သုံးသပ်ချက်များ

ဘယ်ဆိုင်တွေမှာ ကလေးတွေနဲ့အတူ ညစာ စားကြမလဲ။

ကလေးများနှင့်ညစာ
မိသားစုများနှင့် အစားအစာများကို အတူလက် ဆုံစားသုံးခြင်း ဖြင့် နွေးထွေးမှု၊ လုံခြုံမှု၊ ချစ်ခင်၊ ကြင်နာမှုများကို တိုးပွားစေပြီး မိသားစု လက်ဆုံအတူတကွ စားသုံးသော အချိန်များသည် ဘဝ၏ အကောင်းဆုံးသော အချိန်အခိုက်အတန့်များ ဖြစ်ပါသည်။ ကလေးများနှင့် အတူ အပြင်တွင် ညစာအတူ ထွက်စားခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြံုများ ဖြစ်ပါသည်။ ကလေးများနှင့် အတူ ညစာအတူထွက်စားခြင်းသည် ကောင်းကျိုးများစွာ ကို ရရှိစေနိုင်ပါသည်။ အပြင်တွင် ညစာစားခြင်းမှ ကလေးများ၏ လူမှုဆက်ဆံရေးနှင့် နေထိုင်စားသောက်မှုပုံစံများကို တိုးတက်လာစေနိုင်သည့်အပြင် မကြာခဏ အပြင်ထွက်ကာ ညစာ အတူစားပေးခြင်းသည် မိသားစု ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေကာ တစ်ဦးနှင့် တစ်ဦး နားလည်မှုနှင့် ဆက်ဆံရေးကို ကောင်းမွန်စေပြီး မိမိသိထားသော သတင်းများ၊ တစ်နေ့တာ အဖြစ်အပျက်ကို ပြောပြရင်း နွေးထွေးစွာ ဆွေးနွေးနိုင်ခြင်း ဖြင့် ကလေးများနှင့် သင့်ကြား ဆက်ဆံရေးကို ကောင်းမွန်စေပါသည်။တစ်ခါတရံ အိမ်တွင် စားသုံးသော အစားအစာထက် မိသားစုနှင့်အတူ အပြင်ထွက်ကာ စားသုံးခြင်းသည် ပိုမို ရင်းနှီးမှုကို ရရှိစေနိုင်ပါသည်။
ယနေ့ညတွင် သင့်ကလေးများနှင့်အတူ ညစာအတူသွားစားရန်အတွက် ဘယ်လိုနေရာတွေမှာ သွားရောက် စားသုံးဖို့ စီစဉ်ထားပါသလဲ။ ကလေးများနှင့် သင့်တော်ပြီး သက်တောင့်သက်သာ ရှိလှကာ အရသာကောင်းမွန်လှတဲ့ ဆိုင်များကို သိရှိစေနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

Yangon Bus CaféYangon Bus Café

ကန်တော်ကြီး ဥယျာဉ်အတွင်း၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဘတ်စ်ကား ကော်ဖီဆိုင် ဖြစ်သော Yangon Bus Café သည် အခြားသော ကော်ဖီဆိုင်များနှင့်မတူပဲ တစ်မူ ကွဲပြားပါသည်။ ထူးခြားလှသော ဘက်စ်ကားအပြင်အဆင်ကြောင့် ကလေးများ ညစာသုံးဆောင်ရန် အကြိုက်နှစ်သက်ဆုံးနေရာများထဲတွင် အပါအဝင်ဖြစ်ပါသည်။ ထို့အပြင် အေးဆေးစွာ စာဖတ်လိုသူများ၊ စကားလက်ဆုံပြောခြင်း၊ တွေ့ဆုံပွဲများအတွက် အကောင်းဆုံးသော နေရာဖြစ်ပြီး ကော်ဖီချစ်သူများအတွက်ပါ သင့်လျော်သော နေရာဖြစ်ပါသည်။ မနက်စာ ၊ နေ့လည်စာ၊ ညစာနှင့် အချိုပွဲအမျိုးမျိုးကို ရရှိနိုင်ပါသည်။  ကျောက်မီးသွေးကြက်သားဘာဂါသည် ဆိုင်၏ မြည်းစမ်းသင့်သော အစားအစာ ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာ ဖြစ်ပါသည်။

Marry BrownMarry Brown

အမှတ် ၂၂၀၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

Mary Brown အသင့်စား အစားအစာဆိုင်သည် အာရှနိုင်ငံများတွင် အထူးကျော်ကြားနေသော ဆိုင်ဖြစ်ပါသည်။ မိသားစုများ၊ ကလေးများနှင့် အထူးသင့်လျော်သော ပတ်ဝန်းကျင် အနေအထားရှိကာ ကျယ်ဝန်းသော ဆိုင်အနေအထား၊ ကားပါကင်၊ သီးသန့်အခန်း နှင့် Wi- Fi များရှိပါသည်။ Mary Brown ဆိုင်အတွင်း ကလေးများဆော့ကစားနိုင်သော ကစားကွင်းငယ်လေး တည်ရှိခြင်းသည် ကလေးများနှင့် အတူ လာရောက်စားသုံးသော မိဘများအတွက် အဆင်ပြေစေသော အချက်ဖြစ်ပါသည်။ ကလေးများ ကစားနေသည်ကို မိဘများအနေဖြင့် ညစာ စားသုံးရင်း သက်တောင့်သက်သာရှိစွာ ဖြင့် စောင့်ကြည့်နေနိုင်ပါသည်။ ရရှိနိုင်သော အစားအစာများနှာ ဘာဂါ၊ ကြက်သားကြော်၊ ဖျော်ရည်၊ ဆန်းဒစ်ဝှစ်ချ် နှင့် ကော်ဖီတို့ဖြစ်ပါသည်။

Moon bakeryMoon bakery

အမှတ် (၁/၂၅၃)၊ ဗားကရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်။

Moon Bakeryသည် ကျော်ကြားသော စားသောက်ဆိုင်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားပါသည်။ ရိုးရှင်းလှသော ဆိုင်အပြင်အဆင်နှင့် သန့်ရှင်းလှသော ဆိုင်အနေအထားကြောင့် မိသားစုများ၊ မိတ်ဆွေများ အတူ သွားရောက် စားသောက်ရန် သင့်တော်လှပါသည်။ ဒန်းများနှင့် ထိုင်ကာ စားသုံးရသော စားပွဲများသည် ကလေးများ ကြိုက်နှစ်သက်သော နေရာများဖြစ်ပါသည်။ တရုတ်အစားအစာ၊ ထိုင်းအစားအစာ၊ အနောက်တိုင်းအစားအစာနှင့် ကိုရီးယား အစားအစာများ ရရှိနိုင်ပါသည်။

ZephyrZephyr

အမှတ်(၂၈)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ရိုမန့်တစ်ဆန်လှသော နေရာအဖြစ်ကျော်ကြားလှသော စိမ်းလန်းစိုပြေပန်းခြံ အတွင်းရှိ Zephyr စားသောက်ဆိုင်သည် လှပသော အင်းလျားကန်၏ နေဝင်ချိန်ကို ခံစားကြည့်ရှုနိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ Zephyr တွင် အာရှအစားအစာများနှင့် အနောက်တိုင်းအစားအစာများကို ရရှိသုံးဆောင်နိုင်ပါသည်။ ကလေးများဆော့ကစားနိုင်သော ကစားကွင်းရှိခြင်း ကြောင့် မိမိကလေးများ ဆော့ကစားနေသည်ကို လှပသောရှုခင်းများကို ခံစားရင်း ညနေစာ သုံးဆောင်နေစဉ်အတွင်း စောင့်ကြည့်ပေးနိုင်ပါသည်။

House of memoriesHouse of memories

အမှတ်(၂၉၀)၊ ဦးဝိဇာရလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

House of memoriesသည် စားသောက်ဆိုင်သည် စားသောက်ဆိုင်တွင် စားသုံးသည်ဟူသော ခံစားချက်ထက်ပိုသော မိသားစုနေအိမ်တွင် စားသုံးနေရသကဲ့သို့ ခံစားစေနိုင်မည့် နေရာတစ်ခုဖြစ်ပါသည်။ ကိုလိုနီစတိုင် သစ်သားအိမ်ကြီးသည် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးထိုင်ရာ နေရာလည်း ဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်၏ အမှတ်တရ ပစ္စည်းများအပြင် ရှေးဟောင်း ဓါတ်ပုံများကို မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် ကလေးများနှင့် အတူ ညစာစားသုံးရင်း လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ပြောပြပေးနိုင်ပြီး ရှေးဟောင်း ဓါတ်ပုံများကို အတူကြည့်ရှု ပေးခြင်းဖြင့် သင့်ကလေး၏ အထွေထွေဗဟုသုတ စွမ်းရည်ကို မြင့်မားစေပါသည်။ မြန်မာ အစားအစာများကို အဓိက ရရှိနိုင်ပြီး ထိုင်းအစားအစာ၊ တရုတ်အစားအစာနှင့် အိန္ဒိယ အစားအစာများကို ပါ ရရှိနိုင်ပါသည်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top