အစားအစာသစ် မိတ်ဆက်ခြင်း
ဂျပန်နိုင်ငံကထူးထူးဆန်းဆန်းစားစရာ (၈) မျိုး
၁. နကျတို
၂.ဖုနဇူရှီ
၃. ခါမီ
၎. ကူဂျီရာ
၅. ဘဆရှီ
၆. ရှီရာကို
၇. ဟဘုရှူ
၈. ၈ျီဘချီ ဘန်ဇိုင်း
Writer_Pyae
[Unicode]
ဂျပန်နိုင်ငံကထူးထူးဆန်းဆန်းစားစရာ (၈) မျိူး
ဂျပန်နိုင်ငံဟာ သူတို့ရဲ့ဆူရှီနဲ့ အေးချမ်းသာယာပြီးနေထိုင်ချင်စရာကောင်းလို့ လူသိများ ပါတယ်။ ဒါတင်မကသေးပါဖူး သူတို့ရဲ့ ထူးထူးဆန်းဆန်း ပွဲတေည်များနှင့် အစားအသောက် များကြောင့်လည်း ကျော်ကြားပါတယ်။
ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းအစားအသောက်များကတော့ ဂျပန်နိုင်ငံမှာ ရှိပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ဂျပန်နိုင်ငံကထူးထူးဆန်းဆန်း အစားအသောက် (၈) မျိူးကို ဖော်ပြလိုက်ရပါတယ်ရှင်။
၁. နက်တို
ဒီအစားအသောက်ကဆိုရင်တော့ဖြင့် အချဉ်ဖောက်ထားတဲ့ ပဲကိုစားရတာပါ။ သိုးနေတဲ့ ဒိန်ခဲ အနံ့ကိုရရှိမှာ ဖြစ်ပြီး တော်တော်လေးလည်း အရသာပြင်းပါတယ်တဲ့။ နက်တိုကို ဈေးများနဲ့ စဆိုးဆိုင်တော်တော်များများမှာရရှနိုင်ပါတယ်။
၂.ဖုနဇူရှီ
ဖုနဇူရှိကတော့ ငါးကြင်းကို ငါးချဉ်သိပ်ထားတဲ့ အစားအစာ ပဲဖြစ်ပါတယ်။ အချဉ်ဖောက် ဖို့ကို တစ်နှစ်ကြော်ကြာ အချိန်ယူရပါတယ်။
၃. ခါမီ
ခါမီဟာဆိုရင်တော့ ပင်လယ်လိပ်သားကိုစားသုံးတာဖြစ်ပြီး သင်ကြိုက်နှစ်သက်လို ချက်ပြုတ်စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ အစိမ်းစားခြင်းဟာ အကျော်ကြားဆုံးဖြစ်ပါတယ်။
၄. ကူဂျီရာ
အရမ်းကိုရှားပြီး အရမ်းကိုဈေးကြီးတဲ့ အစားအသောက်တစ်မျိူးပါ။ ဘာလို့လည်းဆိုတော့ ဝေလငါးအသားကို အစိမ်းစားရတဲ့ ဟင်းလျာမို့ပါ။
၅. ဘဆရှီ
မြင်းအသားကို အစိမ်းစားသုံးရတာဖြစ်ပြီး သူ့ရဲ့ပန်းရောင်သန်းနေတဲ့ အသားရဲ့ အရောင်ကြောင့် ချယ်ရီသားလို့တောင် ခေါ်ဝေါ်ကြပါတယ်။
၆. ရှီရာကို
ဒီအစားအသာက်ကိုစားဖို့ တော်တော်လေး သတ္တိရှိဖို့လိုမှာပါ။ ဘာလို့လည်းဆိုတော့ ကော့ဒ်ငါးအထီးရဲ့ လိင်အင်္ဂါကို ပွန်ဇုဆော့အရည်နဲ့ ချက်ထားတာပဲဖြစ်လို့ပါပဲ။
၇. ဟဘုရှူ
ဝိုင်သောက်ရတာ ကြိုက်ကြလားဟင်? ဒီဝိုင်ကိုသောက်ဖို့ကတော့ မကြောက်တတ်မှရမှာပါ။ ဒီဝိုင်ကတော့ သူ့အထဲမှာ စိမ်ထားတဲ့ မြွေဟောက်ကြောင့် တော်တော်လေးလည်းဈေးကြီးပါတယ်။ ပုလင်းတိုင်းမှာ မြွေဟောက်တစ်ကောင်စီ ထည့်စိမ်ထားပြီးတော့ ဒီမြွေဟောက်တွေကြောင့်လည်း ဒီဝိုင်ကအရသာပိုရှိတယ်လို့ ဆိုပါတယ်။
၈. ၈ျီဘချီ ဘန်ဇိုင်း
အပြင်ကကြည့်ရင်တော့ ပုံမှန်ကွတ်ကီးလေးတစ်ချပ်ပါပဲ။ ကိုက်လိုက်ရင်တော့ အထဲမှာ သေနေတဲ့ပျားကောင်လေးတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပြီး အစားအသောက်ဆန်းဆန်းလေးတွေကို မြည်းစမ်းကြည့်ချင်ရင်တော့ ဒီအစားအသောက်လေးတွေကိုမမေ့ကြနဲ့နော်။
Writer_Pyae
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top