေ့ရှိသော အစားအစာများမှာ Braktartoffeln ဟုခေါ်သော အားလူးနှင့် ဝက်သားဆားနယ်ချောင်းကြော်၊ အရသာသွင်းကာ နှပ်ထားသော Hendl ကြက်ကင်၊ ယုန်သားဖြင့် စတူးစတိုင် ချက်ပြုတ်ထားသော Hasenpfeffer ဟင်းလျာနှင့် အစရှိသည်တို့ ဖြစ်ပါသည်။

ဂျာမန်လူမျိုးတို့၏ အစားအစာများသည် တစ်မူထူးခြားလှပါသည်။ ဂျာမန်စတိုင်အစားအစာ များကို ညနေစာ အဖြစ် သုံးဆောင်ရင်း ဂျာမန်လူမျိုးတို့၏ အစားအစာများထဲမှ လျှို့ဝှက်ချက်များကို အတူရှာဖွေ ကြရအောင်။

MahlzeitMahlzeit

အမှတ် (၈၄)၊ ပန်းလှိုုင်လမ်း၊ ရန်ကုန်မြို့။
Union Bar and GrillUnion Bar and Grill

အမှတ် (၄၂)၊ ဗိုလ်တစ်ထောင်လမ်း၊၊ ရန်ကုန်မြို့။
The Strand RestaurantThe Strand Restaurant

အမှတ် (၉၂)၊ ကမ်နားလမ်း၊၊ ရန်ကုန်မြို့။
Shwe Sa BweShwe Sa Bwe

အမှတ် (၂၀)၊ မလိခလမ်း၊မရမ်း ကုန်း၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top