အစားအစာသစ် မိတ်ဆက်ခြင်း

ကျပ်တိုက်ထားသော အသားများဖြင့် ပြုလုပ်ထားသော အစားအစာများ။

ကျပ်တိုက်ထားသော အစားအစာများ။

အသားကျပ်တိုက်ခြင်း နည်းပညာသည် ရှေးရာစုနှစ်ပေါင်းများစွာထဲမှ လူသားများပြုလုပ်ဖန်တီးခဲ့သော နည်းလမ်း တစ်ခု ဖြစ်ပါသည်။ ကျပ်တိုက်ခြင်းဆိုသည်မှာ အစားအစာများကို မီခိုးငွေ့အပူဖြင့် စားသုံး၍ရအောင် ဖန်တီး ပြုလုပ်ထားသော အစားအစာ ဖြစ်ပါသည်။ အများအားဖြင့် ကျပ်တိုက်ရာတွင် ထင်းကိုသာ အသုံးပြုလေ့ရှိပြီး အသားများခြောက်သွေ့ပြီး ကြာရှည်စွာ အထားခံနိုင်ရန်အတွက်ပြုလုပ်ဖန်တီးထား ကြခြင်း ဖြစ်သည်။

ကျပ်တိုက်ရာတွင် အဓိကအားဖြင့် အသားနှင့် ငါးများကိုသာ အသုံးပြု လေ့ရှိကြောင်းတွေ့ရှိရသည်။ ရှေးယခင် နှစ်ပေါင်းများစွာက ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများတွင် အသားနှင့် ငါးများ ကျပ်တိုက်ရန်အတွက် လယ်တောထဲတွင် ကျပ်တိုက်သည့် နေရာတစ်ခု သီးသန့်ထားရှိတတ်ကြသည်။ ကျပ်တိုက်ခြင်း သည် အသား၏ အရသာကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ဖန်တီးနိုင်သော အစားအစာ ပြင်ဆင်နည်း တစ်ခု ဖြစ်ကာ ကြာရှည်ခံပြီး၊ အသားတွင်ပါဝင်သော အဆီဓါတ်ကို ခမ်းခြောက်အောင် ပြုလုပ်နိုင်ခြင်း၊ ကောင်းမွန်သော အရသာ ကို ရရှိနိုင်ခြင်း၊ အရောင်အသွေးလှပခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေနိုင်သော အစားအစာ ပြင်ဆင်နည်း ဖြစ်ပါသည်။

ကျပ်တိုက်ထားသော အစားအစာများ၏ အရသာနှင့် အရည်အသွေးသည် အသုံးပြုထားရှိမည့် အပူချိန်ပေါ်တွင်လည်း မူတည်လှပါသည်။ ကမ္ဘာပေါ်တွင် အဓိကအားဖြင့် ကျပ်တိုက်နည်း (၂) မျိုးကို အသုံးပြုကာ ကျပ်တိုက်ကြကြောင်းတွေ့ရှိနိုင်ပါသည်။
၎င်းတို့မှာ ၉၀ ဒီဂရီ ဖာရင်ဟိုက်အောက် ရှိသော အပူချိန်တွင် ကျပ်တိုက်သော နည်းလမ်း နှင့် ၁၂၀ ဒီဂရီဖာရီ အထက် အပူချိန် ဖြင့် ကျပ်တိုက် ခြင်းတို့ ဖြစ်ပါသည်။ ၉၀ ဒီဂရီ ဖာရင်ဟိုက်အောက် ရှိသော အပူချိန်တွင် ကျပ်တိုက်သော နည်းလမ်း ကို အသုံးပြုပြီး ကျပ်တိုက်ထားသော အသားတွင် စိုစွတ်မှု ကျန်ရှိနေတတ်ကာ မစားသုံးမီ ပြန်လည် ချက်ပြုတ် ပြင်ဆင်ပြီးမှသာ စားသုံးသင့်သည်။  ထင်း (သို့မဟုတ်) ဂတ်စ်မှ ရရှိသော မြင့်မားသည့် ၁၂၀ ဒီဂရီဖာရီ အထက် အပူချိန် ဖြင့် ကျပ်တိုက် ခြင်း သော အစားအစာများသည် မြင့်မားသော အပူချိန်ကြောင့် အသား၏ စိုစွတ်မှုနှင့် အဆီဓါတ်များကို ခြောက်သွေ့စေကာ ချက်ပြုတ်ထားသကဲ့သို့ အနေအထား ရှိပြီး မချက်မပြုတ်ဘဲ အရသာရှိစွာ ဖြင့် စားသုံးနိုင်ကြသည်။  ကမ္ဘာပေါ်ရှိကျော်ကြားလှသော ကျပ်တိုက်အစားအစာများမှာ ဝက်သားဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ Tenderloins ဝက်အူချောင်း၊ pastrami နှင့်Montreal စတိုင် အသားကျပ်တိုက်တို့ဖြစ်ပါသည်။

ဝက်သားဆားနယ်ခြောက်ကို အဓိကပြုလုပ်ရာတွင် ဝက်သားဖြင့် ပြုလုပ် ဖန်တီးလေ့ရှိကြသည်။ ၎င်းကိုပြုလုပ်ရာတွင် ဝက်သားကို ဆားဖြင့်နယ်ကာ ရက်ပေါင်း၊ လပေါင်းများစွာ ကျပ်တိုက်ပြီး ပြုလုပ် ထားခြင်း ဖြစ်သည်။ ဝက်သားဆားနယ်ခြောက်များကို  အဓိကဟင်းလျာ အဖြစ်လည်းကောင်း၊ အခြားသော အစားအစာများတွင် အရသာပိုမိုကောင်းမွန်အောင်ထည့်သွင်းသော အရာ အဖြစ်လည်ကောင်း ကြော်ခြင်း၊ ကင်ခြင်း နှင့် ပြုတ်ခြင်း စသော နည်းလမ်း အသွယ်သွယ် ဖြင့် ပြုလုပ်စားသောက်နိုင်ပါသည်။ ဥရောပနိုင်ငံများတွင် ဝက်သားဆားနယ်ခြောက်များကို မနက်စာအဖြစ်လည်းကောင်း၊ ပီဇာ၊ အသုပ်များ၊ အသားညှပ်ပေါင်မုန့်များ၊ အာလူးကြော် နှင့် ဟင်းရည်များတွင် ထည့်သွင်း စားသုံးလေ့ရှိသည်။

ဝက်ပေါင်ခြောက်များကို ရိုးရာနည်းအတိုင်း ပြုလုပ်ရာတွင် ဝက်၏ ပေါင်သားဖြင့်သာ ပြုလုပ်လေ့ရှိသည်။ ဝက်ပေါင်သားကို ဆား၊ သကြားနှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် နယ်ကာ မီးခိုးအပူငွေ့ဖြင့် ကျပ်တိုက်ရုံများတွင် ကျပ်တိုက်ကြသည်။  ဝက်ပေါင်သားထဲသို့ အရသာများ ပိုမို ဝင်ရောက်စေရန်နှင့် အသားထဲတွင် ရှိသော ရေဓါတ်များကို ဖယ်ရှားရန်အတွက် ဝက်၏ ပေါင်သားကို အပ်ဖြင့် ထိုးကာ စီမံထားကြလေ့ရှိသည်။ ယနေ့ခေတ်အခါတွင် ဝက်ပေါင်ခြောက်များကို ဝက်သားဖြင့်သာမက ကြက်ဆင်များ၊ အခြားသော အသားများဖြင့် လည်း ပြုလုပ်လာကြသည်။

စူပါမားကတ်ကြီးများတွင် တွေ့မြင်နေရသော စလင်ဒါပုံစံ ဝက်အူချောင်းများသည် ကျော်ကြားလှသော အစားအစာ တစ်ခုဖြစ်ပြီး အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ ၎င်းတို့သည်လည်း ကျပ်တိုက်ထားသော အစားအစာ အမျိုးအစားတွင် ပါဝင်သော အစားအစာများဖြစ်ပြီး ရိုးရာ နည်းလမ်းအရ  ဆား နှင့် ဟင်းခတ်အမွှေးအကြိုင်များကို အသားနှင့်အတူ ရောနယ်ကာ အူထဲတွင် အစာသွပ်ကာ ပြုလုပ်ထားသော အစားအစာ ဖြစ်ပါသည်။ ဝက်အူချောင်းများကို ကြော်ခြင်း၊ ပြုတ်ခြင်း ၊ ကင်ခြင်း စသော ချက်ပြုတ်နည်းပေါင်းစုံ ဖြင့် စားသုံးနိုင်ပါသည်။

Pastrami သည် အမဲသား၊ ဝက်သား၊ ဆိတ်သား နှင့် ကြက်ဆင်သားတို့ကို ဟင်းခတ်အမွှေးအကြိုင်များ ဖြင့် အရသာသွင်းကာ ကျပ်တိုက်ပြီး ပြုလုပ်ရသော အစားအစာ ဖြစ်ပါသည်။ ၎င်းကိုပီဇာများတွင် ထည့်သွင်း စားသုံးသော အစားအစာအဖြစ် လည်းကောင်း၊ ဘာဂါများနှင့် အနောက်တိုင်းဟင်းလျာများ၊ ပြင်သစ်အာလူးချောင်းကြော်နှင့်တွဲဖက် စားသုံးသော အစားအစာအဖြစ်လည်းကောင်း၊ ချိစ်များ၊ အသားညှပ်ပေါင်မုန့်များ နှင့် စပါကတီခေါက်ဆွဲများတွင် ထည့်သွင်း စားသုံးကြလေသည်။

ယနေ့ခေတ်အခါတွင် ကျပ်တိုက်ထားသော အစားအစာများသည် နိုင်ငံအတော်များများတွင် ပျံ့နှံ့ကာ နှစ်ခြိုက်စွာ စားသုံးလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း ငါးကျပ်တိုက် ကဲ့သို့သော ကျပ်တိုက်အစားအစာများကို တွေ့မြင်နိုင်ပြီး ရိုးရာ အစားအစာအချို့တွင် ထည့်သွင်းချက်ပြုတ်လေ့ ရှိပါသည်။ ကျပ်တိုက်ထားသော အစားအစာများသည် ကမ္ဘာအနှံ့တွင် တစ်စထက်တစ်စ ကျော်ကြားလျက်ရှိပြီး လူတိုင်း၏ နှစ်ခြိုက်စွာ စားသုံးသော အစားအစာ အဖြစ် ရပ်တည်လျက် ရှိသည်။

 

Porter HousePorter House

အမှတ်(၈၀)၊ ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား၊ ရန်ကုန်မြို့။

Sharkey'sSharkey’s

အမှတ် (၁၁၇)၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့။

ROOTROOT

ဗိုလ်မြတ်ထွန်းလမ်း၊ အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

Plus Six Five GrillPlus Six Five Charcoal Grill

အမှတ် (၃၈)၊ နှင်းဆီလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

Union Bar and GrillUnion Bar and Grill
အမှတ် (၄၂)၊ ဗိုလ်တစ်ထောင်လမ်း၊ ရန်ကုန်မြို့။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top