အစားအစာသစ် မိတ်ဆက်ခြင်း

ကမာၻအေကာင္းဆံုးလမ္းေဘးအစားအစာ ၿမိဳ့မ်ားအေၾကာင္း

အေကာင္းဆံုးညစာေတြနဲ့ နာမည္ေက်ာ္ၾကားတဲ့ၿမိဳ့ၾကီးေတြမွာေတာင္ တစ္ခ်ိဳ့အေကာင္းဆံုးအစားအစာေတြဟာ လမ္းေဘးေတြမွာရွိတတ္ၾကပါတယ္။ လမ္းေဘးေစ်းသည္ေတြ၊ တြန္းလွည္းနဲ့ေရာင္းခ်သူေတြ၊ နံရံကပ္ဆိုင္ေတြ စသၿဖင့္ေပါ့။ ဒီလိုစားဖိုမွဴးေတြက Michelin Star ဆိုတဲ့စာဖိုမွဴးဂုဏ္ပုဒ္ေတြရဖို့အေကာင္းဆံုးအစားအစာေတြခ်က္ၿပဳတ္ေနတာမဟုတ္ပါဘူး။ သူတို့က ေန့စဥ္ၿဖတ္သန္းရာ ပတ္၀န္းက်င္မွာရွိတဲ့သူေတြအတြက္ ခ်က္ၿပဳတ္ေပးေနတာပါ။ ဒီေန့မွာေတာ့ ကမာၻအေကာင္းဆံုး လမ္းေဘးအစားအစာေတြ ရွိေနတဲ့ၿမိဳ့ ၁၀ ၿမိဳ့ကိုေဖာ္ၿပေပးသြားမွာပါ။

(၁) Bangkok, Thailand

လမ္းေဘးအစားအစာလို့ေၿပာလိုက္တာနဲ့ ၿမိဳ့ရဲ့မတူညီတဲ့ ေနရာတိုင္းမွာလမ္းေဘးစားေသာက္ဆိုင္ေတြနဲ့ပံုမွန္လွည့္လည္ေရာင္းခ်တဲ့သူေတြၿပည့္ေနတဲ့ ဘန္ေကာက္ဆိုတာ မပါအၿဖစ္ပါ။ တစ္ခ်ိဳ့သူေတြက ပဲႏို့နဲ့တို့ဟူး ကိုမနက္စာအၿဖစ္စားသံုးၿပီး က်န္တဲ့သူအမ်ားစုမွာ ထမင္းေမြႊးေမႊးေလးနဲ့ အဆီလြတ္ ၾကက္သားဟင္းေလးေတြနဲ့စားၾကပါတယ္။ လူေတြစည္ကားတဲ့ညဘက္ေတြမွာေတာ့ ပက္ထိုင္းေခါက္ဆြဲကေန ဆာေတးကင္ေတြအထိ မ်ိဳးစုံရႏိုင္ပါတယ္။

 

(၂) Tokyo, Japan

တိုက်ိဳဆိုတဲ့ၿမိဳ့ဟာတၿခားႏိုင္ငံမွာရွိတဲ့ၿမိဳ့ေတြထက္ Michelin ၾကယ္ပြင့္စားေသာက္ဆိုင္ေတြ မ်ားေပမယ့္ ဂ်ပန္ႏုိင္ငံရဲ့ အစားအစာတစ္ခုအေနနဲ့ ဆူရွီဆိုတာ လမ္းေဘးစားေသာက္ဆိုင္ မွာဘယ္ေလာက္ေကာင္းလဲဆိုတာေမ့ပစ္လို့မရပါဘူး။

 

(၃) Honolulu, Hawaii

ဟာ၀ိုင္အီကြ်န္းစုရဲ့အစားအစာေတြဟာ အေမရိကား အာရွ လက္တင္အေမရိကား စတဲ့ တိုက္ေတြကေန ေၿပာင္းေရြ့လာတဲ့ အခ်က္အၿပဳတ္ ပံုစံေတြနဲ့ ရိုးရာခ်က္ၿပဳတ္ပံုေတြကိုေပါင္းစပ္ၿပီး ဆန္းသစ္တီထြင္ ခ်က္ၿပဳတ္တဲ့ေနရာမွာနာမည္ၾကီးပါ။ ေနာက္ၿပီးေအာင္ၿမင္ေနတဲ့ ထရပ္ကားေတြနဲ့ေရာင္းခ်ေနတဲ့ဆိုင္ေတြ အမ်ားၾကီးရွိပါတယ္။

 

(၄) Durban, South Africa

ေတာင္အာဖရိကႏိုင္ငံရဲ့အေကာင္းဆံုးလမ္းေဘးအစားအစာၿမိဳ့အၿဖစ္စံထားဆဲပါ။ မ်ိဳးဆက္အလိုက္ေၿပာင္းလဲလာတဲ့ ပါ၀င္ပစၥည္းေတြနဲ့အရသာေတြ စံုလင္တဲ့ဟင္းေတြ နဲ့နာမည္ေက်ာ္ၾကားေနတဲ့ၿမိဳ့ပါ။

 

(၅)  New Orleans, Louisiana

ဒီလူ၀ီစီယားနားၿပည္နယ္မွာ စကားပံုတစ္ခုရွိပါတယ္။ ဆီဆိုင္ေတြမွာ ရွိတဲ့အစားအစာေတြက သူတို့ၿပည္နယ္ကအေကာင္းဆံုးဆိုတဲ့စားေသာက္ဆိုင္ေတြထက္ေတာင္သာလြန္တယ္တဲ့ဗ်ာ။ ထူးၿခားေကာင္းမြန္ေနတဲ့ ဟာကိုေသခ်ာၾကည့္မယ္ဆိုရင္ ဆီဆိုင္ေတြနဲ့ စတိုးဆိုင္ေတြေရာင္းခ်ေနတဲ့ ေန့လည္စာ ္ပန္းကန္ဟာသူတို့ရဲ့ အမွတ္အသားပါပဲ။

 

(၆)  Istanbul, Turkey

တူရကီႏိုင္ငံရဲ့အမ်ားဆံုးအသိမွတ္ၿပဳၿခင္းခံရတဲ့ လမ္းေဘးအစားအစာကေတာ့ Simit လို့ေခၚတဲ့မုန့္ၿဖစ္ပါတယ္။ လက္ဆက္စြာဖုတ္ထားၿပီး သကာရည္ေတြစိမ္ကာ အေပၚက ႏွမ္းၿဖဴးထားတဲ့မုန့္ဟာ မုန့္ၾကိဳက္တဲ့သူေတြ ဆြဲမက္ဖြယ္ေကာင္းေအာင္ တြန္းလွည္းေလးနဲ့ေရာင္းခ်သူေတြ အစ္စတန္ဘူလ္ၿမိဳ့ အႏွံ့မွာရွိေနပါတယ္။ တူရကီေရခဲမုန့္ေတြဟာေနရာအႏွ့ံမွာရွိၿပီး လူေတာ္ေတာ္မ်ားမ်ားႏွစ္သက္စားသံုးၾကပါတယ္။  တူရကီပီဇာက ေတာ့ရိုးရွင္းေပမယ့္ တစ္ညလံုးရႏိုင္တဲ့အစားအစာ ၿဖစ္တဲ့အတြက္ ေက်နပ္စရာပါပဲ။

(၇) Hong Kong

အစားအေသာက္ေကာင္းေတြၾကိဳက္သူေတြအတြက္နတ္ၿပည္အလားပါပဲ။ ၿပီးေတာ့ ကမာၻေပၚမွာေစ်းႏွုန္းသင့္တင့္စြာ မုန့္ေတြကိုစားသံုးႏုိင္တဲ့ၿမိဳ့ေလးပါ။ ၾကက္ဥေ၀ဖာကေတာ့ တရုတ္ၿပည္ရဲ့အေကာင္းဆံုးလမ္းေဘးအစားအစာထဲမွာ အဆင့္ ၁ ၿဖစ္တဲ့အတြက္ ေဟာင္ေကာင္ေရာက္ရင္ေတာ့စားၿဖစ္ေအာင္စားလိုက္ပါေနာ္။

(၈) Paris, France

ၿပင္သစ္မွာညစာစားသံုးတာက သူ့ဟာနဲ့သူေတာ့အေတြ့အၾကံဳတစ္ခုေတာ့ရပါတယ္။ ေစ်းၾကီးေပးရတဲ့အစားအစာေတြ အေၾကာင္းကို စာအုပ္ေတြ မွာမ်ိဳးစံုေတြ့ႏိုင္ပါတယ္။ ဒါေပမယ့္ေစ်းေပါတဲ့အစားအစာေတြကလဲ သင့္ကိုဆြဲေဆာင္ႏိုင္ပါေသးတယ္။ ေအးၿမတဲ့ေန့တစ္ေန့မွာ လမ္းေပၚမွာသစ္အယ္သီးေတြေလွာ္ေနတဲ့ လမ္းေပၚကေစ်းသည္ေတြ ေလာက္ ဘယ္သူကမွ သင့္ကို ၾကိဳဆိုေနမွာမဟုတ္ပါဘူး။

(၉) Mexico City, Mexico

မကၠဆီကိုၿမိဳ့ ဟာကမာၻအေကာင္းဆံုးအစားအစာေတြရႏိုင္တဲ့ၿမိဳ့ေတြထဲက တစ္ၿမိဳ့ဆိုတာေတာ့ ဘယ္သူမွၿငင္းလို့ရမယ္မထင္ပါဘူး။ ၿမိဳ့ရဲ့လမ္းေတာင့္ေတြတိုင္းမွာ လမ္းေဘးအစားအစာေတြကိုရႏိုင္ၿပီး မကၠဆီကုိ ႏိုင္ငံရဲ့ေနရာေဒသတိုင္းကမတူညီတဲ့ မကၠဆီကိုအစားအစာ ေတြကို မေရမတြက္ႏိုင္ေအာင္ၿမားၿပားတဲ့လမ္းေပၚကအစားအစာေရာင္းခ်သူေတြဆီ ကေနစားသံုးႏိုင္ပါတယ္။

(၁၀) Cairo, Egypt

သင္ကိုင္ရိုၿမိဳ့ကိုေရာက္ၿဖစ္ခဲ့ရင္လမ္းေဘးအစားအစာေတြကိုအနည္းဆုံးတစ္ခါေလာက္ေတာ့သြားစားသင့္ပါတယ္။ ဒီလမ္းေပၚကအစားအစာေတြကို ကိုင္ရိုၿမိဳ့သူၿမိဳ့သားေတြေန့တိုင္းစားသံုးေနတဲ့အတြက္ အရည္အေသြးၿမင့္တဲ့ အစာပလာေတြ နဲ့ ၿမိဳ့ရဲ့ အရသာ အမွန္အကန္ကိုေပးစြမ္းမွာ ေတာ့အာမခံတယ္တဲ့ဗ်ာ။ ကိုင္ရိုၿမိဳ့မွာရွိတဲ့လမ္းေဘးအစားအေသာက္ေတြ က ဘက္ဂ်က္ခရီးသြားေတြ အတြက္ အထူးသင့္ေလ်ာ္ၿပီး သက္သက္လြတ္သမားေတြ အတြက္လည္း အီဂ်စ္ႏိုင္ငံရဲ့ လမ္းေဘးအစားအေသာက္ေတြ ကိုစားသံုးလို့ရႏိုင္ပါတယ္။ဘာလို့လဲဆိုေတာ့ သူတို့အစားအစာေတာ္ေတာ္မ်ားမ်ားဟာ ရိုးရာအရ သက္သက္လြတ္ေတြၿဖစ္ေနလို့ပါ။

Writer_SarWa

[Unicode]

ကမ္ဘာအကောင်းဆုံးလမ်းဘေးအစားအစာ မြို့များအကြောင်း
အကောင်းဆုံးညစာတွေနဲ့ နာမည်ကျော်ကြားတဲ့မြို့ကြီးတွေမှာတောင် တစ်ချို့အကောင်းဆုံးအစားအစာတွေဟာ လမ်းဘေးတွေမှာရှိတတ်ကြပါတယ်။ လမ်းဘေးဈေးသည်တွေ၊ တွန်းလှည်းနဲ့ရောင်းချသူတွေ၊ နံရံကပ်ဆိုင်တွေ စသဖြင့်ပေါ့။ ဒီလိုစားဖိုမှူးတွေက Michelin Star ဆိုတဲ့စာဖိုမှူးဂုဏ်ပုဒ်တွေရဖို့အကောင်းဆုံးအစားအစာတွေချက်ပြုတ်နေတာမဟုတ်ပါဘူး။ သူတို့က နေ့စဉ်ဖြတ်သန်းရာ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအတွက် ချက်ပြုတ်ပေးနေတာပါ။ ဒီနေ့မှာတော့ ကမ္ဘာအကောင်းဆုံး လမ်းဘေးအစားအစာတွေ ရှိနေတဲ့မြို့ ၁၀ မြို့ကိုဖော်ပြပေးသွားမှာပါ။

(၁) Bangkok, Thailand

လမ်းဘေးအစားအစာလို့ပြောလိုက်တာနဲ့ မြို့ရဲ့မတူညီတဲ့ နေရာတိုင်းမှာလမ်းဘေးစားသောက်ဆိုင်တွေနဲ့ပုံမှန်လှည့်လည်ရောင်းချတဲ့သူတွေပြည့်နေတဲ့ ဘန်ကောက်ဆိုတာ မပါအဖြစ်ပါ။ တစ်ချို့သူတွေက ပဲနို့နဲ့တို့ဟူး ကိုမနက်စာအဖြစ်စားသုံးပြီး ကျန်တဲ့သူအများစုမှာ ထမင်းမွှေးမွှေးလေးနဲ့ အဆီလွတ် ကြက်သားဟင်းလေးတွေနဲ့စားကြပါတယ်။ လူတွေစည်ကားတဲ့ညဘက်တွေမှာတော့ ပက်ထိုင်းခေါက်ဆွဲကနေ ဆာတေးကင်တွေအထိ မျိုးစုံရနိုင်ပါတယ်။

(၂) Tokyo, Japan

တိုကျိုဆိုတဲ့မြို့ဟာတခြားနိုင်ငံမှာရှိတဲ့မြို့တွေထက် Michelin ကြယ်ပွင့်စားသောက်ဆိုင်တွေ များပေမယ့် ဂျပန်နိုင်ငံရဲ့ အစားအစာတစ်ခုအနေနဲ့ ဆူရှီဆိုတာ လမ်းဘေးစားသောက်ဆိုင် မှာဘယ်လောက်ကောင်းလဲဆိုတာမေ့ပစ်လို့မရပါဘူး။

(၃) Honolulu, Hawaii

ဟာဝိုင်အီကျွန်းစုရဲ့အစားအစာတွေဟာ အမေရိကား အာရှ လက်တင်အမေရိကား စတဲ့ တိုက်တွေကနေ ပြောင်းရွေ့လာတဲ့ အချက်အပြုတ် ပုံစံတွေနဲ့ ရိုးရာချက်ပြုတ်ပုံတွေကိုပေါင်းစပ်ပြီး ဆန်းသစ်တီထွင် ချက်ပြုတ်တဲ့နေရာမှာနာမည်ကြီးပါ။ နောက်ပြီးအောင်မြင်နေတဲ့ ထရပ်ကားတွေနဲ့ရောင်းချနေတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။

(၄) Durban, South Africa

တောင်အာဖရိကနိုင်ငံရဲ့အကောင်းဆုံးလမ်းဘေးအစားအစာမြို့အဖြစ်စံထားဆဲပါ။ မျိုးဆက်အလိုက်ပြောင်းလဲလာတဲ့ ပါဝင်ပစ္စည်းတွေနဲ့အရသာတွေ စုံလင်တဲ့ဟင်းတွေ နဲ့နာမည်ကျော်ကြားနေတဲ့မြို့ပါ။

(၅) New Orleans, Louisiana

ဒီလူဝီစီယားနားပြည်နယ်မှာ စကားပုံတစ်ခုရှိပါတယ်။ ဆီဆိုင်တွေမှာ ရှိတဲ့အစားအစာတွေက သူတို့ပြည်နယ်ကအကောင်းဆုံးဆိုတဲ့စားသောက်ဆိုင်တွေထက်တောင်သာလွန်တယ်တဲ့ဗျာ။ ထူးခြားကောင်းမွန်နေတဲ့ ဟာကိုသေချာကြည့်မယ်ဆိုရင် ဆီဆိုင်တွေနဲ့ စတိုးဆိုင်တွေရောင်းချနေတဲ့ နေ့လည်စာ ်ပန်းကန်ဟာသူတို့ရဲ့ အမှတ်အသားပါပဲ။

(၆) Istanbul, Turkey

တူရကီနိုင်ငံရဲ့အများဆုံးအသိမှတ်ပြုခြင်းခံရတဲ့ လမ်းဘေးအစားအစာကတော့ Simit လို့ခေါ်တဲ့မုန့်ဖြစ်ပါတယ်။ လက်ဆက်စွာဖုတ်ထားပြီး သကာရည်တွေစိမ်ကာ အပေါ်က နှမ်းဖြူးထားတဲ့မုန့်ဟာ မုန့်ကြိုက်တဲ့သူတွေ ဆွဲမက်ဖွယ်ကောင်းအောင် တွန်းလှည်းလေးနဲ့ရောင်းချသူတွေ အစ်စတန်ဘူလ်မြို့ အနှံ့မှာရှိနေပါတယ်။ တူရကီရေခဲမုန့်တွေဟာနေရာအနှံ့မှာရှိပြီး လူတော်တော်များများနှစ်သက်စားသုံးကြပါတယ်။ တူရကီပီဇာက တော့ရိုးရှင်းပေမယ့် တစ်ညလုံးရနိုင်တဲ့အစားအစာ ဖြစ်တဲ့အတွက် ကျေနပ်စရာပါပဲ။

(၇) Hong Kong

အစားအသောက်ကောင်းတွေကြိုက်သူတွေအတွက်နတ်ပြည်အလားပါပဲ။ ပြီးတော့ ကမ္ဘာပေါ်မှာဈေးနှုန်းသင့်တင့်စွာ မုန့်တွေကိုစားသုံးနိုင်တဲ့မြို့လေးပါ။ ကြက်ဥဝေဖာကတော့ တရုတ်ပြည်ရဲ့အကောင်းဆုံးလမ်းဘေးအစားအစာထဲမှာ အဆင့် ၁ ဖြစ်တဲ့အတွက် ဟောင်ကောင်ရောက်ရင်တော့စားဖြစ်အောင်စားလိုက်ပါနော်။

(၈) Paris, France

ပြင်သစ်မှာညစာစားသုံးတာက သူ့ဟာနဲ့သူတော့အတွေ့အကြုံတစ်ခုတော့ရပါတယ်။ ဈေးကြီးပေးရတဲ့အစားအစာတွေ အကြောင်းကို စာအုပ်တွေ မှာမျိုးစုံတွေ့နိုင်ပါတယ်။ ဒါပေမယ့်ဈေးပေါတဲ့အစားအစာတွေကလဲ သင့်ကိုဆွဲဆောင်နိုင်ပါသေးတယ်။ အေးမြတဲ့နေ့တစ်နေ့မှာ လမ်းပေါ်မှာသစ်အယ်သီးတွေလှော်နေတဲ့ လမ်းပေါ်ကဈေးသည်တွေ လောက် ဘယ်သူကမှ သင့်ကို ကြိုဆိုနေမှာမဟုတ်ပါဘူး။

(၉) Mexico City, Mexico

မက္ကဆီကိုမြို့ ဟာကမ္ဘာအကောင်းဆုံးအစားအစာတွေရနိုင်တဲ့မြို့တွေထဲက တစ်မြို့ဆိုတာတော့ ဘယ်သူမှငြင်းလို့ရမယ်မထင်ပါဘူး။ မြို့ရဲ့လမ်းတောင့်တွေတိုင်းမှာ လမ်းဘေးအစားအစာတွေကိုရနိုင်ပြီး မက္ကဆီကို နိုင်ငံရဲ့နေရာဒေသတိုင်းကမတူညီတဲ့ မက္ကဆီကိုအစားအစာ တွေကို မရေမတွက်နိုင်အောင်မြားပြားတဲ့လမ်းပေါ်ကအစားအစာရောင်းချသူတွေဆီ ကနေစားသုံးနိုင်ပါတယ်။

(၁၀) Cairo, Egypt

သင်ကိုင်ရိုမြို့ကိုရောက်ဖြစ်ခဲ့ရင်လမ်းဘေးအစားအစာတွေကိုအနည်းဆုံးတစ်ခါလောက်တော့သွားစားသင့်ပါတယ်။ ဒီလမ်းပေါ်ကအစားအစာတွေကို ကိုင်ရိုမြို့သူမြို့သားတွေနေ့တိုင်းစားသုံးနေတဲ့အတွက် အရည်အသွေးမြင့်တဲ့ အစာပလာတွေ နဲ့ မြို့ရဲ့ အရသာ အမှန်အကန်ကိုပေးစွမ်းမှာ တော့အာမခံတယ်တဲ့ဗျာ။ ကိုင်ရိုမြို့မှာရှိတဲ့လမ်းဘေးအစားအသောက်တွေ က ဘက်ဂျက်ခရီးသွားတွေ အတွက် အထူးသင့်လျော်ပြီး သက်သက်လွတ်သမားတွေ အတွက်လည်း အီဂျစ်နိုင်ငံရဲ့ လမ်းဘေးအစားအသောက်တွေ ကိုစားသုံးလို့ရနိုင်ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အစားအစာတော်တော်များများဟာ ရိုးရာအရ သက်သက်လွတ်တွေဖြစ်နေလို့ပါ။

Writer_SarWa

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top