အစားအစာသစ် မိတ်ဆက်ခြင်း

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူကြိုက်အများဆုံးအစားအစာများ

အမေရိကန်

ဟမ်ဘာဂါ

Hamburger
နှမ်းကပ် ပေါင်မုန့်လုံးနှစ်ချပ်ကြားတွင် အသားပြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ချိစ် တွေကို အချဉ်၊ မရိုးနိစ်၊ မုန်ညှင်းအနှစ်တို့ ပါဝင်ပြီး ပြုလုပ်ထားပါတယ်။

ဟော့ဒေါ့

Hot Dog
ပေါင်မုန့်ထဲတွင် ကင်ထားထားသော ကြက်အူချောင်းထည့်ထားပြီး အချဉ်၊ မရိုးနိစ်၊ မုန်ညှင်းအနှစ်၊ relish၊ ချိစ်၊ ငရုတ်သီး စတူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့နှင့် တွဲဖက်စားသုံးနိုင်သည်။

Mac ‘n’ Cheese

Macaroni
မာကာရောနီကို အဖြူရောင်ဆော့စ်၊ ချိစ်တို့ဖြင့် ချက်ထားပြီိး ခပ် ဆိမ့်ဆိမ့်အရသာ ရှိပါတယ်။

ကိုရီးယား

ကင်မ်ချီ

Kimchi
အသီးအရွက် (များသောအားဖြင့် မုန်ညှင်းထုပ်၊ ကြက်သွန်မိတ်၊ မုန်လာဥနီ)များကို ဂျင်း၊ ဆားရည်၊ ကြက်သွန်ဖြူတို့နဲ့ ရောနှောပြီး အရသာပြင်ပါတယ်။ ပြီးလျှင် အချဉ်ဖောက်ပြီး စားသုံးကြပါတယ်။

တော့ပုကီ

 Tteok-bokki
ဆန်နဲ့ပြုလုပ်ထားတဲ့ အဖြူရောင် ဆန်ကိတ် ကိုဟင်းအနှစ် နဲ့ချက်ထားပြီး ငါးအူချောင်း၊ ကြက်ဥပြုတ်၊ ကြက်သွန်နီ တို့နဲ့ တွဲဖက်စားသုံးကြပါတယ်။

ရေညှိထမင်းလိပ်


ထမင်းဖြူကို တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ ချိစ်၊ အစပ်ချက်ထားတဲ့ ကင်းမွန်၊ ကင်မ်ချီ၊ ဝက်ပေါင်ခြောက်၊ အမဲသား၊ ဂဏန်း၊ ကြက်ဥလိပ်၊ မုန်လာဥ၊ သခွားသီး၊ တူနာငါး တို့နဲ့ အတူတူ ရောလိပ်ပြီး အပြင်က ရေညှိပတ်ထားပါတယ်။ တစ်လုပ်စာပိုင်းပိုင်းပြီး စားသုံးကြပါတယ်။

ဘီဘင်ဘတ်

Bibimbap
ပန်းကန်လုံးထဲတွင် နွမ်းရုံကြော်ထားသော အရွက်များ၊ ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ ပဲပိစပ်အနှစ် တို့ ကို ထမင်ဖြူပေါ်တွင် အုပ်ထားသည်။ ကြက်ဥ အစိမ်း၊ ကြက်ဥကြော် သို့မဟုတ် အသားတို့နှင့် တွဲစားနိုင်သည်။ များသောအားဖြင့် အမဲသားနှင် တွဲစားလေ့ရှိပါသည်။

ဂျပန်

ဂျပန်ရိုးရာဟင်း

Japan curry
အသားနဲ့ အသီးအရွက် တွေကို ဂျပန်ရိုးရာ ဟင်းအနှစ်ထဲထည့်ပြီး ဂျပန်ရိုးရာ ငရုတ်သီးအနှစ်နဲ့ တွဲစားကြပါတယ်။ ဟင်းအနှစ်နဲ့ ငရုတ်သီး အနှစ်ကို အသားပေါ်မှာ ဆမ်းပြီး စားသုံးကြတာပါ။

ဂျပန် ဆူရှီ

Japanese Sushi
ထမင်းထဲမှာ ချက်ပြီးသား အသား သို့မဟုတ် အသားစိမ်းထည့်ပြီး ရေညှိနဲ့ လိပ်ထားပါတယ်။ ရေညှိလိပ်ရာမှာ ရေညှိလိပ်တဲ့ ဝါးအပြားလေးကို အသုံးပြုပါတယ်။

ရာမန် ခေါက်ဆွဲ

Raman
ဂျုံခေါက်ဆွဲကို ငါး၊ အသား၊ ပဲငံပြာရည် တိုနဲ့ ရောနှောချက်ထားတဲ့ စွပ်ပြုတ်ဖြစ်ပါတယ်။ မစားခင် အပေါ်ကနေ ဝက်သားလွှာ၊ ရေညှိနဲ့ ကြက်သွန်စိမ်း တို့ကို ဖြူးပြီးမှ စားကြပါတယ်။

အိန္ဒိယ

ဒံပေါက်

Biryani
ဆန်ကို အသား၊ အိန္ဒိယ အမွှေးအကြိုင်များခတ်ပြီး ချက်ထားပါတယ်။ ကြက်သွန်ကြော်၊ ကြက်ဥပြုတ်တိုနဲ့ တွဲစားလေ့ရှိပါတယ်။ သတ်သတ်လွတ် ဒံပေါက်ကလည်း လူကြိုက်များပါတယ်။

မဆလာတိုရှည်

Masala Dosa
ဆန်နဲ့လုပ်ထားတဲ့ ခေါက်မုန့်ပါးပါး ကို ခရမ်းချဉ်သီးအနှစ်နဲ့ ရောနှောပြီး ဆန်ဘာလို့ခေါ်တဲ့ ပဲဟင်းရည်နဲ့ တို့စားကြပါတယ်။

ကြက်မီးဖုတ်

Tandoori Chicken
ကြက်တစ်ကောင်လုံးကို ဒိန်ချဉ်၊ အစပ် တို့နဲ့ စိမ်ပြီး အိန္ဒိယ ရိုးရာ ရွှံမီးဖိုထဲ ထည့်ဖုတ်ထားတဲ့ ကြက်ကင်ဖြစ်ပါတယ်။

အီတလီ

Lasagna

Lasagna
ပါစတာအပြားပေါ်မှာ အမဲသား သို့မဟုတ် တခြားအသားများ၊ ချိစ်နဲ့ ခရမ်းချဉ်သီးဆော့စ်တို့ကို ဖြန့်ထည့်ပြီး အာဗန်ထဲ ထည့်ဖုတ်ပါတယ်။ ကြက်သွန်ဖြူနဲ့ Oregano တို့ကို အနံ့မွှေးစေရန် ထည့်ပါတယ်။

ပီဇာ

Pizza
ပေါင်မုန့် အပြားပေါ်မှာ ခရမ်းချဉ်သီးဆော့စ်၊ ချိစ်၊ အသား၊ အသီးအရွက်၊ ပင်လယ်စာတို့ ဖြန့်ပြီး အာဗန်ထဲထည့်ဖုတ်ပါတယ်။

လာအို

Larb

Larb
ကြိတ်ထားတဲ့ အသားကို သံပုရာရည်၊ ငရုတ်သီး၊ ပူစီနံ တို့နဲ့ ရောပြီးလှော်ထားတဲ့ ထမင်းနဲ့ သုပ်စားတဲ့ အသုပ်ဖြစ်ပါတယ်။

မလေးရှား

Nasi Lemak

Nasi Lemak
ထမင်းကို အုန်းနို့ရည်နဲ့ တစ်ညလုံး စိမ်ထားပြီး ဆွမ်းမွှေးရွက်၊ လီမွန်ရွက်၊ ဂျင်းနဲ့ အစပ်ချက်ပါတယ်။ ကြက်ဥပြုတ်၊ ငါးနီတူခြောက်ကြော်၊ ငရုတ်သီးထောင်း၊ မြေပဲလှော်တို့နဲ့ တွဲဖက်စားသုံးပါတယ်။

ထိုင်း

Pad Thai

Pad Thai
ကြက်ဥမွှေကြော်၊ ငါးအနှစ်၊ မန်ကျည်းရည်၊ ပဲပင်ပေါက်၊မြေပဲထောင်း၊ ကြက်သား၊ ပင်လယ်စာ(ပုစွန်)တို့ကို ရောကြော်ထားတဲ့ အကြော် ဖြစ်ပါတယ်။

ကိုယ့်ကြိုက်တဲ့ နိုင်ငံတကာ အစားအစာလေးတွေကိုလည်း ပြောပြပေးသွားဦးနော်။

အရသာရှိတဲ့ နိုင်ငံတကာ အစားအသောက်တွေ ရရှိနိုင်တဲ့ စားသောက်ဆိုင်တွေကိုလည်း Doemal App မှာ ရှာဖွေလို့ရနေပြီနော်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူကြိုက်အများဆုံးအစားအစာများ
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top