Coca Cola
အစားအစာသစ် မိတ်ဆက်ခြင်း

ကိုလာကို ဘယ်လိုထုတ် ~ ဟောဒီလိုထုတ်

ကိုလာ (သို ့) ကုတ် ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ ့ ကို ရောထားသော အအေးတစ်မျိုးဖြစ်ပါတယ်။ မူလထုတ်တုန်းက ဆေးအနေနဲ ့ သုံးဖို ့ဖြစ်ပါတယ်။

၁၉ ရာစုုနှောင်းပိုင်းလောက်မှာ အမေရိကန် လူမျိုး ဆရာဝန် တစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။ Coca-Cola ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့  Asa Griggs Candler က ပြန်လည်ဝယ်ယူခဲ့ပါတယ်။ Coca Cola ဆိုတဲ့အမည်ကို ကိုကာကိုလာထဲမှာ အဓိကပါဝင်ပစ္စည်း ၂ မျိုးဖြစ်တဲ့ ကဖင်းဓာတ်များစွာပါဝင်သော ကိုလာ အခွံမာသီး (Kola nuts) နဲ ့ ကိုကာအရွက် (Coca leaves) တို ့ကနေ ရခဲ့တာပါ။

Coca Cola

ကိုကာကိုလာ ပြုလုပ်နည်းပေါင်းစုံနဲ ့ ပုံစံတူပြုလုပ်ပုံတွေရှိနေပေမယ့် လက်ရှိ ကိုကာကိုလာရဲ ့ တကယ့် ပြုလုပ်နည်းအစစ်ကတော့ စျေးကွက် လျို ့ဝှက်ချက် အနေနဲ ့ ထိန်းသိမ်းထားပါတယ်။ ကိုကာကိုလာ (သို ့) ကုတ် ဆိုတာ ကိုကာကိုလာ ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ ့ ကို ရောထားသော အအေးတစ်မျိုးဖြစ်ပါတယ်။

မူလထုတ်တုန်းက ဆေးအနေနဲ ့ သုံးဖို ့ဖြစ်ပါတယ်။ ၁၉ ရာစုုနှောင်းပိုင်းလောက်မှာ အမေရိကန် လူမျိုး ဆရာဝန် တစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။ Coca-Cola ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့  Asa Griggs Candler က ပြန်လည်ဝယ်ယူခဲ့ပါတယ်။ Coca Cola ဆိုတဲ့အမည်ကို ကိုကာကိုလာထဲမှာ အဓိကပါဝင်ပစ္စည်း ၂ မျိုးဖြစ်တဲ့ ကဖင်းဓာတ်များစွာပါဝင်သော ကိုလာ အခွံမာသီး (Kola nuts) နဲ ့ ကိုကာအရွက် (Coca leaves) တို ့ကနေ ရခဲ့တာပါ။ ကိုကာကိုလာ ပြုလုပ်နည်းပေါင်းစုံနဲ ့ ပုံစံတူပြုလုပ်ပုံတွေရှိနေပေမယ့် လက်ရှိ ကိုကာကိုလာရဲ ့ တကယ့် ပြုလုပ်နည်းအစစ်ကတော့ စျေးကွက် လျို ့ဝှက်ချက် အနေနဲ ့ ထိန်းသိမ်းထားပါတယ်။

Coca Cola
ပါဝင်ပစ္စည်းများဆိုဒါသကြားကဖင်းဖော့စ်ဖရစ် အက်စစ်အစားအစာ အရောင်ဆိုးဆေးသဘာဝအနံ ့ဆိုးဆေး
ပုံမှန် ကိုကာကိုလာ တစ်ပုလင်းမှာ သကြား ၃၈ ဂရမ်၊ ဆိုဒီယမ် ၅၀ မီလီဂရမ် နဲ ့ ကယ်လိုရီ ၁၄၀ ပါဝင်ပါတယ်။ အဆီနဲ ့ ပိုတက်ဆီယမ် လုံးဝ မပါဝင်ပါဘူး။ ပထမဆုံး အနေနဲ ့ ကုတ်တွေကို သန် ့စင်ပေးတဲ့ စက်ဆီကိုပို ့ပါတယ်။ ကုတ်ထည့်မယ့် ပုလင်းတွေကို ရေနွေးငွေနဲ ့ ပေါင်းခံ သန် ့စင်ပြီး ပိုးသတ်ပါတယ်။ ညှပ်တွေနဲ ့ ပုလင်းတွေကို ညှပ်ယူပြီး နေရာတစ်နေရာမှ နောက်တစ်နေရာကို သယ်ဆောင်ပါတယ်။ ပြီးလျှင် ပုလင်းထဲကို ကုတ်တွေ စထည့်ပါတော့မယ်။

Coca Cola

ဆိုဒါကို ပုလင်းထဲတစ်ခါတည်းမထည့်ပါဘူး။ ကုတ်ကို ပထမဆုံး စထုတ်တုန်းကထက် ယခုအခါမှာ ပါဝင်ပစ္စည်းတွေရောနှောထည့်ရတာ ပိုပြီး အဆင့်များလာပါတယ်။ အနံ ့ဆိုးဆေးပုံးတွေ သကြားအိတ်တွေ ပြည့်နေတဲ့ အခန်းထဲမှာ ကုတ်ကို အဆင့်လေးဆင့် ဖြတ်သန်းစေပြီးမှ ပုလင်းထဲထည့်ပါတယ်။ ပထမဆုံး စက်ဖြင့် ရေသန် ့ကို ပုလင်းထဲထည့်ပါတယ်။

Coca Cola

ပြီးလျှင် သန် ့စင်ပြီးသား သကြားကို ရောပါတယ်။ ရလာတဲ့ သကြားရည်က လျှို ့ဝှက် ဖော်မြူလာနဲ ့ အရောင်ဆိုး၊ အနံ ့ဆိုးတာတွေ ပြုလုပ်ပါတယ်။ ရလာတဲ့ အရောအနှောကို သမအောင် စက်နဲ ့ လှုပ်ပြီး ဖျော်ပါတယ်။ အကုန်လုံးပြီးရင်တော့ အမြုပ်လေးတွေရအောင် ကာဗွန်ဒိုင်အောက်ဆိုဒ် gas ကို ထည့်လိုက်ပါတယ်။

Coca Cola

ပုလင်းသွတ်ခြင်း အစအဆုံးမှာ စက်တွေကိုသာ အသုံးပြုထားပြီး လူသားတစ်ဦးမှ ပါဝင်ခြင်းမရှိပါဘူး။ ပုလင်းသွတ်ခြင်း ပြီးဆုံးမှသာ ကျွမ်းကျင်သူတစ်ယောက်က ကုတ်ရဲ ့အရည်အသွေးကို စစ်ဆေးပါတယ်။ အတ္တလန်တာ မှာရှိတဲ့ ကိုကာကိုလာ ပြတိုက်မှာ ပုလင်းသွတ်ပုံကို သေချာအခန်းတစ်ခန်းနဲ ့ ပြသထားပါတယ်။

ဒီလိုမျိုးနည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ Cola တွေက အခုထိတိုင် လူကြိုက်အများဆုံး သောက်စရာတစ်ခုအဖြစ် ရပ်တည်နေလျက် ရှိပါတယ်။ Doemal Foodie တွေရော ကိုလာ ကြိုက်ကြရဲ့လား

Photo Credit

ကိုလာကို ဘယ်လိုထုတ် ~ ဟောဒီလိုထုတ်
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top