ချက်ပြုတ်နည်းများ

ခရမ်းချဉ်သီးသုပ်၏ လျှို့ဝှက်ချက်များ

ခရမ်းချဉ်သီးသုပ်

ကျွန်တော်တို့ နေ့စဉ် နေထိုင်မှုများတွင် အစားအစာများသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ ကျန်းမာ၊ ကြံ့ခိုင်ပြီး တက်ကြွနေစေဖို့ အတွက် လုံလောက်တဲ့အစားအစာ စားသုံးရန် လိုအပ်ပါသည်။ သို့သော် စားသုံးတဲ့ အစားအစာတိုင်းက ကျန်းမာရေးနှင့် ညီညွှတ်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုမဲ့ အစားအစာ ဖြစ်ဖို့ အထူး လိုအပ် လှပါသည်။ အထူးသဖြင့် ကလေးငယ်များနှင့် လူငယ်များအတွက် လိုအပ်သော အာဟာရပြည့်စုံမှု မရှိခဲ့လျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှောင့်နှေးတတ်ပြီး အရွယ် ရောက်ပြီးသူများအတွက်မူ နေ့စဉ် လုပ်ငန်း ဆောင်တာများကို အကောင်းဆုံးပြုလုပ်နိိုင်မည် မဟုတ်သောကြောင့် အစားအစာများကို သေချာစွာဂရုစိုက်ပြီး စားသုံးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အစားအစာများသည် သွေးတွင်းသကြားဓါတ်၊ သွေးခုန်နှုန်း၊ အင်အား၊ ဟော်မုန်း၊ ဦးနှောက် နှင့် နှလုံးကျန်းမာရေး အတွက် သက်ရောက်စေနိုင်ပြီး အစာသည်ဆေးကဲ့ သို့ အကျိုးပြုနိုင်သောကြောင့် ဖြစ်ပါသည်။

“အစာသည်ဆေး၊ ဆေးသည် အစာ “ဟူသော ဆိုရိုးအတိုင်း အစားအစာ များသည် လူတို့၏ ခန္ဓာကိုယ်အတွက် အကျိုးပြုလျက်ရှိပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များသည် ကျန်းမာစေဖို့ အတွက် ဗီတာမင်များနှင့် သံဓါတ်များကို ပေးစွမ်းနိုင်ပါသည်။ ကျန်းမာရေးနှင့် ခန္ဓာကိုယ် အတွက် အကျိုးပြုသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများတွင် ခရမ်းချဉ်သီး သည်လည်း အပါဝင် ဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် နှလုံးရောဂါ၊ သွေးချိုရောဂါနှင့် ကင်ဆာရောဂါများကို လျော့ချပေးနိုင်သည့် အစွမ်းရှိပါသည်။
ခရမ်းချဉ်သီး၏ ကြွယ်ဝသော ဗီတာမင်နှင့် အာဟာရဓါတ်များသည် အသားအရည်၊ ဆံပင်၊ နှင့် ကိုယ်အလေးချိန်လျော့ချခြင်း အတွက် အထူးကောင်းမွန်လှပါသည်။ ခရမ်းချဉ်သီးသည်လူတိုင်းစားသုံးသင့်သော အာဟာရနှင့် ဆေးဘက်ဝင် အစားအစာ ဖြစ်ပြီး ခရမ်းချဉ်သီးတွင် ပါဝင်သော ဓါတ်တမျိုးဖြစ်သည့် Antioxidant Lycopene သည် ကင်ဆာရောဂါနှင့် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးသည့်အပြင် အသားအရည်ကိို ဆိုးကျိုးပေးစေနိုင်သည့် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ မကောင်းသော ကိုယ်တွင်းအဆီများကို လျော့ချပေးနိုင်ခြင်း၊ မျက်စိအားကောင်းမွန်ခြင်း နှင့် နှလုံးကျန်းမာရေးအတွက် အကျိုးပြုစေပါသည်။ ဒါ့အပြင် ခရမ်းချဉ်သီးသည် အလှအပရေးရာတွင် အသားအရည် ချောမွတ်စေခြင်း၊ အရေးအကြောင်းများ လျော့နည်းခြင်းတို့အတွက် လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်ပါသည်။ ခရမ်းချဉ်သီး ကိုစားသုံးခြင်းဖြင့် မြောက်မြားစွာသော ကျန်းမာရေး အထောက်အကူပြု အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

အချို့သော ဟင်းသီးဟင်းရွက် နှင့် သစ်သီးများသည် ချက်ပြုတ်လိုက်သောအခါ ၄င်းတို့တွင် ပါဝင်သော ဗီတာမင်နှင့် အာဟာရဓါတ်များကို လျော့နည်း စေတတ်ပါသည်။ ခရမ်းချဉ်သီး တွင်ပါဝင်သော အာဟာရဓါတ်များနှင့် အကျိုးကျေးဇူးများကို မပျောက်ပျက်ပဲ ရရှိစေနိုင်မဲ့ နည်းလမ်းကတော့ ခရမ်းချဉ်သီးကို သုတ်စားခြင်းဖြစ်ပါသည်။ ခရမ်းချဉ်သီးကို ကမ္ဘာပေါ်တွင် နည်းလမ်းအသွယ်သွယ် အသုံးပြုပြီး ခရမ်းချဉ်သီးသုတ်ကို ပြုလုပ်ဖန်တီး ကြပါသည်။

လူကြိုက်များလှသော အနောက်တိုင်းဥရောပစတိုင် ခရမ်းချဉ်သီး သုတ်နည်းကတော့
၁။ ၄ပိုင်းပိုင်းထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံလွင်ဆီ၊ ဝို်င်နီမှ ပြုလုပ်ထားသော ဗီနီကာ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် တိို့ကို ပြင်ဆင်ထားပါ။
၂။ ထို့နောက် မိနစ်၂၀ ခန့် ခဏထားလိုက်ပါ။
၃။ ထို့နောက် ဆေးဘက်ဝင် အမွှေးကြိုင်ပင်များနှင့် သမအောင် ရောမွေပြီးပါက စားသုံးလိုက်ရပါပြီ။
မြန်မာရိုးရာ ခရမ်းချဉ်သီးသုတ်ကို မြည်းစမ်းချင်သူတွေအတွက် မြန်မာ့ရိုးရာ ခရမ်းချဉ်သီး
သုတ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆီ လက်ဖက်ရည်စားဇွန်း၁ဇွန်း၊ သံပုရာရည်၊ မြေပဲလှော်မှုန့်၊ ငရုတ်သီးစိမ်း၊ ငံပြာရည် နှင့်သကြားအနည်းငယ် တို့ကို ပြင်ဆင်ထားပါ။
၂။ ထို့နောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံ တစ် ခုတွင် ရောမွေသုပ်ပြီး စားသုံးနိုင်ပါသည်။

ကျန်းမာရေးနှင့် အထူးညီညွှတ်ပြီး အရသာရှိလှသော ခရမ်းချဉ်သီး သုတ်များကို မိမိအိမ်တွင် ကိုယ်တိုင် ကိုယ်ကျ ပြင်ဆင်စားသုံးနိုင်သလို အရသာအမျိုးမျိုးပြင်ဆင်ထားသော ခရမ်းချဉ်သီးသုပ်များကို မြည်စမ်းလိုသူများအတွက် ရန်ကုန်မြို့ရှိ အရသာ ကောင်းမွန်ထူးခြားလှတဲ့ ခရမ်းချဉ်သီးသုပ် ရရှိနိုင်မဲ့ ဆိုင်အချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဆလတ်တ်ဟောက်စ်(Salad House)ဆလတ်ဟောက်စ် (Salad house)

အရှေ့ရွှေဂုံတိုင်လမ်း၊ အောင်ချမ်းသာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့့
ဖလ်မင်န်ဂို အသုပ်ဘား( Flamingo Salad bar)ဖလ်မင်န်ဂို အသုပ်ဘား( Flamingo Salad Bar)

အမှတ်(၁၀၁)၊ ယုဇန တာဝါ၊ ရွှေဂုံတိုင် မီးပွိုင့်အနီး၊ ရန်ကုန်မြို့။

ဟဲသ်သီးမီ(Healthy Me)ဟဲသ်သီးမီ(Healthy Me)

အမှတ်(၈၆)၊ ဗိုလ်ချုပ်လမ်း၊ ရူပီစူပါမားကတ်အရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်

အမှတ်(၂)၊ မြေနီကုန်းကားပါကင်ဝန်း၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်၊ ဒဂုံမြို့နယ်၊ရန်ကုန်မြို့။

ခိုင်ခိုင်ကျော် ရိုးရာအစားအစာဆိုင်ခိုင်ခိုင်ကျော် ရိုးရာအစားအစာဆိုင်

အမှတ် ၆၇၁(အေ)၊ ၅မိုင်ခွဲ ပြည်လမ်း၊ သုခကမ္ဘာဆေးခန်းအနီး၊ ကျောက်တံတား၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top