အင်္ဂ လိပ်

လှပတဲ့မနက်ခင်းလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကော်ဖီကောင်းကောင်းတစ်ခွက်ကို ဘယ်နေရာတွေမှာ ရရှိနိုင်ပါသလဲ။

Coffee

ရုံးဖွင့်ရက်များနှင့် ပိတ်ရက်များရဲ့  နိုးထလာသည့် မနက်ခင်း အချိန်တိုင်းတွင် ကော်ဖီ တစ်ခွက်သည် လှပလှတဲ့မနက်ခင်းကို ပြီးပြည့်စုံစေသော အရာတစ်ခုဖြစ်ပါသည်။ ကော်ဖီကြိုက်နှစ်သက်သူ တစ်ယောက်သည် မွှေးပျံ့ပြီး သောက်ချင်စဖွယ်ကောင်းလှသော ကော်ဖီတစ်ခွက်ကို အိမ်မှာဖြစ်စေ၊ အကြိုက်နှစ်သက်ဆုံးကော်ဖီဆိုင်တွင် ဖြစ်စေ မသောက်သုံးရသေးပဲ နေ့တစ်နေ့ကို စတင်မည် မဟုတ်ပါ။ ကော်ဖီသည် လူတို့၏ နေ့စဉ်ဘဝတွင် အခြေခံကျလှသော မရှိမဖြစ် အရာတစ်ခုအဖြစ် တည်ရှိ လာပါသည်။ ကော်ဖီကို ကမ္ဘာတစ်ဝန်းလုံးမှ နှစ်ခြိုက်စွာ သောက်သုံးလျက်ရှိပြီး အချို့သောနိုင်ငံများတွင် မရှိမဖြစ်သောက်သုံးဖွယ်ရာအဖြစ် သတ်မှတ်ကြပြီး အထူးခေတ်စားလာကာ ယဉ်ကျေးမှုသဖွယ် ဖြစ်ပေါ်လာပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းမှ ကော်ဖီကို ဆေးဝါးအဖြစ် အသုံးပြုကြပြီး နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး၏ အထူးကြိုက်နှစ်သက်စွာ သောက်သုံးလာခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်ကာ လူသားတို့၏ နှစ်သက်ရာ အလိုအပ်ဆုံး နှင့်အကြိုက်နှစ်သက်ဆုံး သောက်စရာ တစ်မျိုးအဖြစ် လက်ခံထားကြသည်။ လူတိုင်း နှစ်သက်စွာ သောက်သုံးလျက်ရှိသော ကော်ဖီကို ၉ရာစုနှစ်တွင် သိုးကျောင်းသားလေး တစ်ဦးသည် ၄င်းထိန်းကျောင်းသော သိုးအုပ်မှ သိုးများသည် ကော်ဖီစေ့ကို စားသုံးပြီး မြူးတူးနေသည်ကို သတိထားမိရာမှ ကော်ဖီစေ့ကို ရှာဖွေတွေ့ရှိ သွားခြင်းဖြစ်ပြီး ကော်ဖီမျိုးရင်းအပင်ကို အီသီယိုးပီးယားနိုင်ငံရှိ  ဟာရာဒေသတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

အရသာကောင်းမွန်လှသည့် စွဲမက်ဖွယ်ကော်ဖီတစ်ခွက်သည် ဖျော်စပ်သည့်ရေ၏ ပမာဏ၊ ကော်ဖီစေ့၏ အရည်အသွေး၊ ဖျော်စပ်ရာတွင် ပါဝင်သော ပစ္စည်းများပေါ်တွင် များစွာ မူတည်လျက်ရှိပါသည်။ ကော်ဖီတစ်ခွက်၏ အဓိက အနံ့အရသာကို ထိန်းချုပ်ထားသောအရာမှာ ကော်ဖီစေ့ဖြစ်ပြီး အာရေးဘီးကကော်ဖီစေ့နှင့် ရိုဘူစတာကော်ဖီစေ့ဟူပြီး နှစ်မျိုးနှစ်စား ရှိပါသည်။ အာရေးဘီးက ကော်ဖီသည် ကမ္ဘာပေါ်တွင် ရ၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်ပြီး ချိုစိမ့်သောအရသာနှင့် အက်ဆစ်ဓါတ်မြင့်မားစွာပါဝင်သောကြောင့် ကမ္ဘာ့ ကော်ဖီထုတ်လုပ်မှုအများစုတွင် အသုံးပြုလျက်ရှိသည်။ ရိုဘူစတာကော်ဖီစေ့သည် အာရေးဘီးက ကော်ဖီထက်အရသာ ပြင်းကာ ကဖင်းဓါတ် ပါဝင်မှုသည်လည်း အာရေးဘီးကား ကော်ဖီထက် နှစ်ဆ ပိုမို ပါဝင်ပါသည်။

ကော်ဖီဆိုင်အများစုတွင် ရရှိနိုင်သော လူကြိုက်အများဆုံး ကော်ဖီ ၇မျိုးရှိပါသည်။ ကော်ဖီအမျိုးအစားတိုင်းသည် အရသာ၊ ပါဝင်ပစ္စည်းများနှင့် ဖျော်စပ်ပုံများကွာခြားလှပြီး ကော်ဖီအမျိုးအစား တစ်ခုစီတိုင်းတွင် ထူးခြားသောအရသာကိုယ်စီ ရှိတတ်ကြပါသည်။

  •      Black ကော်ဖီသည် နို့ပါဝင် ဖျော်စပ်ထားခြင်း မရှိသော ကော်ဖီ အမျိုးအစား ဖြစ်ပါသည်။
  •    Espresso  ကော်ဖီအမျိုးအစားသည် ကော်ဖီကိုခပ်ပြင်းပြင်း အရသာရရှိအောင်  နှပ်ပြီး ဖျော်စပ်ထားသော ကော်ဖီအမျိုးအစား  ဖြစ်ပါသည်။
  •      Cappuccino သည် Espresso  ကော်ဖီဖျော်နည်းအတိုင်းကိုမှ နွားနို့ကို အမြှပ်ထအောင် ပြုလုပ်ကာ ကော်ဖီအရည်ပေါ်သို့ လောင်းကာ ဖျော်စပ်ထားခြင်း ဖြစ်ပါသည်။ တစ်ခါတရံ ကိုကိုးမှုန့်ကို ဖြူးကာ ဖျော်စပ်တတ်ကြသည်။
  •      Latte ကော်ဖီသည် Cappuccino နှင့် အနည်းငယ်ဆင်တူပြီး နို့နှင့်ဖျော်စပ်ကာ နွားနို့အမြှပ် ခပ်ပါးပါး နှင့်ဖျော်စပ်ထားသော ကော်ဖီအမျိုးအစား ဖြစ်ပါသည်။
  •      Americano သည် Espresso ကော်ဖီကို ရေနွေး ပိုမို ထည့်ကာဖျော်စပ်ထားသော ကော်ဖီဖြစ်သည်။
  •      ကော်ဖီကို ဝီစကီဖြင့် ဖျော်စပ်ထားကာ ခရင်မ်ကိုအပေါ်တွင် ထည့်ပြီး ဖျော်စပ်ထားသော ကော်ဖီသည် Irish ကော်ဖီဖြစ်ပါသည်။
  •      Mocha ကော်ဖီသည် latteကော်ဖီဖျော်စပ်သည့်နည်းအတိုင်းကိုမှ ချောကလက် အရသာသွင်းကာ ခရင်မ်များများ ထည့်သွင်းဖျော်စပ်ထားသော ကော်ဖီဖြစ်သည်။

သုတေသနအဆို ပြုချက်များအရ ကော်ဖီသည် လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို ကူညီကာကွယ်ပေးနိုင်သည့်အပြင် စိတ်ဖောက်ပြန်မှုဖြစ်ပွားခြင်းမှ လျော့နည်းစေကာ အခြားသော ကောင်းကျိုးများ ဖြစ်သည့် အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်းနှင့် ခွန်အားကို တိုးပွားစေပါသည်။

နေ့တစ်နေ့ကို စတင်နိုင်ရန်အတွက် မည်သည့်အရာကမှ ရနံ့မွေးကြိုင်လှပြီး လန်းဆန်းစေသော ကော်ဖီတစ်ခွက် ထက် ပိုမိုကောင်းမွန်အောင် ဖန်တီးပေးနိုင်မည် မဟုတ်ပါသောကြောင့် သင့်ရဲ့သာယာလှပလှတဲ့ မနက်ခင်းတိုင်းကို အောက်ဖော်ပြပါ ကော်ဖီဆိုင်များတွင် သင်အကြိုက်နှစ်သက်ဆုံး ကော်ဖီတစ်ခွက်ဖြင့် စတင်လိုက်ပါ။

အီးဇီး ကဖေး (Easy Cafe)အီးဇီး ကဖေး (Easy Cafe)

အမှတ်(၂၂၄၊ ဒီ) ၊ နာနတ်တောလမ်း၊ ရန်ကုန်မြို့။

ရန်ကုန် မုန့်တိုက် (Yangon Bakehouse)ရန်ကုန် မုန့်တိုက် (Yangon Bakehouse)

ပုလဲကွန်ဒို၊ ဘလောက်စီ၊ မြေညီထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန့်မြို့။

ဂရက်(ဖ်)(တ်) ကဖေး (Craft Cafe)ဂရက်(ဖ်)(တ်) ကဖေး (Craft Cafe)

အမှတ်(၂၃)၊ နဝဒေးလမ်း နှင့် ဗိုလ်ရာညွှန့်လမ်း၊ ယောမင်းကြီး ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဒဗလူတီစီ (WTC)ဒဗလူတီစီ (WTC)

အမှတ်၊ အီး/ ဂျီ(၀၃)၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဘားဘွန်း (BAR BOON)ဘားဘွန်း (BAR BOON)

အမှတ်(၃၈၀)၊ ဗိုလ်ချုပ်အောင်ိဆန်းလမ်း၊ အက်ဖ်အမ်အိုင် စင်တာ၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top