စားသောက်နေထိုင်နည်း

ကဖိန္းဓာတ္၏အက်ိဳးႏွင့္အျပစ္မ်ား

လူတိုင္းနီးပါးက ကဖိန္းဓာတ္ပါတဲ့အခ်ိဳရည္ေတြ မေသာက္ပါဘဲနဲ႔ တစ္ရက္တာကို မျဖတ္သန္းသေလာက္ ရွိေနပါတယ္။ ကဖိန္းဓာတ္ကို ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာ ေတြ႔ႏိုင္ပါတယ္။ သုေတသီေတြက ကဖိန္းဓာတ္အေပၚမ်က္ေစ့က်ၿပီး ေလ့လာခဲ့ၾကတာ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ေလ့လာမႈေပါင္း ရာခ်ီရွိသြားၿပီ။ ဒါေပမယ့္ အမ်ားစုက ရလဒ္ေတြ မရွင္းမရွင္းနဲ႔ ထြက္လာၾကတာမ်ားတယ္။ တစ္ခ်ိဳ႕ေလ့လာမႈေတြမွာ ကဖိန္းက ခႏၶာကိုယ္အတြက္ေကာင္းတယ္ေျပာၿပီး ေနာက္တစ္ခုမွာ သတိထားစရာျပႆနာေတြ ျဖစ္လာႏိုင္တယ္လို႔ေျပာလိုက္နဲ႔။ အမ်ိဳးမ်ိဳးပါပဲ။

 

ကဖိန်းဓာတ်၏ အကျိုးများ

ကဖိန္းဓာတ္က စိတ္ကိုၾကည္ေစတာ လူတိုင္းသိပါတယ္။ မွတ္ဥာဏ္ကိုေကာင္းမြန္ေစၿပီး ေမာပန္းႏြမ္းနယ္မႈမရွိေအာင္ လုပ္ေပးႏိုင္တယ္။ အမ်ိဳးမ်ိဳးေသာေလ့လာမႈေတြမွာ ကဖိန္းက စိတ္ပိုင္းဆိုင္ရာအတြက္  အက်ိဳးရွိေၾကာင္း သက္ေသျပထားၿပီးျဖစ္တယ္။ ကဖိန္းပါတဲ့အခ်ိဳရည္ကို တစ္ႀကိမ္ေလာက္ေသာက္လိုက္တာက ေရတိုအတြက္ မွတ္ဥာဏ္တိုးတက္လာတာ၊ ကုိယ့္ရဲ႕တံု႔ျပန္ႏိုင္စြမ္းေတြ လ်င္ျမန္လာတာကို ခံစားရေစမွာပါ။ သုေတသီေတြ ယံုၾကည္ထားတာက ေကာ္ဖီ ၃ ခြက္ ၄ ခြက္ေလာက္ (ကဖိန္း 300 – 400 mg ေလာက္) သာေသာက္ျခင္းက ဆိုးက်ိဳးထက္ က်န္းမာေရးေကာင္းက်ိဳးေတြက ပိုမ်ားတယ္ဆိုတာပါပဲ။ ကဖိန္းေသာက္သံုးျခင္းက အမ်ိဳးအစား ၂ ဆီးခ်ိဳ၊ ပါကင္ဆြန္ေရာဂါနဲ႔ အသည္းေရာဂါေတြလို က်န္းမာေရးအေျခအေနေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ သက္ေသျပခ်က္ေတြက ဆိုထားပါေသးတယ္။ ဒါေပမယ့္ ေသြးတိုးရွိသူေတြ၊ ကေလးေတြ၊ ဆယ္ေက်ာ္သက္ေတြနဲ႔ အသက္ႀကီးသူေတြကေတာ့ ကဖိန္းရဲ႕ေဘးထြက္ဆိုးက်ိဳးေတြကို ပိုခံစားရႏိုင္ပါတယ္။

 

ကဖိန်းဓာတ်၏အပြစ်များ

sick man suffering from heart attack

ေလ့လာမႈေတြမွာေတြ႔ရတာက ကဖိန္းဆိုတာ လူတစ္ေယာက္ရဲ႕ေသြးေပါင္ကို တက္ေစပါသတဲ့။ ခဏတာသာေသြးတက္ျခင္းမ်ိဳးက စိတ္ပူစရာမဟုတ္ေပမယ့္ ခဏခဏတိုးေနၿပီဆိုရင္ေတာ့ ေဘးထြက္ဆိုးက်ိဳးတစ္ခုအေနနဲ႔ စဥ္းစားသင့္ပါၿပီ။ ကဖိန္းေသာက္တာက မၾကာခဏဆုိသလို ေသြးတြင္းသၾကားဓာတ္တက္လာတာနဲ႔လည္း တြဲလာတတ္ပါတယ္။ ဒီအခ်က္ေတြက ႏွလံုးေရာဂါျဖစ္လာႏိုင္ေခ်နဲ႔ သြားၿပီးစပ္ဆက္ေနတယ္။ ဒါ့အျပင္ ကဖိန္းပါတဲ့ အခ်ိဳရည္ေတြကိုေသာက္တတ္တဲ့ အမ်ိဳးသမီးေတြမွာဆို အရိုးပါးႏိုင္ေခ် အေတာ္မ်ားေၾကာင္း ေလ့လာမႈေတြမွာ ေတြ႔ရပါတယ္။

 

ကဖိန္းနဲ႔တဲြႏိုင္တဲ့ေနာက္ထပ္ျပႆနာကေတာ့ စြဲတာပဲ။ အခုဆိုရင္ ကဖိန္းဓာတ္အမ်ားႀကီးပါတဲ့ ကုန္ပစၥည္းေတြ ပိုပိုမ်ားလာေနၿပီ။ စြမ္းအားျဖည့္အခ်ိဳရည္ေတြဆိုတာလည္း ဗူးဆိုဒ္ေတြ ႀကီးႀကီးလာပါတယ္။ ကဖိန္းစြဲတဲ့ျပႆနာက လူငယ္ေတြမွာ ပိုၿပီးျပင္းထန္ပံုရတယ္။ ကဖိန္းေတြအမ်ားႀကီးေသာက္ၿပီး ေဆးရံုတက္ရတဲ့လူငယ္အေရအတြက္လည္း မ်ားလာတယ္လို႔ဆုိပါတယ္။ ကဖိန္းစြဲတဲ့လကၡဏာေတြက အိပ္စက္ျခင္းဆုိင္ရာျပႆနာမ်ားျဖစ္ျခင္း၊ လက္တုန္ေျခတုန္ျခင္း၊ ဗိုက္နာျခင္း၊ အန္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔ ရင္တုန္ျခင္း စတာေတြပဲျဖစ္ပါတယ္။ ကဖိန္းဓာတ္အရမ္းအရမ္းကို မ်ားလြန္းတာက လူေသတဲ့အထိျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

 

ကဖိန်းသောက်ခြင်းနှင့်ပါတ်သတ်ပြီး ဘာလုပ်နိုင်မလဲ

 

အေရးႀကီးဆံုးသိထားရမွာက သင့္ခႏၶာကိုယ္က ကဖိန္းကို ဘယ္လိုတံု႔ျပန္ေနလဲ သိဖို႔ပဲ။ ကဖိန္းေသာက္ၿပီးရင္ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္ပါ။ စိတ္လႈပ္ရွားေနသလား၊ စိုးရိမ္သလိုျဖစ္ေနသလား၊ ေမာပန္းလြယ္ေနသလားေပါ့။ ေနာက္ ကိုယ့္ရဲ႕အိပ္စက္တဲ့ပံုစံကိုေရာ ဘယ္လိုသက္ေရာက္မႈရွိသလဲ။ တစ္နည္းနည္းနဲ႔မ်ား ကဖိန္းဓာတ္ကိုစြဲေနၿပီလား။ ကဖိန္းဓာတ္နဲ႔ပါတ္သတ္လို႔ သင္လုပ္ႏုိုင္တာက ကိုယ့္ကိုယ္ကိုခ်င့္ခ်ိန္ဖို႔ပါပဲ။ တစ္ရက္ကို ေကာ္ဖီ ၄၊ ၅ ခြက္ေလာက္ေသာက္ၿပီးတာေတာင္ မရႊင္လန္းသလိုျဖစ္လာရင္ေတာ့ စစ္ေဆးကုသဖို႔ လိုေနပါၿပီ။ ကဖိန္းဓာတ္ကိုစေရွာင္တာကေန ကဖိန္းျဖတ္တဲ့လကၡဏာေတြျဖစ္လာရင္ေတာ့ ေသခ်ာဂရုစိုက္ရေတာ့မယ္ျပႆနာတစ္ခု ရွိေနၿပီလို႔ သိရပါမယ္။

 

ဒါ့ေၾကာင့္ ဒိုးမယ္ကမိတ္ေဆြတို႔လည္း ေကာ္ဖီ၊ အခ်ိဳရည္ ႀကိဳက္တာလည္းႀကိဳက္တာေပါ့၊ ခ်င့္ခ်ိန္ၿပီးလည္းေသာက္ၾကပါလို႔ အႀကံျပဳခ်င္ပါတယ္ေနာ္။

 

Writer_El’MoH

[Unicode]

လူတိုင်းနီးပါးက ကဖိန်းဓာတ်ပါတဲ့အချိုရည်တွေ မသောက်ပါဘဲနဲ့ တစ်ရက်တာကို မဖြတ်သန်းသလောက် ရှိနေပါတယ်။ ကဖိန်းဓာတ်ကို ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့်အချိုရည်တွေမှာ တွေ့နိုင်ပါတယ်။ သုတေသီတွေက ကဖိန်းဓာတ်အပေါ်မျက်စေ့ကျပြီး လေ့လာခဲ့ကြတာ နောက်ပိုင်းနှစ်တွေမှာတော့ လေ့လာမှုပေါင်း ရာချီရှိသွားပြီ။ ဒါပေမယ့် အများစုက ရလဒ်တွေ မရှင်းမရှင်းနဲ့ ထွက်လာကြတာများတယ်။ တစ်ချို့လေ့လာမှုတွေမှာ ကဖိန်းက ခန္ဓာကိုယ်အတွက်ကောင်းတယ်ပြောပြီး နောက်တစ်ခုမှာ သတိထားစရာပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ပြောလိုက်နဲ့။ အမျိုးမျိုးပါပဲ။

 

ကဖိန်းဓာတ်၏ အကျိုးများ

ကဖိန်းဓာတ်က စိတ်ကိုကြည်စေတာ လူတိုင်းသိပါတယ်။ မှတ်ဉာဏ်ကိုကောင်းမွန်စေပြီး မောပန်းနွမ်းနယ်မှုမရှိအောင် လုပ်ပေးနိုင်တယ်။ အမျိုးမျိုးသောလေ့လာမှုတွေမှာ ကဖိန်းက စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးရှိကြောင်း သက်သေပြထားပြီးဖြစ်တယ်။ ကဖိန်းပါတဲ့အချိုရည်ကို တစ်ကြိမ်လောက်သောက်လိုက်တာက ရေတိုအတွက် မှတ်ဉာဏ်တိုးတက်လာတာ၊ ကိုယ့်ရဲ့တုံ့ပြန်နိုင်စွမ်းတွေ လျင်မြန်လာတာကို ခံစားရစေမှာပါ။ သုတေသီတွေ ယုံကြည်ထားတာက ကော်ဖီ ၃ ခွက် ၄ ခွက်လောက် (ကဖိန်း 300 – 400 mg လောက်) သာသောက်ခြင်းက ဆိုးကျိုးထက် ကျန်းမာရေးကောင်းကျိုးတွေက ပိုများတယ်ဆိုတာပါပဲ။ ကဖိန်းသောက်သုံးခြင်းက အမျိုးအစား ၂ ဆီးချို၊ ပါကင်ဆွန်ရောဂါနဲ့ အသည်းရောဂါတွေလို ကျန်းမာရေးအခြေအနေတွေကို ကာကွယ်ပေးနိုင်တယ်လို့ သက်သေပြချက်တွေက ဆိုထားပါသေးတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေ၊ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အသက်ကြီးသူတွေကတော့ ကဖိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ပိုခံစားရနိုင်ပါတယ်။

 

 

ကဖိန်းဓာတ်၏အပြစ်များ

Heart Disease: 3 Warning Signs to Watch Out For

လေ့လာမှုတွေမှာတွေ့ရတာက ကဖိန်းဆိုတာ လူတစ်ယောက်ရဲ့သွေးပေါင်ကို တက်စေပါသတဲ့။ ခဏတာသာသွေးတက်ခြင်းမျိုးက စိတ်ပူစရာမဟုတ်ပေမယ့် ခဏခဏတိုးနေပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ စဉ်းစားသင့်ပါပြီ။ ကဖိန်းသောက်တာက မကြာခဏဆိုသလို သွေးတွင်းသကြားဓာတ်တက်လာတာနဲ့လည်း တွဲလာတတ်ပါတယ်။ ဒီအချက်တွေက နှလုံးရောဂါဖြစ်လာနိုင်ချေနဲ့ သွားပြီးစပ်ဆက်နေတယ်။ ဒါ့အပြင် ကဖိန်းပါတဲ့ အချိုရည်တွေကိုသောက်တတ်တဲ့ အမျိုးသမီးတွေမှာဆို အရိုးပါးနိုင်ချေ အတော်များကြောင်း လေ့လာမှုတွေမှာ တွေ့ရပါတယ်။

 

ကဖိန်းနဲ့တွဲနိုင်တဲ့နောက်ထပ်ပြဿနာကတော့ စွဲတာပဲ။ အခုဆိုရင် ကဖိန်းဓာတ်အများကြီးပါတဲ့ ကုန်ပစ္စည်းတွေ ပိုပိုများလာနေပြီ။ စွမ်းအားဖြည့်အချိုရည်တွေဆိုတာလည်း ဗူးဆိုဒ်တွေ ကြီးကြီးလာပါတယ်။ ကဖိန်းစွဲတဲ့ပြဿနာက လူငယ်တွေမှာ ပိုပြီးပြင်းထန်ပုံရတယ်။ ကဖိန်းတွေအများကြီးသောက်ပြီး ဆေးရုံတက်ရတဲ့လူငယ်အရေအတွက်လည်း များလာတယ်လို့ဆိုပါတယ်။ ကဖိန်းစွဲတဲ့လက္ခဏာတွေက အိပ်စက်ခြင်းဆိုင်ရာပြဿနာများဖြစ်ခြင်း၊ လက်တုန်ခြေတုန်ခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ ရင်တုန်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ကဖိန်းဓာတ်အရမ်းအရမ်းကို များလွန်းတာက လူသေတဲ့အထိဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

ကဖိန်းသောက်ခြင်းနှင့်ပါတ်သတ်ပြီး ဘာလုပ်နိုင်မလဲ

အရေးကြီးဆုံးသိထားရမှာက သင့်ခန္ဓာကိုယ်က ကဖိန်းကို ဘယ်လိုတုံ့ပြန်နေလဲ သိဖို့ပဲ။ ကဖိန်းသောက်ပြီးရင် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ စိတ်လှုပ်ရှားနေသလား၊ စိုးရိမ်သလိုဖြစ်နေသလား၊ မောပန်းလွယ်နေသလားပေါ့။ နောက် ကိုယ့်ရဲ့အိပ်စက်တဲ့ပုံစံကိုရော ဘယ်လိုသက်ရောက်မှုရှိသလဲ။ တစ်နည်းနည်းနဲ့များ ကဖိန်းဓာတ်ကိုစွဲနေပြီလား။ ကဖိန်းဓာတ်နဲ့ပါတ်သတ်လို့ သင်လုပ်နိုင်တာက ကိုယ့်ကိုယ်ကိုချင့်ချိန်ဖို့ပါပဲ။ တစ်ရက်ကို ကော်ဖီ ၄၊ ၅ ခွက်လောက်သောက်ပြီးတာတောင် မရွှင်လန်းသလိုဖြစ်လာရင်တော့ စစ်ဆေးကုသဖို့ လိုနေပါပြီ။ ကဖိန်းဓာတ်ကိုစရှောင်တာကနေ ကဖိန်းဖြတ်တဲ့လက္ခဏာတွေဖြစ်လာရင်တော့ သေချာဂရုစိုက်ရတော့မယ်ပြဿနာတစ်ခု ရှိနေပြီလို့ သိရပါမယ်။

 

ဒါ့ကြောင့် ဒိုးမယ်ကမိတ်ဆွေတို့လည်း ကော်ဖီ၊ အချိုရည် ကြိုက်တာလည်းကြိုက်တာပေါ့၊ ချင့်ချိန်ပြီးလည်းသောက်ကြပါလို့ အကြံပြုချင်ပါတယ်နော်။

 

Writer_El’MoH

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top