Lifestyle
ခရစ္စမတ် ရဲ့ အစားအစာများ
အခုဆိုရင်တော့ဖြင့် ဒီဇင်ဘာလကိုရောက်ရှိလို့ လာပါပြီ။ ခရစ္စမတ်ပွဲတော်လည်း နီးလာပါပြီ။ နေရာတကာမှာ ခရစ္စမတ် သီချင်းသီဆိုသံလေးတွေကိုလည်းကြားနေရပါပြီ။ မြန်မာနိုင်ငံမှာ လူတိုင်းဟာ မတူညီတဲ့ဘာသာတိုင်းရဲ့ ပွဲတော်တွေကို ဝင်ရောက်ဆင်နွဲလေ့ ရှိကြတာလည်း ချစ်စရာ ဓလေ့တစ်ခုပါပဲ။ ခရစ္စမတ်ပွဲတော်ဆိုလည်း အိမ်တိုင်းအိမ်တိုင်းမှာ မိသားစုတွေကော ၊ သူငယ်ချင်းတွေကော စုဝေးပြီး ချက်ပြုတ်စားသောက်တာလည်း အရမ်း ပျော်ဖို့ကောင်းပါတယ် ။ ဒီဆောင်းပါးလေးမှာတော့ ပရိသတ်ကြီးတို့ကို ခရစ္စမတ်ပွဲတော် ကာလအတွင်းမှာ ဘာတွေချက်ပြုတ်စားသောက်ရင် ကောင်းမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ဘာတွေလည်းဆိုတာ ဆက်လက်ဖတ်ကြည့်လိုက် ကြရအောင်နော်။
၁.ကြက်ဆင်
အနောက်နိုင်ငံတွေမှာတော့ အရမ်းနာမည်ကြီးတဲ့ အစားအသောက်ပါ။ခရစ္စမတ်မှာ အမြတ်တနိုးတန်ဖိုးထားပြီး စားကြတာပါ။ Thanksgiving Day လို့ခေါ်တဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့မှာလည်း စားလေ့ရှိပါတယ်။ ကြက်ဆင်ကိုအစာတွေသွတ်ပြီး ကင်စားကြတာပါ။
၂.စပါကတီ (အီတလီခေါက်ဆွဲ)
ကြက်ဆင်ကင်နဲ့လည်း လိုက်ဖက်တဲ့ ခေါက်ဆွဲတစ်မျိူးပါ ။လုပ်စားရတာလည်းလွယ်ကူပါတယ်။ ပါဝင်ပစ္စည်းတွေကိုလည်း City Mart မှာတင် လွယ်ကူစွာ ဝယ်ယူလို့ရပါတယ်။
၃. အသားကင်
အသားကင်အစုံလေးတွေကလည်း ခရစ္စမတ်ညမှာ အနောက်နိုင်ငံတင်မကပါဖူး အရှေ့တိုင်းမှာပါ လုပ်စားလေ့ရှိပါတယ်။ အမဲသား ၊ ဆိတ်သားနဲ့ ဝက်နံရိုးကင်လေးတွေ ကပိုကောင်းပါတယ်။ အသားကင်လေးတွေကို ကြက်သွန်ဖြူကင်လေးတွေ ၊ ငရုတ်ပွကင်လေးတွေနဲ့ဆိုရင်ပိုစားကောင်းပါတယ်။ဝိုင်လေးနဲ့ လိုက်ဖက်တာပေါ့ ။
၄. ပီဇာ
ပီဇာကိုလည်း အနောက်နိုင်ငံတွေမှာ နေ့တိုင်း အစားအသောက်ဖြစ်ရုံတင်မကပါဖူး ။ ပွဲတော်တွေမှာလည်း တန်ဖိုးထားစားသုံးကြပါတယ် ။ ပီဇာကိုအိမ်မှာ ဖုတ်စားလို့ရတဲ့ နည်းတွေ အများကြီးရှိနေပါပြီ။
၅. ကိတ်မုန့်အစုံလေးများ
ခရစ္စမတ်ညလေးမှာ ကိတ်မုန့်ဖုတ်စားရတာလည်း ကြည်နူးမှု တစ်မျိူးပါ။ အခုနောက်ပိုင်းမှာ မုန့်ဖုတ်စက်မရှိရင်တောင်မှ ထမင်းပေါင်းအိုးနဲ့ တောင်ဖုတ်လို့ရတဲ့ နည်းတွေ ရှိနေပါပြီ ။ ကိုယ်ကြိုက်နှစ်သက်ရာ အရသာလေးနဲ့ဖုတ်စားရင်တော့ ပိုအဆင်ပြေတာပေါ့ ။
၆. ဘဲငန်းသား
အနောက်နိုင်ငံမှာ အရမ်းကိုအလေးထားပြီး ချက်စားကြပါတယ်။ ဘဲငန်းသားက ချက်ရင်လည်း စိတ်ရှည်ရပါတယ်။ မြန်မာပြည်မှာလည်း ဘဲငန်းသားရလို့ ချက်စားကြဖို့ လွယ်ကူမယ်လို့မျော်လင့််ပါတယ်။
၇. သကြားလုံး
Candy Cane လို့ခေါ်တဲ့ တုတ်ကောက် ပုံစံ သကြားလုံးလေးတွေကတော့ ခရစ္စမတ်ရဲဲ့ သင်္ကေတလို့တောင် ပြောလို့ရပါတယ်။
ခုဆိုရင် တော်တော်လေးလည်း များနေပါပြီ။ လုံလောက်ပြီလို့လည်း ထင်ပါတယ်။ အနောက်တိုင်းတင်မကပါဖူး။ အရှေ့တိုင်းနဲ့မှာလည်းလုပ်စားလို့ရတဲ့ အစားအစာလေးတွေလည်း ပါဝင်လို့ ကျေနပ်မယ်လို့လည်းမျှော်လင့်ပါတယ်။ ပရိ်သတ်ကြီးတို့ရေ ….. နောက်တစ်ပတ် ပြန်ဆုံကြရအောင်နော်။
[Unicode]
၁.ကြက်ဆင်
၃. အသားကင်
၎. ပီဇာ
၆. ဘဲငန်းသား
၇. သကြားလုံး
Candy Cane လို့ခေါ်တဲ့ တုတ်ကောက် ပုံစံ သကြားလုံးလေးတွေကတော့ ခရစ္စမတ်ရဲ့ သင်္ကေတလို့တောင် ပြောလို့ရပါတယ်။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top