အစားအစာသစ် မိတ်ဆက်ခြင်း

ကမာၻေစ်းအၾကီးဆံုးစားေသာက္ဆိုင္မ်ား

လူတိုင္းဟာသူတို့ရဲ့ အထူး အခါသမယ ေန့ေလးေတြကို အစားတစ္နပ္ စားသံုးၿပီးၿဖတ္သန္းရတာၾကိဳက္ေပမယ့္ တစ္ခ်ိဳ့ေနရာေတြဟာ သာမန္ ညစာပြဲေတြထက္ ေစ်းႏႈန္းေတာ္ေတာ္ေလးၿမင့္ေနပါတယ္။ ကမာၻေစ်းအၾကီးဆံုးစားေသာက္ဆိုင္ အခ်ိဳ့ကိုေအာက္မွာေၿပာၿပေပးသြားမွာပါ။

 

Restaurant le Meurice Alain Ducasse

Michelin ၾကယ္ ၂ပြင့္အဆင့္ရွိတဲ့ဒီစားေသာက္ဆိုင္ဟာ ပဲရစ္ၿမိဳ့ရဲ့ စြဲလမ္းတပ္မက္ဖြယ္ ေကာင္းတဲ့ ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ Meurice ဟိုတယ္ မွာတည္ရွိေနပါတယ္။ ဟင္းပြဲေတြကို ထင္ရွားေက်ာ္ၾကားတဲ့စားဖိုမွဴး Alain Ducasse ကဖန္တီးတာၿဖစ္ၿပီး သူ့ရဲ့ ခ်က္ၿပဳတ္ပံုနည္းစနစ္ေတြနဲ့ ရိုးရာ ၿပင္သစ္ အစားအစာ ေတြကိုၿပဳလုပ္ဖန္တီးမႈေတြေၾကာင့္နာမည္ေက်ာ္တစ္ေယာက္ၿဖစ္ေနတာပါ။ ဟင္းပြဲတစ္ပြဲကိုၾကည့္လိုက္ရင္ကို ေစ်းႏႈန္းကေတာ္ေတာ္ေလးမ်ားပါတယ္ ေနာက္ၿပီး စားဖိုမွဴးရဲ့ မန္ႏူး က $549 ကေနစပါတယ္။

 

The Fat Duck

The Fat Duck လို့ေခၚတဲ့စားေသာက္ဆိုင္ဟာ England Berkshire ၿမိဳ့မွာတည္ရွိၿပီး 1995 ခုႏွစ္ထဲက စတင္ဖြင့္လွစ္ခဲ့တာပါ။ ဒီ Michelin ၾကယ္ ၃ ပြင့္ အဆင့္ရွိတဲ့စားေသာက္ဆိုင္ဟာ ၿပင္သစ္ Bistro စတိုင္ဟင္းပြဲေတြကို အဓိက ရႏိုင္တာၿဖစ္ေပမယ့္သူရဲ့ဆန္းသစ္တဲ့ ခ်က္ၿပဳတ္ပံုေတြေၾကာင့္ နာမည္ၾကီးေနတာပါ။ သင္ ဘုိကင္ယူခ်င္တယ္ဆိုရင္ေတာင္ ေတာ္ေတာ္ေလးေစာင့္ယူရမွာၿဖစ္ၿပီး လူတစ္ေယာက္ ကို စရံေငြ $448 က်သင့္မွာပါ။

 

 

 

Urasawa

ဟင္းႏွစ္ပြဲ အရသာတူတယ္ဆိုတာ မရွိႏိုင္တဲ့ Los Angeles မွာရွိတဲ့စားေသာက္ဆိုင္ေသးေသးေလးမွာ စားခ်င္ဖြယ္ေကာင္းတဲ့ ဆူရွီေတြနဲ့ ဂ်ပန္ဟင္းပြဲေတြကို အဓိက ေရာင္းပါတယ္။ မန္ႏူး Set လိုက္မရွိပဲ စားဖိုမွဴး Hiroyuki Urasawa နဲ့သူ့ရဲ့အဖြဲ့ဟာ ဟင္းပြဲေပါင္း ၂၉ မ်ိဳးကိုေန့တိုင္းမတူေအာင္ေၿပာင္းလဲေနၿပီး ညစာစား၀ိုင္း ၁၀၀ိုင္းၿပီးတိုင္းလည္းေၿပာင္းၿပီး ခ်က္ၿပဳတ္ပါေသးတယ္။ ဒီစားေသာက္ဆိုင္ေလးမွာ Celebrities ေတြနဲ့ ထင္ရွားၿပီး ဒီလိုညစာစားသံုးဖို့အတြက္ $1200 ေလာက္က်သင့္မွာပါ။

 

Ultraviolet

ရွန္ဟိုင္းမွာရွိတဲ့  Ultraviolet ဆိုတဲ့စားေသာက္ဆိုင္ကို ၿပင္သစ္စားဖိုမွဴး Paul Pairet က 2012 ကေနစၿပီး ဖြင့္လွစ္ခဲ့ပါတယ္။ ဒီ Ultra စားေသာက္ဆိုင္မွာစားသံုးတဲ့အခါ သင့္ေဘးနားမွာ ရုပ္ၾကြ ပံုရိပ္ေတြ၊ အေမႊးနံ့သာေတြ သံစဥ္တီးလံုးေတြ နဲ့ခံစားမႈရသေပါင္းစံုကို ခံစားရမွာၿဖစ္ၿပီးအဲဒီအတြက္လဲသင့္ကို Bill ေကာက္ခံသြားမွာပါ။ ညစာစားမယ္ဆို္ရင္ေတာ့ $621 ေလာက္က်သင့္မွာပါ။

 

Sublimotion

တစ္ေယာက္ကို ပ်မ္းမွ် $2000 ေလာက္က်သင့္မွာၿဖစ္ၿပီး Sublimotion ဆိုတဲ့ဆိုင္ဟာ 2015 မွာကမာၻေစ်းအၾကီးဆံုး စားေသာက္ဆိုင္အၿဖစ္ နာမည္တြင္ခဲ့ပါတယ္။ Lighting ေတြကို သင္စားသံုးမဲ့စားပြဲကို တိုက္ရိုက္ ထိုးထားတာၿဖစ္ၿပီး စားသံုးရာမွာ VR (Virtual Reality) ေတြတပ္ၿပီးစားသံုးဖို့ offer ေပးပါေသးတယ္။ သူ့ရဲ့မန္ႏူးမွာေတာ့ ဟင္းပြဲေပါင္း အမ်ိဳး၂၀ ပါ၀င္ၿပီး Michelin ၾကယ္ ၂ပြင့္အဆင့္ရွိတဲ့စားဖိုမွဴး Paco Ronceroကေနတီထြင္ခ်က္ၿပဳတ္သြားမွာၿဖစ္ၿပီး ခ်က္ၿပဳတ္ခ်ိန္သံုးနာရီေတာင္ၾကာပါတယ္။

 

 

Ithaa

Maldives နိုင္ငံမွာ ရွိတဲ့ Ithaa စားေသာက္ဆိုင္ဟာ ပင္လယ္ၿပင္ေအာက္  ၁၆ ေပမွာ ေဆာက္ထားတာၿဖစ္ၿပီး ကမာၻပထမဆံုး မွန္ေတြနဲ့လုပ္ထားတဲ့ပင္လယ္ေရေအာက္စားေသာက္ဆိုင္ၿဖစ္ၿပီး ေဘးပတ္၀န္းက်င္ ၿမင္ကြင္းရသကေတာ့ တၿခားဘယ္ဆိုင္နဲ့မွမတူေအာင္ေပးစြမ္းမွာပါ။ ဥေရာပအစားအစာ Set မန္ႏူးေတြက $320 ေလာက္က်သင့္မွာပါ။

 

Writer_SarWa

 

[Unicode]

လူတိုင်းဟာသူတို့ရဲ့ အထူး အခါသမယ နေ့လေးတွေကို အစားတစ်နပ် စားသုံးပြီးဖြတ်သန်းရတာကြိုက်ပေမယ့် တစ်ချို့နေရာတွေဟာ သာမန် ညစာပွဲတွေထက် ဈေးနှုန်းတော်တော်လေးမြင့်နေပါတယ်။ ကမ္ဘာဈေးအကြီးဆုံးစားသောက်ဆိုင် အချို့ကိုအောက်မှာပြောပြပေးသွားမှာပါ။

Restaurant le Meurice Alain Ducasse

Michelin ကြယ် ၂ပွင့်အဆင့်ရှိတဲ့ဒီစားသောက်ဆိုင်ဟာ ပဲရစ်မြို့ရဲ့ စွဲလမ်းတပ်မက်ဖွယ် ကောင်းတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Meurice ဟိုတယ် မှာတည်ရှိနေပါတယ်။ ဟင်းပွဲတွေကို ထင်ရှားကျော်ကြားတဲ့စားဖိုမှူး Alain Ducasse ကဖန်တီးတာဖြစ်ပြီး သူ့ရဲ့ ချက်ပြုတ်ပုံနည်းစနစ်တွေနဲ့ ရိုးရာ ပြင်သစ် အစားအစာ တွေကိုပြုလုပ်ဖန်တီးမှုတွေကြောင့်နာမည်ကျော်တစ်ယောက်ဖြစ်နေတာပါ။ ဟင်းပွဲတစ်ပွဲကိုကြည့်လိုက်ရင်ကို ဈေးနှုန်းကတော်တော်လေးများပါတယ် နောက်ပြီး စားဖိုမှူးရဲ့ မန်နူး က $549 ကနေစပါတယ်။

 

The Fat Duck

The Fat Duck လို့ခေါ်တဲ့စားသောက်ဆိုင်ဟာ England Berkshire မြို့မှာတည်ရှိပြီး 1995 ခုနှစ်ထဲက စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီ Michelin ကြယ် ၃ ပွင့် အဆင့်ရှိတဲ့စားသောက်ဆိုင်ဟာ ပြင်သစ် Bistro စတိုင်ဟင်းပွဲတွေကို အဓိက ရနိုင်တာဖြစ်ပေမယ့်သူရဲ့ဆန်းသစ်တဲ့ ချက်ပြုတ်ပုံတွေကြောင့် နာမည်ကြီးနေတာပါ။ သင် ဘိုကင်ယူချင်တယ်ဆိုရင်တောင် တော်တော်လေးစောင့်ယူရမှာဖြစ်ပြီး လူတစ်ယောက် ကို စရံငွေ $448 ကျသင့်မှာပါ။

 

 

Urasawa

ဟင်းနှစ်ပွဲ အရသာတူတယ်ဆိုတာ မရှိနိုင်တဲ့ Los Angeles မှာရှိတဲ့စားသောက်ဆိုင်သေးသေးလေးမှာ စားချင်ဖွယ်ကောင်းတဲ့ ဆူရှီတွေနဲ့ ဂျပန်ဟင်းပွဲတွေကို အဓိက ရောင်းပါတယ်။ မန်နူး Set လိုက်မရှိပဲ စားဖိုမှူး Hiroyuki Urasawa နဲ့သူ့ရဲ့အဖွဲ့ဟာ ဟင်းပွဲပေါင်း ၂၉ မျိုးကိုနေ့တိုင်းမတူအောင်ပြောင်းလဲနေပြီး ညစာစားဝိုင်း ၁၀ဝိုင်းပြီးတိုင်းလည်းပြောင်းပြီး ချက်ပြုတ်ပါသေးတယ်။ ဒီစားသောက်ဆိုင်လေးမှာ Celebrities တွေနဲ့ ထင်ရှားပြီး ဒီလိုညစာစားသုံးဖို့အတွက် $1200 လောက်ကျသင့်မှာပါ။

 

Ultraviolet

ရှန်ဟိုင်းမှာရှိတဲ့ Ultraviolet ဆိုတဲ့စားသောက်ဆိုင်ကို ပြင်သစ်စားဖိုမှူး Paul Pairet က 2012 ကနေစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ Ultra စားသောက်ဆိုင်မှာစားသုံးတဲ့အခါ သင့်ဘေးနားမှာ ရုပ်ကြွ ပုံရိပ်တွေ၊ အမွှေးနံ့သာတွေ သံစဉ်တီးလုံးတွေ နဲ့ခံစားမှုရသပေါင်းစုံကို ခံစားရမှာဖြစ်ပြီးအဲဒီအတွက်လဲသင့်ကို Bill ကောက်ခံသွားမှာပါ။ ညစာစားမယ်ဆိုရင်တော့ $621 လောက်ကျသင့်မှာပါ။

 

Sublimotion

တစ်ယောက်ကို ပျမ်းမျှ $2000 လောက်ကျသင့်မှာဖြစ်ပြီး Sublimotion ဆိုတဲ့ဆိုင်ဟာ 2015 မှာကမ္ဘာဈေးအကြီးဆုံး စားသောက်ဆိုင်အဖြစ် နာမည်တွင်ခဲ့ပါတယ်။ Lighting တွေကို သင်စားသုံးမဲ့စားပွဲကို တိုက်ရိုက် ထိုးထားတာဖြစ်ပြီး စားသုံးရာမှာ VR (Virtual Reality) တွေတပ်ပြီးစားသုံးဖို့ offer ပေးပါသေးတယ်။ သူ့ရဲ့မန်နူးမှာတော့ ဟင်းပွဲပေါင်း အမျိုး၂၀ ပါဝင်ပြီး Michelin ကြယ် ၂ပွင့်အဆင့်ရှိတဲ့စားဖိုမှူး Paco Ronceroကနေတီထွင်ချက်ပြုတ်သွားမှာဖြစ်ပြီး ချက်ပြုတ်ချိန်သုံးနာရီတောင်ကြာပါတယ်။

 

Ithaa

Maldives နိုင်ငံမှာ ရှိတဲ့ Ithaa စားသောက်ဆိုင်ဟာ ပင်လယ်ပြင်အောက် ၁၆ ပေမှာ ဆောက်ထားတာဖြစ်ပြီး ကမ္ဘာပထမဆုံး မှန်တွေနဲ့လုပ်ထားတဲ့ပင်လယ်ရေအောက်စားသောက်ဆိုင်ဖြစ်ပြီး ဘေးပတ်ဝန်းကျင် မြင်ကွင်းရသကတော့ တခြားဘယ်ဆိုင်နဲ့မှမတူအောင်ပေးစွမ်းမှာပါ။ ဥရောပအစားအစာ Set မန်နူးတွေက $320 လောက်ကျသင့်မှာပါ။

 

Writer_SarWa

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top