Lifestyle

ကေလးငယ္ႏွင့္ မိုးရာသီဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ

မိုးကာလကိုရောက်လာပြီမို့ နွေရာသီပိတ်ထားတဲ့ကျောင်းတွေလည်း ပြန်ဖွင့်လာကြပါပြီ။ မိုးရာသီမှာ ကလေးတွေအတွက် အဓိကသတိထားပေးရမဲ့အရာကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ။

ကလေးတွေဟာ ကျောင်းသွားရင်း၊ ကျူရှင်သွားရင်း အပြင်စာတွေ စားမိတတ်ကြပါတယ်။ မသန့်ရှင်းတဲ့အပြင်စာတွေ၊ မသန့်ရှင်းတဲ့လက်တွေနဲ့စားသုံးမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေပါတော့တယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာဘာလဲ

ဝမ်းပျက်ဝမ်းလျှောရောဂါက ကလေးသူငယ်တွေမှာအဖြစ်လွယ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေဟာ တစ်ခါဝမ်းလျှောရင် တစ်ပတ်ဒါမှမဟုတ် ၁၄ရက်လောက် ခံကြရပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ကလေးတွေဟာ အဖျားတက်တာ၊ အားနည်းတာ၊ အစားမစားနိုင်တာ၊ ဗိုက်နာတာ၊ သွေးဝမ်းသွားတာ၊ ဝမ်းကို အရည်တွေချည်း ဆက်တိုက်အကြိမ်ရေများများသွားတာ စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောတာကြောင့် ကလေးတွေမှာ ရေဓါတ်တဖြည်းဖြည်းလျော့လာပြီး ဆားဓါတ်ပါဆုံးရှုံးလာနိုင် တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်အတွက် အန္တရာယ်များပါတယ်။ ရေဓါတ်နဲ့ကို မြန်မြန်ပြန်မဖြည့်နိုင်ရင်၊ ဝမ်းပျက်တာကို မြန်မြန်သက်သာအောင်မလုပ်နိုင်ရင် သေတဲ့အထိဖြစ်တတ်တာမို့ ဆေးရုံအလျင်အမြန်သွားသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဘယ်လိုပြန့်နိုင်လဲ

ဝမ်းပျက်တဲ့ရောဂါဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးနိုင်ပါတယ်။ အထူးသဖြင့် အိမ်သာကိုသေချာအသုံးပြုဖို့ သင်မထားတဲ့ ကလေးလေးတွေဟာ ပိုမိုကူးစက်လွယ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပုံနည်းအမျိုးမျိုး ကွာပေမဲ့ အများဆုံးဖြစ်ရတာကတော့ ကူးစက်ရောဂါပိုးဝင်တာကြောင့်ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကို ဘယ်လိုကြိုကာကွယ်ကြမလဲ

အစာစားပြီးလက်ပုံမှန်ဆေးတာ၊ စိတ်ချရတဲ့ အစားအစာတွေကို စားတာ၊ အပြင်စာတွေကို အရမ်းလိုက်မစားတာမျိုးက ဝမ်းပျက်ဝမ်းလျှောရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် ဘယ်လိုလုပ်ဆောင်ရမလဲ

ဝမ်းပျက်နေတဲ့ကလေးကို လိုအပ်တဲ့ အရည်ပမာဏပြည့်ပြည့်ဝဝဝင်အောင်တိုက်ရပါမယ်။ ဓါတ်ဆားရည်၊ ဒါမှမဟုတ် ရေက ကလေးရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ပြန်ပြီးသက်သာစေမှာပါ။

ကလေးကို ပုံမှန် အစာစားသလိုပဲ အစာကျွေးရပါမယ်။ ဝမ်းပျက်နေလို့ အစာမကျွေးတာက အားပိုလျော့စေပါတယ်။
အစားစားနေရင်း ဝမ်းသွားတာ၊ အန်တာမျိုးဖြစ်နေရင်တောင်မှ အစာကျွေးတာကိုနားလို့မဖြစ်ပါဘူး။ ပုံမှန် ကျွေးနေတဲ့အစာတွေကိုပဲကျွေးနိုင်ပြီး ထူးထူးခြားခြားပြောင်းလဲကျွေးစရာမလိုပါ။
ကလေးက အစာမစားနိုင်ဘူးဆိုရင်တော့ အစားအစာနဲ့ ညီမျှတဲ့ အချိုရည်၊ ဓါတ်ဆားရည်ကို မဖြစ်မနေတိုက်ရပါမယ်။
အရည်ပါမသောက်နိုင်တော့ဘူးဆိုရင်တော့ ဆေးရုံဆေးခန်းအကူအညီနဲ့ ဆေးသွင်းပြီး ရေဓါတ်ပြည့်အောင် လုပ်ပေးဖို့တော့လိုအပ်နေပါပြီ။

မိုးကာလကိုေရာက္လာၿပီမို႔ ေႏြရာသီပိတ္ထားတဲ့ေက်ာင္းေတြလည္း ျပန္ဖြင့္လာၾကပါၿပီ။ မိုးရာသီမွာ ကေလးေတြအတြက္ အဓိကသတိထားေပးရမဲ့အရာကေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါပါ။

ကေလးေတြဟာ ေက်ာင္းသြားရင္း၊ က်ဴရွင္သြားရင္း အျပင္စာေတြ စားမိတတ္ၾကပါတယ္။ မသန္႔ရွင္းတဲ့အျပင္စာေတြ၊ မသန္႔ရွင္းတဲ့လက္ေတြနဲ႕စားသံုးမိတဲ့အခါ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ပြားေစပါေတာ့တယ္။

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါဆိုတာဘာလဲ

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါက ကေလးသူငယ္ေတြမွာအျဖစ္လြယ္ပါတယ္။ ကိုယ္ခံအားနည္းတဲ့ ကေလးေတြဟာ တစ္ခါဝမ္းေလွ်ာရင္ တစ္ပတ္ဒါမွမဟုတ္ ၁၄ရက္ေလာက္ ခံၾကရပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တဲ့ကေလးေတြဟာ အဖ်ားတက္တာ၊ အားနည္းတာ၊ အစားမစားႏုိင္တာ၊ ဗိုက္နာတာ၊ ေသြးဝမ္းသြားတာ၊ ဝမ္းကို အရည္ေတြခ်ည္း ဆက္တုိက္အႀကိမ္ေရမ်ားမ်ားသြားတာ စတဲ့လကၡဏာေတြျဖစ္ႏုိင္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာတာေၾကာင့္ ကေလးေတြမွာ ေရဓါတ္တျဖည္းျဖည္းေလ်ာ့လာၿပီး ဆားဓါတ္ပါဆံုးရံႈးလာႏုိင္ တာေၾကာင့္ ကေလးရဲ႕ ခႏၶာကိုယ္အတြက္ အႏၲရာယ္မ်ားပါတယ္။ ေရဓါတ္နဲ႕ကို ျမန္ျမန္ျပန္မျဖည့္ႏုိင္ရင္၊ ဝမ္းပ်က္တာကို ျမန္ျမန္သက္သာေအာင္မလုပ္ႏုိင္ရင္ ေသတဲ့အထိျဖစ္တတ္တာမို႔ ေဆးရံုအလ်င္အျမန္သြားသင့္ပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ဘယ္လိုျပန္႔ႏုိင္လဲ

ဝမ္းပ်က္တဲ့ေရာဂါဟာ လူတစ္ဦးကေန တစ္ဦးကို ကူးႏုိင္ပါတယ္။ အထူးသျဖင့္ အိမ္သာကိုေသခ်ာအသံုးျပဳဖို႔ သင္မထားတဲ့ ကေလးေလးေတြဟာ ပိုမိုကူးစက္လြယ္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ပြားပံုနည္းအမ်ိဳးမ်ိဳး ကြာေပမဲ့ အမ်ားဆံုးျဖစ္ရတာကေတာ့ ကူးစက္ေရာဂါပိုးဝင္တာေၾကာင့္ျဖစ္ပါတယ္

ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို ဘယ္လိုႀကိဳကာကြယ္ၾကမလဲ

အစာစားၿပီးလက္ပံုမွန္ေဆးတာ၊ စိတ္ခ်ရတဲ့ အစားအစာေတြကို စားတာ၊ အျပင္စာေတြကို အရမ္းလိုက္မစားတာမ်ိဳးက ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို အထိေရာက္ဆံုး ကာကြယ္ေပးႏုိင္တဲ့ နည္းလမ္းေတြ ျဖစ္ပါတယ္။

ကေလးေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါျဖစ္ရင္ ဘယ္လိုလုပ္ေဆာင္ရမလဲ

ဝမ္းပ်က္ေနတဲ့ကေလးကို လိုအပ္တဲ့ အရည္ပမာဏျပည့္ျပည့္ဝဝဝင္ေအာင္တုိက္ရပါမယ္။ ဓါတ္ဆားရည္၊ ဒါမွမဟုတ္ ေရက ကေလးရဲ႕ ေရဓါတ္ဆံုးရံႈးမႈကို ျပန္ၿပီးသက္သာေစမွာပါ။

ကေလးကို ပံုမွန္ အစာစားသလိုပဲ အစာေကၽြးရပါမယ္။ ဝမ္းပ်က္ေနလို႔ အစာမေကၽြးတာက အားပိုေလ်ာ့ေစပါတယ္။
အစားစားေနရင္း ဝမ္းသြားတာ၊ အန္တာမ်ိဳးျဖစ္ေနရင္ေတာင္မွ အစာေကၽြးတာကိုနားလို႔မျဖစ္ပါဘူး။ ပံုမွန္ ေကၽြးေနတဲ့အစာေတြကိုပဲေကၽြးႏုိင္ၿပီး ထူးထူးျခားျခားေျပာင္းလဲေကၽြးစရာမလိုပါ။
ကေလးက အစာမစားႏုိင္ဘူးဆိုရင္ေတာ့ အစားအစာနဲ႕ ညီမွ်တဲ႕ အခ်ိဳရည္၊ ဓါတ္ဆားရည္ကို မျဖစ္မေနတုိက္ရပါမယ္။
အရည္ပါမေသာက္ႏုိင္ေတာ့ဘူးဆိုရင္ေတာ့ ေဆးရံုေဆးခန္းအကူအညီနဲ႕ ေဆးသြင္းၿပီး ေရဓါတ္ျပည့္ေအာင္ လုပ္ေပးဖို႔ေတာ့လိုအပ္ေနပါၿပီ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top